Lenovo က တိုးတက်မှုများစွာ ပါတဲ့ Motorola Razr ရဲ့ 2023 Edition ကို ဖန်တီးနေတဲ့အကြောင်း မကြာခင်က အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့လက အဲဒီ စမတ်ဖုန်းရဲ့ ဓါတ်ပုံတွေ ပေါက်ကြားလာခဲ့ပြီး အခုလည်း အွန်လိုင်းမှာ ဖုန်းရဲ့ အနောက်ဘက် ဒီဇိုင်းကို လေ့လာနိုင်တဲ့ ဓါတ်ပုံ ၁ ပုံ ပေါက်ကြားလာပါတယ်။

ဓါတ်ပုံအရ Motorola Razr 2023 ရဲ့ အနောက်ဘက်ဟာ Dual-tone ဒီဇိုင်း ဖြစ်ပါတယ်။ အရွယ်ကြီး အပို မျက်နှာပြင်ဟာ ဖုန်းရဲ့ အထက်ဘက်မှာ တပ်ဆင်ထားပြီး ဖုန်းစကရင်ကို ပိတ်ထားတဲ့အတွက် အနက်ရောင် ဖြစ်နေပါတယ်။ အဲဒီ မျက်နှာပြင်မှာ ကင်မရာ ၂ လုံးကို အလျားလိုက် တပ်ဆင်ထားပြီး LED Flash လည်း ပါပါတယ်။

Motorola Razr 2023: New image of next-generation Razr smartphone leaks -  NotebookCheck.net News

အနောက်ဘက် အောက်ဘက် တစ်ခြမ်းက Maroon အရောင်ဖြစ်ပြီး Hinge က အဲဒီ အစိတ်အပိုင်းထဲမှာ ပါပါတယ်။ အောက်ခြေမှာ Motorola နဲ့ Razr Branding ကို ရေးသားထားပြီး ညာဘက်ခြမ်းမှာ ပါဝါနဲ့ အသံခလုတ်တွေကို တပ်ဆင်ထားပါတယ်။

အရင်က ပေါက်ကြားသတင်းတွေအရ Motorola Razr 2023 မှာ အရင်မျိုးဆက်ရဲ့ 2.7 Inch ထက်ပိုကြီးတဲ့ 3.7 Inch မျက်နှာပြင် တပ်ဆင်ထားမှာ ဖြစ်ပြီး Snapdragon 8 Gen 2 Processor မောင်းနှင်ထားမှာ ဖြစ်ပါတယ်။ Motorola Razr 2023 ကို ဒီနှစ် ဇွန်လ ၁ ရက်နေ့မှာ ကြေညာမယ်လို့ သတင်းထွက်နေပါတယ်။

Ref : gizmochina