ဧဝရတ်တောင်ရဲ့ အခြေစိုက် စခန်းမှာ 5G ဆက်သွယ်မှု ရသွားပါပြီ။ China Mobile က ပံ့ပိုးပေးလိုက်တာ ဖြစ်ပြီး ပင်လယ် ရေမျက်နှာပြင်အထက် ၅,၃၆၄ မီတာမှာ 5G ရသွားတာ ဖြစ်ပေမယ့် 5G ရတဲ့ ကမ္ဘာ့ အမြင့်ဆုံး တည်နေရာ မဟုတ်ပါဘူး။ အမြင့် ၅,၈၀၀ မီတာမှာ ရှိတဲ့ Inermediate Camp က  5G ရတဲ့ ကမ္ဘာ့ အမြင့်ဆုံး တည်နေရာ ဖြစ်ပါတယ်။

China Mobile က ဒီလထဲမှာ သက်တမ်း ၂၀ ပြည့် မွေးနေ့ကို ကျင်းပမှာ ဖြစ်ပြီး တရုတ် အစိုးရနဲ့ ပူးပေါင်းလုပ်ကိုင်နေတာကို ၂၀၂၀ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှာ ရပ်နားလိုက်တဲ့အတွက် ပုဂ္ဂလိက ကုမ္ပဏီ စစ်စစ်ဖြစ်လာပါတယ်။ အဲဒီ အထိမ်းအမှတ် အနေနဲ့ ကုမ္ပဏီဟာ ဧဝရတ်တောင်ရဲ့ အခြေစိုက် စခန်းကို ပင်မ ကွန်ရက်ကနေ ၁၇၇ ကီလိုမီတာ အရှည်ရှိ အင်တာနက်လိုင်း သွယ်တန်းပေးတာပါ။

အဲဒီ အင်တာနက်လိုင်းဟာ 5G Base Stations ၃ ခုနဲ့ 4G Stations ၃ ခုကို မောင်းနှင်ပေးနေပါတယ်။ ဆက်သွယ်ရေး ကိရိယာ ၈ တန် အသုံးပြုခဲ့ပြီး ကုမ္ပဏီဟာ Intermediate Camp မှာ 5G Base Stations ၂ ခုလည်း တည်‌ဆောက်နိုင်ခဲ့ပါတယ်။ ၂၄ နာရီ အချိန်ပြည့် နည်းပညာ ဝန်ဆောင်မှုပေးနေတဲ့ အဖွဲ့ ၁ ခု ရှိပါတယ်။ မြန်နှုန်းမြင့် အင်တာနက်လိုင်း ဖြစ်ပြီး အခြေစိုက်စခန်းကနေ Live Video တွေ ထုတ်လွှင့်နိုင်ပါတယ်။ China Mobile က ၆,၅၀၀ မီတာမှာ ရှိတဲ့ Advanced Base Camp မှာ နောက်ထပ် 5G Base Stations ၂ ခုကိုလည်း သောကြာနေ့မှာ တည်ဆောက်လို့ ပြီးမယ်လို့ ထင်ပါတယ်။

ဧဝရတ်တောင်မှာ အင်တာနက်လိုင်း တည်ဆောက်မှု သမိုင်းကို အကျဉ်းချုပ် ဖော်ပြလိုက်ပါတယ်။ အခြေစိုက် စခန်းမှာ ပထမဆုံး 3G ဆက်သွယ်မှုကို ၂၀၁၀ ခုနှစ် အောက်တိုဘာလမှာ စတင် ပံ့ပိုးပေးခဲ့ပြီး Video Call သုံးနိုင်ခဲ့ပါတယ်။ လအနည်းငယ်အကြာ ၂၀၁၁ ခုနှစ်မှာ Samsung Galaxy S II ကို သုံးပြီး ဧဝရတ်တောင် ကနေ Tweet လုပ်နိုင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ China Mobile ဟာ အခြေစိုက် စခန်းမှာ ပထမဆုံး 4G Tower ကို တည်ဆောက်နိုင်ခဲ့ပြီး HD Live Video တွေ ထုတ်လွှင့်နိုင်ခဲ့ပါတယ်။

Ref : gsmarena