Xiaomi ဟာ သူ့ရဲ့ စမတ်ဖုန်းတွေအတွက် MIUI 13 ကို ဆက်လက် ဖြန့်ချိပေးနေပါတယ်။ ပထမအသုတ် အနေနဲ့ နိုင်ငံတကာဈေးကွက်မှာ Firmware အသစ်ကို စွမ်းရည်မြင့်နဲ့ စွမ်းရည်သင့် ဖုန်းတွေအတွက် ဖြန့်ချိပေးထားပါတယ်။ အခုတော့ ကုမ္ပဏီက MIUI 13 ကို ဒုတိယ အသုတ်အတွက် ဖြန့်ချိပေးတော့မှာ ဖြစ်ပြီး ရရှိမယ့် စမတ်ဖုန်းတွေနဲ့ အချိန်ကို မျှဝေလိုက်ပါတယ်။

MIUI 13

MIUI 13 ကို ဒုတိယ အသုတ် ရမယ့် စမတ်ဖုန်း စာရင်းကို အောက်မှာ လေ့လာနိုင်ပါတယ်။

  • Redmi 9 , Redmi 9T, Redmi 9A, Redmi 9C , Redmi 9C NFC ;
  • Redmi Note 9, Redmi Note 9S, Redmi Note 9T;
  • Redmi-Note 10 5G, Redmi Note 10S;
  • Xiaomi Mi Note 10, Xiaomi Mi Note 10 Pro, Xiaomi Mi Note 10 Lite;
  • Xiaomi Mi 10, Xiaomi Mi 10 Pro, Xiaomi Mi 10 Lite 5G, Xiaomi Mi 10T Pro, Xiaomi Mi 10T Lite.

အထက်ပါ စာရင်းက စမတ်ဖုန်းတွေဟာ MIUI 13 ကို ဒီနှစ် ကွာတား ၂ (ဧပြီလကနေ ဇွန်လ) သို့မဟုတ် ကွာတား ၃ (ဇူလိုင်လကနေ စက်တင်ဘာလ)မှာ ရရှိကြမှာ ဖြစ်ပါတယ်။

MIUI 13

MIUI 13 မှာ Dynamic Font System 2.0 ရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ MiSans Font အသစ် ပါလာပြီး iOS 14 မှာလို Dynamic Widgets ထည့်သွင်းထားပါတယ်။ Fragmentation ကို လျှော့ချပေးတဲ့ Liquid Storage ပါလာပြီး Degragmentaton စွမ်းရည်ကို ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးပါတယ်။ RAM စွမ်းရည် ပိုကောင်းစေတဲ့ Atomized Memory ထည့်သွင်းထားပါတယ်။

User အသုံးပြုပုံအပေါ် အခြေခံကာ System Resources ကို နေရာချထားပေးတဲ့ Focused Algorithm ပါလာတဲ့အတွက် ဖုန်းကို လျှင်လျှင်မြန်မြန် အသုံးပြုလို့ရစေပါတယ်။ CPU က အရေးကြီးတဲ့ အလုပ်တွေကို အာရုံစိုက်နိုင်အောင် Active App တွေကို ဦးစားပေးတဲ့ စနစ် ပါပါတယ်။

ဖုန်း စွမ်းဆောင်ရည်နဲ့ စွမ်းအင် စားသုံးမှု အကြားမှာ ချိန်ညှိပေးတဲ့ Smart Balance ထည့်သွင်းထားပြီး ဘက်ထရီ သက်တမ်း ၁၀ ရာခိုင်နှုန်း ပိုကြာမြင့်စေတယ်လို့ ပြောပါတယ်။ Xiaomi ဟာ MIUI 13 မှာ Privacy ကိုပိုပြီး အာရုံစိုက်ထားပါတယ်။

Ref : gizchina