အခုနောက်ပိုင်းမှာ စမတ်ဖုန်းတွေအတော်တော်များများက 5G Network ကို Support ပေးလာကြပြီဖြစ်ပြီး ယခင်တုန်းကလိုမျိုး Flagship ဖုန်းတွေတင်မဟုတ်ဘဲ Mid Range ဖုန်းတွေပါ 5G ကို အသုံးပြုနိုင်နေပါပြီ။

ဒီလိုမျိုး Mid Range စမတ်ဖုန်းတွေမှာ 5G ကို အသုံးပြုလာာနိုင်တာကလည်း Qualcomm အပြင် တခြားသော Chipset ထုတ်လုပ်သူတွေကပါ Mid Range 5G Chipset တွေကို ထုတ်လုပ်နေတာကြောင့်ဖြစ်ပါတယ်။ အဲ့ဒီထဲမှာ MediaTek ကလည်း တစ်ခုအပါအဝင်လို့ ပြောရမှာပါ။

အခုလည်း DigiTimes ကနေ ဖော်ပြခဲ့တဲ့ Report တစ်ခုအရ MediaTek ဟာ ယခု ၂၀၂၀ ခုနှစ်အတွင်းမှာ 5G Chipset ပေါင်း သန်း ၈၀ ကျော်ကို တင်ပို့ရောင်းချသွားဖို့ ခန့်မှန်ထားတယ်လို့ သိရပါတယ်။ အခုလိုမျိုးရောင်းအားသိသိသာသာကို တိုးတက်လာတာကလည်း တရုတ််နိုင်ငံတွင်း စမတ်ဖုန်းထုတ်လုပ်သူတွေက 5G Mid Range ဖုန်းတွေကို အမြောက်အများထုတ်လုပ်နေတာကြောင့်ဖြစ်ပါတယ်။

MediaTek ဟာ လက်ရှိအချိန်မှာ ပုံမှန် Helio Series 4G Chipset တွေအပြင် စွမ်းဆောင်ရည်မြင့်မားတဲ့ 5G Chipset တွေဖြစ်တဲ့ Dimensity 1000 ၊ 800 နဲ့ 820 Chipset တွေကို မိတ်ဆက်ထားပြီးဖြစ်သလို Xiaomi ၊ Huawei ၊ Vivo လိုမျိုး စမတ်ဖုန်းထုတ်လုပ်သူတွေအတော်များများကလည်း အသုံးပြုထားပြီးဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် MediaTek အနေနဲ့ ယခုနှစ်အတွင်းမှာ Chipset ထုတ်လုပ်မှုစျေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းအထိ ရယူနိုင်မယ်လို့ ယူဆရပါတယ်။

Ref – Gizmo China