Nothing က ဒုတိယမျိုးဆက် Nothing Phone (2) ကို ကြေညာလိုက်ပြီး ဒီဇိုင်းက ပထမမျိုးဆက်နဲ့ အများကြီး တူညီပေမယ့် Glyph Interface မှာ ပြောင်းလဲထားပါတယ်။

Nothing Phone (2) ရဲ့ အနောက်ဘက်ဟာ ဖောက်ထွင်းမြင်ရတဲ့ ဒီဇိုင်း ဖြစ်ပြီး LED Lights Interface ပါပါတယ်။ ဒါပေမယ့် အရင် မော်ဒယ်နဲ့ မတူတာတွေပါပါတယ်။ ပထမ တစ်ခုက ဆဲလ်ဖီး ကင်မရာ Cutout ကို ဘယ်ဘက်ကနေ အလယ်ကို ပြောင်းထားပါတယ်။ Glyph Interface ကိုလည်း ဆန်းသစ်ထားပြီး ပိုကောင်းတဲ့ လုပ်ဆောင်ချက်တွေ ပါလာပါတယ်။ 6.7” LTPO AMOLD မျက်နှာပြင် တပ်ဆင်ထားပြီး 120Hz Adaptive Refresh Rate ၊ 1080x2412p Resolution နဲ့ 1600 nits Peak Brightness ထောက်ပံ့ထားပါတယ်။

Nothing Phone 2 white

Snapdragon 8+ Gen 1 SoC မောင်းနှင်ထားပြီး LPDDR5 RAM နဲ့ UFS 3.1 Storage ထောက်ပံ့ထားပါတယ်။ အနောက်ဘက်မှာ 50MP Sony IMX890 Main (OIS) ၊ 50MP Ultrawide ကင်မရာ ၂ လုံးနဲ့ အရှေ့ဘက်မှာ 32MP (EIS) ကင်မရာ ၁ လုံး တပ်ဆင်ထားပါတယ်။

33W Wired နဲ့ 15W Wireless Charging ပါတဲ့ 4,700mAh Battery ထည့်ထားပြီး Android 13 အခြေပြု Nothing OS 2.0 မောင်းနှင်ထားပါတယ်။

Nothing Phone (2) ကို ကြိုတင်မှာယူနိုင်ပြီ ဖြစ်ပြီး White နဲ့ Dark Grey အရောင်တွေ ထုတ်လုပ်ထားပါတယ်။ 8/128GB ကို ၅၉၉ ဒေါ်လာ၊ 12/256GB ကို ၆၉၉ ဒေါ်လာနဲ့ 12/512GB ကို ၇၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဒီလ ၁၇ ရက်နေ့ စတင် ရောင်းမှာပါ။

Ref : gizmochina