OnePlus Nord ကို ဝယ်ယူမယ့် သူတွေအတွက် Software Update ၁ ခုက စောင့်ကြိုနေပါတယ်။ ဖုန်းကို ပထမဆုံး အကြိမ် ဖွင့်လိုက်တာနဲ့ Software Update ရယူဖို့ Notification တက်လာမှာ ဖြစ်ပါတယ်။ အဲဒီ စမတ်ဖုန်းကို ကြေညာထားတာ နာရီပိုင်းလောက်ပဲ ရှိသေးပြီး အခုဆိုရင် Review Unit တွေမှာ ပထမဆုံး Update ကို တင်လို့ရပြီ ဖြစ်ပါတယ်။

OxygenOS 10.5.1 ဖြစ်ပြီး Changelog မှာ Video Call စွမ်းရည် တိုးတက်လာတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် ကင်မရာနဲ့ ပတ်သက်တဲ့ စွမ်းရည်များစွာလည်း ပိုကောင်းလာပြီး Depth Sensor Effect နဲ့ Indoor Image အရည်အသွေး တိုးတက်လာပါတယ်။ 4K 60fps Video တွေရိုက်ကူးရင် စွမ်းအင် စားသုံးမှု သက်သာစေပြီး ကင်မရာ စွမ်းရည်တွေ အားလုံးနီးပါး ပိုကောင်းလာပါတယ်။ ထုံးစံအတိုင်းပဲ System Stability ကိုလည်း တိုးမြှင့်ထားပါတယ်။

Update ကို Over-the-air ကနေ Download ရယူနိုင်ပြီ ဖြစ်ပြီး ဖိုင်အရွယ်အစားက 103MB လောက်ပဲရှိပါတယ်။ OnePlus က စွမ်းရည်သင့် စမတ်ဖုန်းအတွက် Software Update ကို ဦးစားပေး ဖြန့်ချိပေးတာ ဝမ်းသာစရာ သတင်းပါ။

Ref : gsmarena