Motorola က ဒီဇင်ဘာလ ၁၅ ရက်နေ့ မှာ Moto X40 ကို ကြေညာဖို့ ပြင်ဆင်နေပါတယ်။ အဲဒီ ဖုန်းရဲ့ ဒီဇိုင်းနဲ့ Specs တွေ အွန်လိုင်းမှာ ပေါက်ကြားနေပြီး အခုတော့ Geekbench မှာ Specs တချို့ကို အတည်ပြုလိုက်ပါတယ်။

Motorola Moto X40

Moto X40 ရဲ့ Geekbench က မော်ဒယ်နံပါတ်ဟာ XT2301-5 ဖြစ်ပြီး အဲဒီဖုန်းဟာ Moto X40 ရဲ့ နိုင်ငံတကာ မော်ဒယ် ဖြစ်တဲ့ Moto Edge 40 Pro ဖြစ်နိုင်ပါတယ်။ အဲဒီဖုန်းမှာ 3.19GHz Prime Core၊ 2.80GHz Core ၄ လုံးနဲ့ 2.02GHz Core ၃ လုံး ပါတဲ့ Octa-core Processor မောင်းနှင်ထားပါတယ်။ အဲဒါဟာ Snapdragon 8 Gen 2 Chipset ဖြစ်ပါတယ်။

Geekbench က Moto X40 မှာ Android 13 မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB RAM ပါမယ်လို့ ဖော်ပြထားပါတယ်။ Single Core စမ်းသပ်ချက်မှာ ၁၄၇၁ မှတ်နဲ့ Multi Core စမ်းသပ်ချက်မှာ ၄၆၈၃ မှတ် ရထားပါတယ်။ Geekbench မှာ တခြား သတင်းအချက်အလက်တွေကို မဖော်ပြထားပါဘူး။

ပေါက်ကြားသတင်းတွေအရ Moto X40 မှာ Snapdragon 8 Gen 2 SoC ၊ LPDDR5X RAM ထည့်သွင်းထားမှာ ဖြစ်ပြီး အနောက်ဘက်မှာ 50MP Main , 50MP Ultrawide နဲ့ 12MP Telephoto ကင်မရာ ၃ လုံး တပ်ဆင်ထားမှာပါ။ 165Hz Refresh Rate ထည့်သွင်းထားမယ်လို့ ထင်ရပါတယ်။

Ref : gizmochina