[Zawgyi]

Nubia Red Magic Mars ဟာ ၿပီးခဲ့တဲ့ ၂၀၁၈ ဒီဇင္ဘာက မိတ္ဆက္ခဲ့တာပါ။ Snapdragon 835 သုံးထားတဲ့ Red Magic ကို ပိုၿပီးအဆင့္ျမႇင္တင္လိုက္တဲ့အေနနဲ႔ Snapdragon 845 သုံးလိုက္ေတာ့ ပိုၿပီးေတာ့ စိတ္ဝင္စားစရာ ဖုန္းတစ္လုံး ျဖစ္လာခဲ့ပါတယ္။

Nubia Red Magic Mars ဟာ ဂိမ္းကစားသူေတြအတြက္ ဦးစားေပး တည္ေဆာက္ထားတာေၾကာင့္ ICE System (Heat Pipe နဲ႔ Vonvection Colling ေပါင္းထားတဲ့ Dual Cooling စနစ္ပါဝင္ပါတယ္။ Memory ပိုင္းကို 10GB RAM သုံးထားတာကလည္း ဂိမ္းသမားေတြအတြက္ေတာ့ အေကာင္းဆုံးအေထာက္အပံ့လို ျဖစ္ေနပါလိမ့္မယ္။

ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလ အတြင္း အျမန္ဆုံး Android ဖုန္း ၁၀ လုံးစာရင္းမွာလည္း Nubia Red Magic Mars က ဦးေဆာင္ခဲ့ပါတယ္။ အခု ၂၀၁၉ ဇန္နဝါရီလအတြင္း စြမ္းေဆာင္ရည္အေကာင္းဆုံး Android ဖုန္း ၁၀ လုံးစာရင္းကို ထုတ္ျပန္ေတာ့လည္း Nubia Red Magic Mars ကပဲ ရမွတ္ 320,996 နဲ႔ ဆက္လက္ဦးေဆာင္ခဲ့ပါတယ္။

၂၀၁၈ ဒီဇင္ဘာလတုန္းက စာရင္းမွာ ဒုတိယေနရာမွာရွိေနတဲ့ Huawei Mate 20 ကလည္း ရမွတ္ 308,140 နဲ႔ ဒုတိယေနရာမွာပဲ ဆက္ရွိေနခဲ့ပါတယ္။ Mate 20 Pro ကေတာ့ ရမွတ္ 298,659 မွတ္သာ ရရွိၿပီး နံပါတ္ ၇ ေနရာမွာရွိေနတာကို ေတြ႕ရမွာပါ။

AnTuTu ရဲ႕ စာရင္းထဲကို အသစ္ဝင္လာတာေတြကေတာ့ Vivo NEX S နဲ႔ Asus ROG ဖုန္းတို႔ပဲ ျဖစ္ၾကပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ Snapdragon 845 chipset သုံးဖုန္းနဲ႔ Kirin 980 သုံး ဖုန္းေတြရဲ႕ ၿပိဳင္ဆိုင္မႈလိုသာ ျဖစ္ေနပါတယ္။ ဒါေပမယ့္ လာမယ့္လမွာေတာ့ ၿပိဳင္ပြဲထဲကို Snapdragon 855 chipset သုံးဖုန္းေတြ ဝင္ေရာက္လာမွာမို႔ အမွတ္စဥ္အေျပာင္းအလဲေတြကို ထပ္မံျမင္ေတြ႕ရဦးမွာ ျဖစ္ပါတယ္။

Ref: GSMArena

[Unicode]

အမြန်ဆုံး Android phone အဖြစ် AnTuTu မှာ သရဖူဆောင်းနေဆဲ Nubia Red Magic Mars

Nubia Red Magic Mars ဟာ ပြီးခဲ့တဲ့ ၂၀၁၈ ဒီဇင်ဘာက မိတ်ဆက်ခဲ့တာပါ။ Snapdragon 835 သုံးထားတဲ့ Red Magic ကို ပိုပြီးအဆင့်မြှင်တင်လိုက်တဲ့အနေနဲ့ Snapdragon 845 သုံးလိုက်တော့ ပိုပြီးတော့ စိတ်ဝင်စားစရာ ဖုန်းတစ်လုံး ဖြစ်လာခဲ့ပါတယ်။

Nubia Red Magic Mars ဟာ ဂိမ်းကစားသူတွေအတွက် ဦးစားပေး တည်ဆောက်ထားတာကြောင့် ICE System (Heat Pipe နဲ့ Vonvection Colling ပေါင်းထားတဲ့ Dual Cooling စနစ်ပါဝင်ပါတယ်။ Memory ပိုင်းကို 10GB RAM သုံးထားတာကလည်း ဂိမ်းသမားတွေအတွက်တော့ အကောင်းဆုံးအထောက်အပံ့လို ဖြစ်နေပါလိမ့်မယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ အတွင်း အမြန်ဆုံး Android ဖုန်း ၁၀ လုံးစာရင်းမှာလည်း Nubia Red Magic Mars က ဦးဆောင်ခဲ့ပါတယ်။ အခု ၂၀၁၉ ဇန်နဝါရီလအတွင်း စွမ်းဆောင်ရည်အကောင်းဆုံး Android ဖုန်း ၁၀ လုံးစာရင်းကို ထုတ်ပြန်တော့လည်း Nubia Red Magic Mars ကပဲ ရမှတ် 320,996 နဲ့ ဆက်လက်ဦးဆောင်ခဲ့ပါတယ်။

၂၀၁၈ ဒီဇင်ဘာလတုန်းက စာရင်းမှာ ဒုတိယနေရာမှာရှိနေတဲ့ Huawei Mate 20 ကလည်း ရမှတ် 308,140 နဲ့ ဒုတိယနေရာမှာပဲ ဆက်ရှိနေခဲ့ပါတယ်။ Mate 20 Pro ကတော့ ရမှတ် 298,659 မှတ်သာ ရရှိပြီး နံပါတ် ၇ နေရာမှာရှိနေတာကို တွေ့ရမှာပါ။

AnTuTu ရဲ့ စာရင်းထဲကို အသစ်ဝင်လာတာတွေကတော့ Vivo NEX S နဲ့ Asus ROG ဖုန်းတို့ပဲ ဖြစ်ကြပါတယ်။ လက်ရှိအချိန်မှာတော့ Snapdragon 845 chipset သုံးဖုန်းနဲ့ Kirin 980 သုံး ဖုန်းတွေရဲ့ ပြိုင်ဆိုင်မှုလိုသာ ဖြစ်နေပါတယ်။ ဒါပေမယ့် လာမယ့်လမှာတော့ ပြိုင်ပွဲထဲကို Snapdragon 855 chipset သုံးဖုန်းတွေ ဝင်ရောက်လာမှာမို့ အမှတ်စဉ်အပြောင်းအလဲတွေကို ထပ်မံမြင်တွေ့ရဦးမှာ ဖြစ်ပါတယ်။

Ref: GSMArena