Unicode

Xiaomi ဟာ ပုံမှန် နှစ်စပိုင်းမှာ Flagship Series ဖုန်းတွေဖြစ်တဲ့ Mi Series ဖုန်းတွေကို မိတ်ဆက်နေကြဖြစ်ပါတယ်။ အခုလည်း Xiaomi Mi 10 Series စမတ်ဖုန်းတွေဟာ လာမယ့် ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလဝန်းကျင်မှာ မိတ်ဆက်လာမယ်လို့ သတင်းတွေထွက်ရှိလာပါပြီ။

အခု Mi 10 Series ဖုန်းတွေ မိတ်ဆက်မယ့်အချိန်အပြင် Mi 10 စမတ်ဖုန်းတွေထဲမှာ အမြင့်ဆုံးဖြစ်လာမယ့် Mi 10 Pro ရဲ့ သတင်းတစ်ခုလည်း ပေါက်ကြားလာခဲ့ပါတယ်။ ဒါကတော့ Mi 10 Pro မှာ 0-100% ကို ၃၅ မိနစ်အတွင်း အားအပြည့်သွင်းနိုင်မယ့် 66W Fast Charging ပါဝင်လာမှာပဲဖြစ်ပါတယ်။

ဒါပေမယ့်လည်း Mi 10 Pro ဖုန်းမှာ Battery Capacity အနေနဲ့ ဘယ်လောက်ပါဝင်လာမလဲဆိုတာကိုတော့ ဖော်ပြခဲ့ခြင်းမရှိပါဘူး။ နောက်ဆုံးမိတ်ဆက်ထားတဲ့ Xiaomi Mi 9 5G ဖုန်းဟာ 4000mAh Battery ပါဝင်ခဲ့တဲ့အတွက် ဒီ Mi 10 Pro ဖုန်းက အနည်းဆုံး 4000mAh နဲ့အထက် ပါဝင်လာနိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီလိုမျိုး ၃၅ မိနစ်အတွင်း အားအပြည့်သွင်းလာနိုင်တယ်ဆိုတာက ကြီးမားတဲ့အားသာချက်တစ်ခုဖြစ်လာမှာပါ။

ဒီလိုမျိုး Mi 10 Pro မှာ အလွန်မြန်ဆန်တဲ့ 66W Fast Charger ပါဝင်လာမယ်ဆိုပေမယ့် ပုံမှန် Mi 10 ဖုန်းမှာတော့ လက်ရှိ Mi Note 10 သို့မဟုတ် Mi CC9 Pro မှာ အသုံးပြုထားတဲ့ 30W Fast Charger ပဲပါဝင်မှာဖြစ်ပါတယ်။ အခုအချက်အလက်တွေဟာ China 3C Certification ရရှိပြီးဖြစ်တဲ့အတွက် ကျိန်းသေသလောက်ကို ဖြစ်နေပါပြီ။

Xiaomi Mi 10 Series စမတ်ဖုန်းတွေဟာ Snapdragon 865 Processor ကို အသုံးပြုလာမှာဖြစ်ပြီး Dual Mode 5G ၊ 108MP Camera Setup အပြင် LPDDR5 RAM ကိုပါ ပထမဆုံးအနေနဲ့ အသုံးပြုလာမှာဖြစ်ပါတယ်။ Display အနေနဲ့လည်း 90Hz သို့မဟုတ် 120Hz Refresh Rate ကို Support ပြုလုပ်လာဦးမှာဆိုတော့ Flagship ဖုန်းတစ်လုံးကို ဝယ်ဖို့စဥ်းစားနေတယ်ဆိုရင် စောင့်ဆိုင်းသင့်တဲ့ဖုန်းတစ်လုံးဖြစ်လာဦးမှာပါ။

Ref – Gizmo China

Zawgyi

Xiaomi ဟာ ပုံမွန္ ႏွစ္စပိုင္းမွာ Flagship Series ဖုန္းေတြျဖစ္တဲ့ Mi Series ဖုန္းေတြကို မိတ္ဆက္ေနၾကျဖစ္ပါတယ္။ အခုလည္း Xiaomi Mi 10 Series စမတ္ဖုန္းေတြဟာ လာမယ့္ ၂၀၂၀ ခုႏွစ္ ေဖေဖာ္ဝါရီလဝန္းက်င္မွာ မိတ္ဆက္လာမယ္လို႔ သတင္းေတြထြက္ရွိလာပါၿပီ။

အခု Mi 10 Series ဖုန္းေတြ မိတ္ဆက္မယ့္အခ်ိန္အျပင္ Mi 10 စမတ္ဖုန္းေတြထဲမွာ အျမင့္ဆုံးျဖစ္လာမယ့္ Mi 10 Pro ရဲ႕ သတင္းတစ္ခုလည္း ေပါက္ၾကားလာခဲ့ပါတယ္။ ဒါကေတာ့ Mi 10 Pro မွာ 0-100% ကို ၃၅ မိနစ္အတြင္း အားအျပည့္သြင္းႏိုင္မယ့္ 66W Fast Charging ပါဝင္လာမွာပဲျဖစ္ပါတယ္။

ဒါေပမယ့္လည္း Mi 10 Pro ဖုန္းမွာ Battery Capacity အေနနဲ႔ ဘယ္ေလာက္ပါဝင္လာမလဲဆိုတာကိုေတာ့ ေဖာ္ျပခဲ့ျခင္းမရွိပါဘူး။ ေနာက္ဆုံးမိတ္ဆက္ထားတဲ့ Xiaomi Mi 9 5G ဖုန္းဟာ 4000mAh Battery ပါဝင္ခဲ့တဲ့အတြက္ ဒီ Mi 10 Pro ဖုန္းက အနည္းဆုံး 4000mAh နဲ႔အထက္ ပါဝင္လာႏိုင္ပါတယ္။ ဘာပဲျဖစ္ျဖစ္ ဒီလိုမ်ိဳး ၃၅ မိနစ္အတြင္း အားအျပည့္သြင္းလာႏိုင္တယ္ဆိုတာက ႀကီးမားတဲ့အားသာခ်က္တစ္ခုျဖစ္လာမွာပါ။

ဒီလိုမ်ိဳး Mi 10 Pro မွာ အလြန္ျမန္ဆန္တဲ့ 66W Fast Charger ပါဝင္လာမယ္ဆိုေပမယ့္ ပုံမွန္ Mi 10 ဖုန္းမွာေတာ့ လက္ရွိ Mi Note 10 သို႔မဟုတ္ Mi CC9 Pro မွာ အသုံးျပဳထားတဲ့ 30W Fast Charger ပဲပါဝင္မွာျဖစ္ပါတယ္။ အခုအခ်က္အလက္ေတြဟာ China 3C Certification ရရွိၿပီးျဖစ္တဲ့အတြက္ က်ိန္းေသသေလာက္ကို ျဖစ္ေနပါၿပီ။

Xiaomi Mi 10 Series စမတ္ဖုန္းေတြဟာ Snapdragon 865 Processor ကို အသုံးျပဳလာမွာျဖစ္ၿပီး Dual Mode 5G ၊ 108MP Camera Setup အျပင္ LPDDR5 RAM ကိုပါ ပထမဆုံးအေနနဲ႔ အသုံးျပဳလာမွာျဖစ္ပါတယ္။ Display အေနနဲ႔လည္း 90Hz သို႔မဟုတ္ 120Hz Refresh Rate ကို Support ျပဳလုပ္လာဦးမွာဆိုေတာ့ Flagship ဖုန္းတစ္လုံးကို ဝယ္ဖို႔စဥ္းစားေနတယ္ဆိုရင္ ေစာင့္ဆိုင္းသင့္တဲ့ဖုန္းတစ္လုံးျဖစ္လာဦးမွာပါ။

Ref – Gizmo China