OnePlus ဟာ လက်ရှိအချိန်မှာ Budget နဲ့ Mid Range ဖုန်းတွေဖြစ်တဲ့ OnePlus Nord Series ဖုန်းတွေကို ဆက်တိုက်မိတ်ဆက်နေတာဖြစ်ပါတယ်။ အခုလည်း OnePlus ကနေ နောက်ထပ် Nord Series Product အသစ်ကို မိတ်ဆက်ဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အခု OnePlus Nord Series အနေနဲ့ မိတ်ဆက်လာမယ့် Product အသစ်ကတော့ OnePlus Nord Smartwatch ဖြစ်လာမှာဖြစ်ပါတယ်။ လောလောဆယ်သိထားတဲ့ သတင်းအရတော့ OnePlus Nord Smartwatch အသစ်ကို လာမယ့်လပိုင်းအတွင်းမှာ India စျေးကွက်မှာ အရင်ဆုံးမိတ်ဆက်သွားမယ်လို့ သိရပါတယ်။

OnePlus Nord Smartwatch ရဲ့ စျေးနှုန်းကိုတော့ အတိအကျမသိရသေးပေမယ့် ဖြစ်နိုင်ခြေများနေတာကတော့ INR 10,000 အောက် (မြန်မာငွေ ၂ သိန်းခွဲဝန်းကျင်) နဲ့ မိတ်ဆက်သွားနိုင်ခြေများနေပါတယ်။ ယခင်တုန်း OPPO ကနေ မိတ်ဆက်ခဲ့တဲ့ Smartwatch က Google ရဲ့ Wear OS ကို အသုံးပြုထားပေမယ့် အခုမိတ်ဆက်လာမယ့် OnePlus Smartwatch က ဘယ် Wear OS ကိုအသုံးပြုလာမလဲဆိုတာကိုတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

OnePlus Nord Smartwatch ဟာ လက်ရှိသိရှိထားတဲ့သတင်းတွေအရတော့ Color Touchscreen ၊ Heart Rate နဲ့ Blood Oxygen Sensor တွေပါဝင်မှာဖြစ်ပြီး Activity & Sleep Tracking တွေလည်းပါဝင်မှာဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့ ချိတ်ဆက်ပြီး Push Notification တွေနဲ့ Media Control တွေကိုလည်း ခိုင်းစေနိုင်ဦးမှာပါ။

ဘာပဲဖြစ်ဖြစ် OnePlus ရဲ့ Smartwatch အသစ်က ဘယ်လိုမျိုးဖြစ်လာမလဲဆိိုတာကို ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Ref –  GSM Arena