မက္ကဆီကိုရဲ့ Grupo Elektra က ကုန်ပစ္စည်းတွေကို Bitcoin နဲ့ ရောင်းချပေးနေပြီး Cryptocurrency လက်ခံတဲ့ လက်တင်အမေရိကရဲ့ နောက်ဆုံး စတိုး ဖြစ်လာပါတယ်။ စူပါမားကတ်နဲ့ ဘဏ်လုပ်ငန်း ကုမ္ပဏီ ဖြစ်တဲ့ Elektra ကို Grupo Salinas လုပ်ငန်းစုက ပိုင်ဆိုင်ပြီး Bitcoin နဲ့ ဝယ်ယူသူတွေကို ၂၀ ရာခိုင်နှုန်း လျှော့ဈေးပေးနေတယ်လို့ မက္ကဆီကို ဘီလီယမ်နာ Ricardo Salinas Pliego က တွစ်တာမှာ မျှဝေထားပါတယ်။

An Elektra corporate building is seen in Mexico City, Mexico, November 16, 2017. REUTERS/Edgard Garrido/File Photo

Salinas က “ သတင်းထွက်နေတာတွေ အမှန်တကယ် ဖြစ်လာပါပြီ။ Elektra ဟာ မက္ကဆီကိုမှာ Bitcoin နဲ့ လက်ခံတဲ့ ပထမဆုံး စတိုး ဖြစ်လာပါပြီ။ Bitcoin နယ်ပယ်ထဲမှာ ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ “ လို့ တွစ်တာမှာ ရေးသားထားပါတယ်။

အမေရိကန် အခြေစိုက် Bitcoin Payment Service Provider ၁ ခု ဖြစ်တဲ့ BitPay ကနေ ကုန်ပစ္စည်းတွေအတွက် ငွေပေးချေမှုတွေကို ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

What is Bitcoin Cryptocurrency?

Salinas ဟာ မက္ကဆီကိုရဲ့ အချမ်းသာဆုံး လူ ၁ ယောက် ဖြစ်ပြီး Banco Azteca ဘဏ်လုပ်ငန်းကို ပိုင်ဆိုင်ပါတယ်။ သူက Bitcoin လက်ခံတဲ့ မက္ကဆီကိုရဲ့ ပထမဆုံး ဘဏ်ဖြစ်အောင် ပြုလုပ်မယ်လို့ ဇွန်လတုန်းက ပြောခဲ့ပါတယ်။

မက္ကဆီကို ဗဟိုဘဏ်ရဲ့ အကြီးအကဲ ဖြစ်သူ Alajandro Diaz de Leon က ဒစ်ဂျစ်တယ်ငွေကြေးတွေရဲ့ တန်ဖိုးဟာ မတည်ငြိမ်တဲ့အတွက် အန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။ ဒါပေမယ့်လည်း ဒစ်ဂျစ်တယ်‌ ငွေကြေးကိုလက်ခံတဲ့ နိုင်ငံနဲ့ ကုမ္ပဏီတွေ တဖြည်းဖြည်း များလာပါတယ်။

အယ်လ်ဆာဗေဒေါဟာ ဒီနှစ်ထဲမှာ Bitcoin ကို တရားဝင် လက်ခံတဲ့ နိုင်ငံ ဖြစ်လာပြီး မက္ကဆီကို အခြေစိုက် Volaris လေကြောင်းလိုင်းက အဲဒီ နိုင်ငံမှာ Bitcoin လက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။

Ref : reuters