Motorola က တရုတ်မှာ စွမ်းရည်သင့် Moto G53 ကို ကြေညာလိုက်ပြီး 5G ဖုန်း ဖြစ်ပါတယ်။ ဖုန်းရဲ့ အဓိက အစိတ်အပိုင်းတွေက 5,000mAh ဘက်ထရီ၊ 120Hz LCD မျက်နှာပြင်နဲ့ 50MP Main ကင်မရာတွေ ဖြစ်ပါတယ်။

Moto X40 unveiled with SD 8 Gen 2 and 165Hz OLED display, Moto G53 offers 5G on the cheap

Moto G53 မှာ ၆.၅ လက်မ LCD မျက်နှာပြင် ပါလာပြီး 720x1600p Resolution ရှိပါတယ်။ 120Hz Refresh Rate ထောက်ပံ့ထားတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှု အရမ်း မြန်ပါတယ်။ ဆဲလ်ဖီး ကင်မရာကို မျက်နှာပြင်က Punch Hole မှာ တပ်ဆင်ထားပါတယ်။ မော်ဒယ် မဖော်ပြထားတဲ့ Octa-core Qualcomm Chipset မောင်းနှင်ထားပြီး 1024GB microSD Card စိုက်နိုင်ပါတယ်။

Moto X40 unveiled with SD 8 Gen 2 and 165Hz OLED display, Moto G53 offers 5G on the cheap

အနောက်ဘက်မှာ 50MP Main , 2MP Depth ကင်မရာ ၂ လုံးနဲ့အတူ LED Flash ၁ လုံး တပ်ဆင်ထားပြီး ဆဲလ်ဖီး ကင်မရာက 8MP ဖြစ်ပါတယ်။ 18W Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ထည့်သွင်းထားပြီး Android 13 အခြေပြု MyUI 5.0 မောင်းနှင်ထားပါတယ်။ ဘေးဘက်လက်ဗွေရာ ကိရိယာ တပ်ဆင်ထားပြီး နားကြပ်ပေါက်ပါပါတယ်။

Moto X40 unveiled with SD 8 Gen 2 and 165Hz OLED display, Moto G53 offers 5G on the cheap

Moto G53 ရဲ့ အခြေခံ 4/128GB ကို ၁၂၉ ဒေါ်လာနဲ့ 8/128GB ကို ၁၅၇ ဒေါ်လာ သတ်မှတ်ထားပြီး အနက်နဲ့ အညိုရောင် ထုတ်လုပ်ထားပါတယ်။ တရုတ်မှာပဲ လက်ရှိမှာ ရောင်းချထားပြီး မကြာခင် နိုင်ငံတကာမှာ ကြေညာနိုင်ပါတယ်။

Ref : gizmochina