Motorola Edge 40 Pro ကို ကြေညာလိုက်ပြီး ၂၀၂၃ ခုနှစ်ရဲ့ စွမ်းရည်မြင့် ဖုန်း ၁ လုံး ဖြစ်ပါတယ်။ Snapdragon 8 Gen 2 Chipset ၊ 125W Charging နဲ့ အရွယ်ကြီး 50MP Main ကင်မရာတွေ ထည့်သွင်းထားပါတယ်။

Edge 40 Pro မှာ 6.67” AMOLED မျက်နှာပြင်နဲ့ 165Hz Refresh Rate ထည့်သွင်းထားပြီး 1080p Resolution ထောက်ပံ့ထားပါတယ်။ အရှေ့နဲ့ အနောက်မှာ Gorilla Glass Victus နဲ့ ကာကွယ်ထားပြီး မျက်နှာပြင်အောက်လက်ဗွေရာ ကိရိယာမြှပ်နှံထားပါတယ်။ Punch Hole မှာ 60MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပါတယ်။

Motorola Edge 40 Pro arrives with Snapdragon 8 Gen 2, 165 Hz display

အနောက်ဘက်မှာ 50MP ကင်မရာ ၂ လုံး ပါလာပြီး ၁ လုံးက Main နဲ့ နောက် ၁ လုံးက Ultrawide ဖြစ်ပါတယ်။ တတိယ ကင်မရာက 12MP Telephoto ဖြစ်ပါတယ်။

4,600mAh Battery ထည့်သွင်းထားပြီး 125W Charging က ၇ မိနစ်အတွင်း ၀ ကနေ ၅၀ ရာခိုင်နှုန်း ၊ မိနစ် ၂၀ အတွင်း ၁၀၀ ရာခိုင်နှုန်းအားသွင်းပေးနိုင်ပါတယ်။ 15W Wireless Charging နဲ့ 5W Reverse Wireless Charging ထောက်ပံ့ထားပါတယ်။

Edge 40 Pro ကို ဥရောပနဲ့ လက်တင် အမေရိကမှာ ရောင်းချမှာ ဖြစ်ပြီး 12GB LPDDR5X RAM နဲ့ 256GB UFS 4.0 Storage ၁ မျိုးထဲထုတ်လုပ်ထားပါတယ်။ IP68 စံနှုန်း ပါလာပြီး ရေအနက် ၁.၅ မီတာမှာ မိနစ် ၃၀ အသုံးပြုနိုင်ပါတယ်။ Blue နဲ့ Black အရောင်တွေ ထုတ်လုပ်ထားပြီး ၈၉၉.၉၉ ယူရို သတ်မှတ်ထားပါတယ်။

Ref : gsmarena