OPPO ကနေ ထုတ်လုပ်တဲ့ဖုန်းတွေလို့ ဆိုလိုက်တာနဲ့ Camera ပိုင်းမှာ အဓိကထားတဲ့ဖုန်းတွေဆိုပြီး ပြေးမြင်ကြတာများပါတယ်။ ဒီလိုမျိုးပဲ အခုနောက်ပိုင်းမှာ OPPO ဆိုတာနဲ့ Camera အပြင် တွဲဖက်မြင်လာတဲ့အချက်ကတော့ Design ပိုင်းပဲဖြစ်ပါတယ်။

ဘာကြောင့်လဲဆိုရင် OPPO ဟာ အခုနောက်ပိုင်းမှာ သိသိသာသာကို စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းပိုင်းကို ပိုအာရုံစိုက်သလို ထွက်ရှိလာတဲ့စမတ်ဖုန်းတွေကလည်း ထူးခြားတဲ့ဒီဇိုင်းတွေကို အသုံးပြုလာတာကိုတွေ့ရပါတယ်။ အထူးသဖြင့် ယခုနှစ်အတွင်းမှာ အောင်မြင်ခဲ့တဲ့ F21 Pro လိုမျိုး ဖုန်းတွေဆိုရင်လည်း Fiberglass-Leather Design ကို စတင်အသုံးပြုလာခဲ့ပြီး တခြားသောစမတ်ဖုန်းတွေနဲ့ယှဥ်ရင် ထူးခြားတဲ့အထိအတွေ့ကို အသုံးပြုသူတွေဆီကို ယူဆောင်လာခဲ့ပါတယ်။

OPPO F21 Pro

ဥပမာဆိုရင် F21 Pro မှာ အသုံးပြုထားတဲ့ Fiberglass-Leather Design ဟာ အမြင်တင်လှပတာမျိုးမဟုတ်ဘဲ တကယ်လည်း အသုံးဝင်ပြီး အကြမ်းခံတဲ့ Practical Design တစ်ခုလို့ ပြောနိုင်ပါတယ်။ ပုံမှန် စမတ်ဖုန်းတွေမှာ ကြုံတွေ့ရလေ့ရှိတဲ့နောက်ကျောဘက် အစင်းရာထင်တာမျိုးကို လုံးဝကာကွယ်ထားနိုင်သလို ဂျင်းအသား၊ ခဲဖျက်၊ အရက်ပျံတွေနဲ့ ပွတ်တိုက်မှုတွေကိုလည်း ခံနိုင်ရည်ရှိစေမှာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဒီလို Fiberglass-Leather Design ကို အသုံးပြုလိုက်တာက ပုံမှန် Polycarbonate Back တွေထက် ပိုပြီး ပေါ့ပါးစေတာကြောင့် အကြမ်းခံသလို ဖုန်းကိုလည်း ပိုမိုပေါ့ပါးသွားစေပါတယ်။

OPPO ဟာ အခုလိုမျိုး ဒီဇိုင်းပိုင်းဆိုင်ရာ တီထွင်ဆန်းသစ်မှုတွေကို F21 Pro လိုမျိုး အမြင့်ပိုင်းဖုန်းတွေမှာပဲ အသုံးပြုခဲ့တာမဟုတ်ဘဲ ယခုနှစ်ဝက်နောက်ပိုင်းမှာ လူအများတတ်နိုင်တဲ့ A Series ဖုန်းတစ်လုံးဖြစ်တဲ့ A77 ဖုန်းမှာပါ အသုံးပြုပေးခဲ့ပါတယ်။ ဒါကြောင့် တကယ်ကို ထူးခြားတဲ့ဒီဇိုင်းတစ်ခုကို တစ်နှစ်အတွင်းမှာ F Series ဖုန်းအပြင် A Series ဖုန်းဆီကိုပါ ယူဆောင်လာနိုင်ခဲ့တာက OPPO ရဲ့ အားသာချက်တစ်ခုဖြစ်လာခဲ့ပါတယ်။

OPPO A77

OPPO A Series ဖုန်းတွေဆိုတာကလည်း လွန်ခဲ့တဲ့ ၂၀၁၆ ခုနှစ်တုန်းက OPPO A37 ဖုန်းနဲ့ စတင်ပြီး မြန်မာနိုင်ငံစျေးကွက်အတွင်းမှာ ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ နောက်ပိုင်း ၂၀၁၉ ခုနှစ်မှာ OPPO A9 2020 နဲ့ A5 2020 ဖုန်းတွေက A Series ဆိုပြီး နာမည်တစ်ခုရရှိလာတဲ့အထိ အောင်မြင်ခဲ့ပြီး Mid Range ဖုန်းအသုံးပြုသူတွေကြားမှာ စတင်ရေပန်းစားလာခဲ့ပါတယ်။ နောက်ပိုင်းမှာ OPPO ကနေ A52 ၊ A53 ၊ A54 စတဲ့ ဖုန်းတွေနဲ့ စျေးကွက်အတွင်းမှာ နေရာချဲ့ထွင်လာသလို A Series ဖုန်းတွေရဲ့ ထူးခြားတဲ့ ဒီဇိုင်းတွေကလည်း ထူးခြားတဲ့အမှတ်အသားတစ်ခု (Trademark) ဖြစ်လာခဲ့ပါတယ်။

ဒီလိုမျိုး A Series ဖုန်းတွေမှာ ဒီဇိုင်းပိုင်းကို ဦးစားပေးလာတဲ့ OPPO ဟာ အခုဆိုရင်လည်း ပိုမိုစျေးသက်သာတဲ့ A Series ဖုန်းတစ်လုံးမှာ ထူးခြားတဲ့ ဒီဇိုင်းကို ထည့်သွင်းလာခဲ့ပါတယ်။ ဒါကတော့ OPPO A17k ဖုန်းပဲဖြစ်ပြီး ငွေကျပ် ၃၃၉,၉၀၀ နဲ့ နိုင်ငံတကာမှာ အလွယ်တကူဝယ်ယူရရှိနိုင်တဲ့ဖုန်းတစ်လုံးဖြစ်တာကြောင့် အခု A17k ဖုန်းဟာ OPPO A Series အသုံးပြုသူတွေကို ပိုမိုကျယ်ပြန့်စေတော့မှာဖြစ်ပါတယ်။

OPPO A17k ဟာ ဒီဇိုင်းပိုင်းမှာ ကိုင်လိုက်တာနဲ့ Premium ဆန်တဲ့ခံစားမှုကို ရရှိနိုင်တဲ့ Flat-edged Design ကို အသုံးပြုထားတာဖြစ်ပါတယ်။ ဒါ့အပြင် ငွေကျပ် ၃ သိန်းဝန်းကျင်ဖုန်းတွေထဲမှာ သိပ်မတွေ့ရတဲ့ Side Fingerprint ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

OPPO A17k

ပြီးတော့ OPPO A17k ဖုန်းရဲ့ အကောင်းဆုံးအချက်တစ်ခုက အရောင်ကို Blue နဲ့ Navy Blue ဆိုပြီး ၂ မျိုးရွေးချယ်နိုင်ပြီး တစ်မျိုးစီမှာ ထူးခြားချက်တစ်ခုစီရှိနေတာဖြစ်ပါတယ်။ Blue ကို ရွေးချယ်မယ်ဆိုရင် Running Track Camera Design ကိုအခြေခံထားတာကြောင့် Camera နေရာမှာ ပြေးလမ်းပုံစံ ဒီဇိုင်း တွေကို တွေ့မြင်ရမှာဖြစ်ပြီး ကျန်တဲ့ဖုန်းနောက်ကျောဘက်ကတော့ လက်ရာမထင်စေဘဲ Smooth ဖြစ်နေမှာပါ။ Navy Blue အရောင်မှာဆိုရင်တော့ Premium Fabric Texture Design ကို အခြေခံထားတဲ့အတွက် ဖုန်းနောက်ကျောဘက်တစ်ခုလုံးမှာ ကိုင်ရတာ Premium ဆန်တဲ့ Texture ကိုထည့်သွင်းပေးထားပြီး Camera နေရာပိုင်းကို Smooth ဖြစ်အောင် လုပ်ပေးထားပါတယ်။ ဒါကြောင့် ဖုန်းအမျိုးအစား ၁ မျိုးပဲဖြစ်ပေမယ့် ကိုယ်ရွေးချယ်တဲ့ အရောင်ပေါ်မှုတည်ပြီး မတူညီတဲ့ဖုန်းတစ်လုံးကိုင်နေရသလို ခံစားချက်ပေးစွမ်းနိုင်မှာပါ။ ဒါတင်မဟုတ်သေးဘဲ ဘယ်အရောင်ကိုပဲ ရွေးရွေး၊ လက်ဗွေရာမထင်အောင်နဲ့ အစင်းရာတွေမထင်အောင်လည်း အကြမ်းခံတဲ့အလွှာများစွာနဲ့ ဖုံးအုပ်ပေးထားပါတယ်။

Side Fingerprint နဲ့ 5000mAh Battery ပါဝင်တဲ့ OPPO A17k ရဲ့ 3GB RAM + 64GB ROM (4GB RAM Expansion) မော်ဒယ်ကို မြန်မာငွေကျပ် ၃၃၉,၉၀၀ နဲ့ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ဖုန်းအရောင်းဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်တာကြောင့် အကြမ်းခံ၊ Build Quality ကောင်းပြီး ဒီဇိုင်းပိုင်းကို ဦးစားပေးထားတဲ့ ဖုန်းတစ်လုံးကို စျေးသက်သက်သာသာနဲ့ ဝယ်ယူချင်တယ်ဆိုရင် OPPO A17k က ကျိန်းသေစဥ်းစားကြည့်သင့်တဲ့ဖုန်းတစ်လုံးဖြစ်ပါတယ်။