OnePlus နောက်ထုတ်မယ့် Nord Series ရဲ့ သတင်းတွေ ဟိုးလေးတကျော် ဖြစ်နေပြီး နောက် ၁ ပတ်လောက်မှာ ကြေညာနိုင်ပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ Promo Video ၁ ခု ထွက်လာပြီး ဖုန်း ဒီဇိုင်းကို သေချာလေ့လာခွင့်ရလာပါတယ်။ Video ရဲ့ ၁ မိနစ်လောက်မှာ ဖုန်း အရှေ့ပိုင်းကို အနီးကပ် ရိုက်ပြထားပြီး Dual Punch Hole ပါတဲ့ မျက်နှာပြင် ပါလာသလို ညာဘက်မှာ ပါဝါခလုတ်နဲ့ Alert Slider တပ်ဆင်ထားပါတယ်။

အနောက်ဘက်မှာ ကင်မရာတွေကို လေးထောင့်ကွက်ထဲမှာ ထည့်သွင်းထားပြီး LED Flash ကို ကင်မရာတွေနဲ့ ခွဲထားပါတယ်။  အလယ်နားမှာ OnePlus Logo ကို မြင်ရပါတယ်။ အဲဒီ ဖုန်းမှာ Snapdragon 765G Chipset မောင်းနှင်ထားမယ်လို့ Amazon India က ဖော်ပြထားပါတယ်။ OnePlus ပူးတွဲတည်ထောင်သူ Carl Pei ကလည်း ဒီသတင်းကို ဒီ ၁ ပတ်အစောပိုင်းက အင်တာဗျူး ၁ ခုမှာ ပြောပြထားပါတယ်။

OnePlus Nord Series စမတ်ဖုန်း အသစ် ဘယ်နှစ်လုံးလောက် ထွက်လာမလဲ ဆိုတာ မသိရသေးပါဘူး။ Nord ဟာ Series ဖြစ်ပြီး မော်ဒယ် ၁ ခု မဟုတ်တဲ့အတွက် နောက်ပိုင်းမှာ Nord Series စမတ်ဖုန်း အသစ်များစွာ ထွက်လာမှာပါ။ သေချာတာက Nord Series ဟာ စွမ်းဆောင်ရည်သင့် ဈေးကွက်မှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။

Ref : gsmarena