OnePlus ရဲ့ Co-founder နဲ့ CEO ဟောင်းဖြစ်တဲ့ Carl Pei ဟာ အခုအချိန်မှာ Nothing နာမည်နဲ့ နည်းပညာကုမ္ပဏီတစ်ခုတည်ထောင်ထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကလည်း Transparent Design ကို အသုံးပြုထားတဲ့ Nothing Earbuds ကို မိတ်ဆက်ခဲ့ပြီး တခြားသော Wireless Earbuds တွေနဲ့ယှဥ်ရင် ကွဲထွက်နေတာကြောင့် လူစိတ်ဝင်စားမှုကို ရယူနိုင်ခဲ့ပါတယ်။

ယခုနှစ်အစောပိုင်းမှာလည်း Nothing ကုမ္ပဏီကနေ အလွန်ရိုးရှင်းတဲ့ Nothing Phone Launcher ကို Android ဖုန်းတွေအတွက် မိတ်ဆက်ပေးခဲ့ပါသေးတယ်။ အခုလည်း Nothing ကနေ ကုမ္ပဏီရဲ့ ပထမဆုံးသော စမတ်ဖုန်းမိတ်ဆက်မယ့်အချိန်ကို တရားဝင်ကြေညာလိုက်ပြီဖြစ်ပါတယ်။

Nothing ကုမ္ပဏီရဲ့ ပြောကြားချက်အရတော့ “phone (1)” လို့ အမည်ပေးထားတဲ့ စမတ်ဖုန်းကို လာမယ့် ဇူလိုင်လ ၁၂ ရက်နေ့မှာ တရားဝင်မိတ်ဆက်သွားမှာပဲဖြစ်ပါတယ်။ အဆိုပါ မိတ်ဆက်ပွဲကို London မှာပြုလုပ်သွားမှာဖြစ်ပြီး Livestream အနေနဲ့ လူတိုင်းကြည့်ရှုနိုင်မှာလည်းဖြစ်ပါတယ်။

Nothing phone (1) ရဲ့ Launch Event ကိုတော့ “Return to Instinct” ဆိုပြီး နာမည်ပေးထားပြီး ဖြစ်နိုင်ခြေများနေတာကတော့ Minimalist Design ကို အဓိကအခြေခံထားမယ်လို့ ယူဆရပါတယ်။ Software ပိုင်းအနေနဲ့လည်း Nothing ကုမ္ပဏီရဲ့ ကိုယ်ပိုင် Nothing OS ကို အသုံးပြုလာမှာဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် Carl Pei ဟာ OnePlus ရဲ့ Co-founder အဖြစ်ရှိနေခဲ့တဲ့ အစောပိုင်းတုန်းကလည်း OnePlus ကုမ္ပဏီကို အောင်မြင်အောင် ဆောင်ရွက်ခဲ့ဖူးတာကြောင့် အခုမိတ်ဆက်မယ့် Nothing phone (1) ကလည်း စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

Ref – GSM Arena