အရင်နှစ်က ရောင်းချခဲ့တဲ့ Nothing Phone (1) ဟာ လူစိတ်ဝင်စားမှု များပြားခဲ့ပါတယ်။ ဒါပေမယ့် Chipset က အားနည်းခဲ့ပြီး ဖုန်း ဝါသနာရှင်များစွာက ပိုမို စွမ်းရည်မြင့်မားတဲ့ Chipset ပါစေချင်ကြပါတယ်။ အခုတော့ နောက်မျိုးဆက် Nothing Phone (2) မှာ စွမ်းရည်မြင့်မားတဲ့ Snapdragon 8+ Gen 1 Chipset ပါလာမယ်လို့ သတင်းထွက်လာပါတယ်။

Nothing-Phone-2-Snapdragon-8-Gen-1

MWC 2023 မှာ Nothing က Snapdragon 8 Series Processor ကို Nothing Phone (2) မှာ ထည့်သွင်းထားမယ်လို့ အတည်ပြုလိုက်ပြီး ဘယ် SoC လဲဆိုတာကိုတော့ အတိအကျ မပြောပါဘူး။ ဒါပေမယ့် Qualcomm ရဲ့ SVP ဖြစ်သူ Alex Katouzian က Nothing Phone (2) မှာ Snapdragon 8+ Gen 1 Processor ပါမယ်လို့ LinkedIn မှာ အတည်ပြုလိုက်ပါတယ်။

Nothing Phone (2) not launching soon as company confirms massive sales  milestone - NotebookCheck.net News

Snapdragon 8+ Gen 1 ကို ၂၀၂၂ ခုနှစ်လယ်က မိတ်ဆက်ခဲ့တာ ဖြစ်ပြီး စွမ်းရည်မြင့် Chipset ဖြစ်ပါတယ်။ 4nm Process Node ကို အခြေပြုကာ တည်ဆောက်ထားပြီး Octa-core Architecture ပါပါတယ်။ Prime Core ကို 3.2 GHz ARM Cortex-X2 Architecture နဲ့ ဖန်တီးထားပါတယ်။

Qualcomm ရဲ့ နောက်ဆုံးထုတ် Chipset မဟုတ်ပေမယ့် စွမ်းရည်မြင့်မားပါတယ်။ ဂိမ်းကစားတာနဲ့ Multitasking အတွက် အလွန်ကောင်းမွန်ပါတယ်။ မူလ Nothing Phone (1) မှာတော့ စွမ်းရည်သင့် Snapdragon 778G+ Chipset ပဲ ထည့်သွင်းထားတာပါ။

Nothing Phone (2) ကို ဒီနှစ်နှောင်းပိုင်းမှာ ကြေညာနိုင်ပြီး 12GB RAM , Virtual RAM နဲ့ 256GB Storage ပါလာနိုင်ပါတယ်။ 5,000mAh Battery နဲ့ 120Hz AMOLED မျက်နှာပြင် တပ်ဆင်ထားနိုင်ပြီး Nothing Phone (1) လို မဟုတ်ဘဲ အမေရိကန်မှာလည်း ရောင်းချနိုင်ပါတယ်။

Ref : gizmochina