နာမည်ကြီး Blockchain Network တွေရဲ့ NFT တွေကို Meta ရဲ့ Instagram မှာ ထောက်ပံ့တော့မှာ ဖြစ်ပြီး Instagram မှာ Ethereum, Polygon , Solana နဲ့ Flow တို့ရဲ့ NFT တွေ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ အဲဒီ Network တွေဟာ ဒစ်ဂျစ်တယ် Collectible တွေ အများဆုံး အရောင်းအဝယ်ပြုလုပ်တဲ့ နေရာတွေ ဖြစ်ပြီး Ethereum နဲ့ Bored Apes တို့က ဈေးကွက်ကို ဦးဆောင်နေပါတယ်။

အစမ်း အစီအစဉ်မှာ အမေရိကန် အခြေစိုက် NFT ဝါသနာရှင် အုပ်စုငယ် ၁ စု ပါဝင်မှာ ဖြစ်ပါတယ်။ Instagram မှာ အထက်ဖော်ပြပါ Network ၄ ခုစလုံးက NFT တွေကို ထောက်ပံ့မလားဆိုတာ မသိရသေးပါဘူး။

Meta's Instagram to Support NFTs From Ethereum, Polygon, Solana, Flow – ULTCUBE88 – Lates NFT News

Instagram ဟာ Metamask လို လူသုံးများတဲ့ Crypto Wallet တွေကို ထောက်ပံ့ဖို့ ရည်ရွယ်ထားပါတယ်။ အဲဒီ Wallet တွေမှာ User တွေဟာ NFT ပိုင်ဆိုင်မှုကို သက်သေပြနိုင်သလို သူတို့ရဲ့ ပရိုဖိုင်မှာ ပြသထားနိုင်ကာ အဲဒါတွေကို ဖန်တီးသူတွေကို Tag လုပ်နိုင်ပါတယ်။

Instagram ဟာ ပို့စ်တင်တာနဲ့ NFT တွေကို မျှဝေတာတို့အတွက် User တွေကို အခကြေးငွေ မကောက်ခံဘူးလို့ သိရပါတယ်။ တွစ်တာကလည်း ဇန်နဝါရီလမှာ NFT ပရိုဖိုင်တွေကို အခမဲ့ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ Instagram ကို လစဉ် အသုံးပြုသူ ၁ ဘီလီယမ်ကျော်ရှိပြီး အဲဒီအထဲက လူများစွာဟာ သူတို့ရဲ့ အနုပညာလက်ရာတွေကို အရောင်းမြှင့်တင်နေကြတာ ဖြစ်တဲ့အတွက် NFT တွေကိုပါ ထောက်ပံ့လာရင် ဒစ်ဂျစ်တယ် အနုပညာလက်ရာ ဈေးကွက်ပိုကြီးမားလာနိုင်ပါတယ်။

Ref : coindesk