Motorola က စွမ်းရည်မြင့် Edge 40 Pro ကို ကြေညာဖို့ ပြင်ဆင်နေပြီး အဲဒီဖုန်းဟာ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလက တရုတ်မှာ ကြေညာခဲ့တဲ့ Moto X40 ကို အမည်ပြောင်းထားတာလို့ ပြောနေကြပါတယ်။ အခုတော့ နာမည်ကြီး Tipster Evan Blass က Edge 40 Pro ရဲ့ ဓါတ်ပုံတွေကို မျှဝေလိုက်ပြီး ကြေညာဖို့ သိပ်မလိုတော့ဘူးလို့ ထင်ရပါတယ်။

Edge 40 Pro ရဲ့ ဓါတ်ပုံတွေအရ ဒီဇိုင်းဟာ တရုတ်မှာ ရောင်းချထားတဲ့ Moto X40 နဲ့ တူညီနေပါတယ်။ Edge 40 Pro အတွက် အနက်နဲ့ အပြာရောင် ထုတ်လုပ်ထားပြီး ရေစိုခံစွမ်းရည်ပါလာမှာပါ။

ပေါက်ကြားသတင်းတွေအရ Motorola Edge 40 Pro မှာ 6.7 inch OLED မျက်နှာပြင်ကွေး တပ်ဆင်ထားမှာ ဖြစ်ပြီး FHD+ Resolution နဲ့ 165Hz Refresh Rate ထောက်ပံ့ထားမှာပါ။ Android 13 အခြေပြု MyUX UI မောင်းနှင်ထားမှာပါ။

Snapdragon 8 Gen 2 Chipset မောင်းနှင်ထားမှာ ဖြစ်ပြီး 12GB LPDDR5 RAM နဲ့ 512GB UFS 4.0 Storage အထိ ထည့်သွင်းထားမှာပါ။ 125W Wired Charging နဲ့ 15W Wireless Charging ပါတဲ့ 4,600mAh Battery တပ်ဆင်ထားနိုင်ပါတယ်။

အရှေ့ဘက်မှာ 60MP ကင်မရာ ၁ လုံးနဲ့ အနောက်ဘက်မှာ 50MP Main (OIS), 50MP Ultrawide , 12MP Telephoto ကင်မရာ ၃ လုံး ပါလာနိုင်ပါတယ်။ ဥရောပမှာ 849 Euro နဲ့ ရောင်းချနိုင်ပါတယ်။

Ref : gizmochina