Motorola က စွမ်းရည်မြင့် Moto X40 ကို ကြေညာလိုက်ပြီး Snapdragon 8 Gen 2 Chipset နဲ့ 165Hz မျက်နှာပြင် တပ်ဆင်ထားပါတယ်။ ၆.၇ လက်မ 1080x2400p မျက်နှာပြင် ပါလာပြီး HDR10+ နဲ့ DC Dimming ထောက်ပံ့ထားပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာ ကိရိယာမြှပ်နှံထားပြီး ဘက်ထရီက 4,600mAh ဖြစ်ပါတယ်။ 125W Wired Charging ပါလာပြီး Wireless Charging က 15W ပဲ ရပါတယ်။ Wired Charger နဲ့ဆိုရင် ၇ မိနစ်အတွင်း ၅၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။

Moto X40 unveiled with SD 8 Gen 2 and 165Hz OLED display, Moto G53 offers 5G on the cheap

ကင်မရာ အကြောင်းပြောရရင် X40 မှာ 50MP ပင်မ ကင်မရာကို သုံးထားပြီး OIS နဲ့ 4-in-1 Binning ထောက်ပံ့မှုပါတဲ့ 1.0µm Native Pixels ပါပါတယ်။ ပင်မ ကင်မရာနဲ့အတူ 50MP Ultrawide Angle နဲ့ 12MP (2x Portrait ) တွေ ပူးတွဲထားပါတယ်။ ဆဲလ်ဖီး ကင်မရာက 60MP ဖြစ်ပြီး မျက်နှာပြင် အထက် အလယ်က Punch Hole မှာ ထည့်သွင်းထားပါတယ်။

Moto X40 unveiled with SD 8 Gen 2 and 165Hz OLED display, Moto G53 offers 5G on the cheap

Snapdragon 8 Gen 2 မောင်းနှင်ထားပြီး Vapor Chamber ပါတဲ့ ၁၁ လွှာ အအေးပေးစနစ်က အပူချိန်ကို လျှော့ချပေးပါတယ်။ 8/12GB LPDDR5X RAM နဲ့ 128/256/512GB UFS 4.0 Storage တွေ ထုတ်လုပ်ထားပြီး Dual SIM ဖုန်း ဖြစ်ကာ microSD Slot မပါပါဘူး။ နားကြပ်ပေါက်လည်း မထည့်သွင်းထားဘဲ Android 13 အခြေပြု My UI 5.0 မောင်းနှင်ထားပါတယ်။

Moto X40 unveiled with SD 8 Gen 2 and 165Hz OLED display, Moto G53 offers 5G on the cheap

Moto X40 မှာ IP68 ရေစိုခံစံနှုန်း  ထည့်သွင်းထားပြီး ရေအနက် ၁.၅ မီတာ(၅ ပေ) အနက်မှာ မိနစ် ၃၀ အသုံးပြုနိုင်ပါတယ်။ ဖုန်း အနောက်ဘက်ကို Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားပါတယ်။

Moto X40 unveiled with SD 8 Gen 2 and 165Hz OLED display, Moto G53 offers 5G on the cheap

Motorola Moto X40 ကို တရုတ်မှာ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး ဒီလ ၂၂ ရက်နေ့ရောင်းမှာပါ။ အခြေခံ 8/128GB မော်ဒယ်ကို ၄၉၀ ဒေါ်လာသတ်မှတ်ထားပါတယ်။

Ref : gsmarena