OnePlus ကနေ ယခုနှစ်မှာ လုံးဝ Flagship ဖုန်းတစ်လုံးလို့ပြောနိုင်တဲ့ OnePlus 8 Pro စမတ်ဖုန်းကို မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ OnePlus 8 Pro ဖုန်းက QHD+ OLED Display အပြင် 120Hz Refresh Rate ကိုပါ Support ပေးနိုင်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းအပြင် Display ပိုင်းမှာလည်း အကောင်းဆုံးလို့ ပြောလို့ရပါတယ်။

ဒါပေမယ့်လည်း OnePlus 8 Pro အသုံးပြုသူတွေဟာ Display ပိုင်းပြဿနာတစ်ခုနဲ့ကြုံတွေ့နေရပြီးတော့ အဲ့ဒါကတော့ Display က အစိမ်းရောင်သမ်းတဲ့ပြဿနာတက်နေတာပဲဖြစ်ပါတယ်။ အခုလိုမျိုး Display က အစိမ်းရောင်သမ်းနေတာက Brightness အပြောင်းအလဲနဲ့ Refresh Rate အပြောင်းအလဲတွေမှာ ဖြစ်တာပိုများတယ်လို့ သိရပါတယ်။

OnePlus Forum မှာလည်း OnePlus 8 Pro ဖုန်းကို 120Hz Refresh Rate မှာထားပြီးတော့ Brightness ကို အနိမ့်ပိုင်းလျော့ချလိုက်ရင် အခုလိုမျိုး အစိမ်းရောင်သမ်းနေတာဖြစ်တယ်ဆိုပြီး Report ပြုလုပ်မှုတွေအများအပြားရှိနေပြီဖြစ်ပါတယ်။ Samsung ရဲ့ Galaxy S20 Ultra ဖုန်းမှာလည်း အလားတူပြဿနာနဲ့ ကြုံတွေ့ခဲ့ရပြီးတော့ Samsung ကတော့ အဆိုပါ ပြဿနာကို ဖြေရှင်းနိုင်တဲ့ Software Update ကို ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။

ဒါပေမယ့်လည်း OnePlus ကိုယ်တိုင်က အခု ပြဿနာက Software ပိုင်းလား၊ Hardware ပိုင်းလားဆိုတာကို အတည်ပြုထားခြင်းမရှိသေးသလို တစ်ချို့သောအသုံးပြုသူတွေကလည်း DC Dimming Feature ကို On လိုက်မယ်ဆိုရင် အခုပြဿနာကို ဖြေရှင်းနိုင်သွားတယ်လို့ ပြောကြားနေကြပါတယ်။ ဘာပဲဖြစ်ဖြစ် OnePlus အနေနဲ့ အခုပြဿနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာကို ဆက်လက်စောင့်ကြည့်ရမှာပါ။

Ref – Giz China