OnePlus ဟာ ကမ္ဘာ့ စမတ်ဖုန်း နယ်ပယ်မှာ အရှိန်အဟုန် ပြင်းပြင်းနဲ့ ပြိုင်ဆိုင်နေပါတယ်။ OnePlus 8 Pro ကို ပူပူနွေးနွေး ကြေညာထားပြီး တန်ဖိုး အနည်းဆုံးမော်ဒယ်ကို ၈၉၉ ဒေါ်လာ သတ်မှတ်ထားပါတယ်။ ဈေးကြီးသလို ဘယ်လောက်တောင် ကောင်းလဲဆိုတာ လူတွေ စိတ်ဝင်စားကြမှာ သေချာပါတယ်။ အခုတော့ စမတ်ဖုန်းတွေရဲ့ အကြမ်းခံမှုကို စမ်းသပ်တဲ့ JerryRigEverything YouTube Channel ရဲ့ ပဲ့ကိုင်ရှင် Zack ရဲ့ လက်ထဲကို အဲဒီ ဖုန်း ရောက်လာပါပြီ။

အောက်က ဗီဒီယိုမှာ OnePlus 8 Pro ရဲ့ အကြမ်းခံ စွမ်းရည်ကို သင် ကိုယ်တိုင် မျက်ဝါးထင်ထင် မြင်ရမှာ ဖြစ်ပါတယ်။ OnePlus  8 Pro ဟာ ဈေးမြောက်သလို အကြမ်းခံ စွမ်းရည်ကလည်း မြင့်မားလှပါတယ်။

မျက်နှာပြင်ဟာ Mohs Scale ရဲ့ Level 6 မှာ ခြစ်ရာတွေ ထင်လာပြီး Level 7 မှာ ပိုဆိုးလာပါတယ်။ ဖန်မျက်နှာပြင် ဖြစ်တဲ့အတွက် ဓါးနဲ့ခြစ်ရင်တော့ Level ၁ ခုခုမှာ ခြစ်ရာထင်မှာ သေချာပါတယ်။ ကိုယ်ထည်နဲ့ ခလုတ်တွေကို သတ္တုနဲ့ တည်ဆောက်ထားတဲ့အတွက် တော်တော် မာပါတယ်။ မျက်နှာပြင်ကို စက္ကန့် ၃၀ လောက် မီးရှို့ပြီးနောက်မှာ အဖြူရောင် အကွက်ပေါ်လာပါတယ်။ Bend Test မှာ OnePlus 8 Pro ဟာ ကွေးညွှတ်သွားပေမယ့် ကွဲအက်တာနဲ့ တခြား ပျက်ဆီးသွားတာ မရှိပါဘူး။

Ref : gsmarena