အမေရိကန် နည်းပညာ ကုမ္ပဏီကြီး Microsoft ဟာ ကွေးညွှတ် မျက်နှာပြင် ပါတဲ့ စမတ်ဖုန်းတွေကို မထုတ်လုပ်ဘဲ မျက်နှာပြင် ၂ ခု ပါတဲ့ Surface Device ကိုပဲ ထုတ်လုပ်ရောင်းချထားပါတယ်။ အခုတော့ Microsoft ဟာ မျက်နှာပြင် ၃ ခုတောင် ပါတဲ့ Surface Trio Device ကို ဖန်တီးနေတယ်လို့ PatentlyApple က ရေးသားထားပါတယ်။

Microsoft triple screen foldable device_2

အဲဒီ Patent ကို အမေရိကန် Patent နဲ့ Trademark Office မှာ ၂၀၂၀ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့က မှတ်ပုံတင်ထားတာ ဖြစ်ပြီး ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့မှာ တရားဝင် ဖော်ပြခဲ့ပါတယ်။ Patent Documents မှာ ဒီဇိုင်း ပုံကြမ်းကို ပြသထားပြီး မျက်နှာပြင် ၃ ခု ပါပါတယ်။

Surface Duo 2 Dual-Screen Devices for Business - Microsoft Surface for Business

Surface Duo မှာ အပြင်ဘက် မျက်နှာပြင် မပါတာကို အခု Device မှာ ဖြေရှင်းပေးထားပါတယ်။ နံပါတ် ၃ မျက်နှာပြင်ဟာ ပင်မ မျက်နှာပြင် ဖြစ်နိုင်ပြီး ဖြန့်ထားချိန်မှာ မျက်နှာပြင်များစွာကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ နံပါတ် ၁ မျက်နှာပြင်ဟာ နံပါတ် ၂ နဲ့ ၃ ထက် ပိုထူကာ ကြီးမားတာကို မြင်ရပြီး ဘက်ထရီ၊ Logic Board နဲ့ SoC တို့လို Hardware အများစုကို အဲဒီမှာ ထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။

အဲဒီ Device ရဲ့ အရွယ်အစားဟာ ခေါက်ထားချိန် ဖြစ်ဖြစ်၊ ဖြန့်ထားချိန်ဖြစ်ဖြစ် တော်တော်ကြီးမားတာကို တွေ့မြင်ရပါတယ်။ ဒီဇိုင်း Patent ကို အမေရိကန် Patent နဲ့ Trademark Office က ပြသထားပြီ ဖြစ်ပေမယ့် ရောင်းချမယ့် အချိန်ကို ခန့်မှန်းလို့ မရသေးပါဘူး။

Ref : gizmochina