OPPO ဟာ သူ့ရဲ့ ပထမဦးဆုံး Foldable စမတ်ဖုန်းဖြစ်တဲ့ Find N ကို ပြီးခဲ့တဲ့ ဒီဇင်ဘာတုန်းက မိတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ကုမ္ပဏီရဲ့ နောက်ထပ်မိတ်ဆက်လာမဲ့ Devices တွေထဲမှာ Foldable စမတ်ဖုန်း အမျိုးအစားသစ်တစ်ခုလည်း ပါဝင်လာမယ်ဆိုတာ မြင်သာထင်သာ ရှိနေပြီ ဖြစ်ပါတယ်။

OPPO ရဲ့ လာမဲ့ Foldable ဖုန်းဟာ Samsung Galaxy Z Flip3 ဒါမှမဟုတ် Huawei P50 Pocket လိုမျိုး ဒေါင်လိုက် Clamshell Flip Phone ပုံစံခေါက်နိုင်တဲ့ ဒီဇိုင်းဖြစ်တယ်လို့ ကောလာဟလသတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ Samsung, Huawei တို့ရဲ့ Clamshell ဖုန်းတွေနဲ့ မတူညီတာက OPPO ရဲ့ Foldable ဖုန်းဟာ ပိုပြီး ဈေးသက်သာမယ်လို့ ဆိုနေတာပါ။

OPPO Find N ကို တရုတ်ပြည်တွင်းဈေးကွက်ထဲ စတင်ရောင်းချစဉ်ကလည်း သူ့ရဲ့ ပြိုင်ဘက်တွေထက် ပိုပြီးဈေးသက်သာခဲ့ပါတယ်။ တရုတ်ပြည်တွင်းမှာထွက်ပေါ်နေတဲ့ ကောလာဟလတစ်ခုကတော့ OPPO ရဲ့ “flip” ဟာ တရုတ်ယွမ်ငွေ ၅၀၀၀ ဝန်းကျင်ရှိပြီး ဒေါ်လာအားဖြင့် ၇၅၆၊ ယူရိုအားဖြင့် ၇၁၈ ဖြစ်နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ မြန်မာငွေနဲ့ဆိုရင်တော့ ၁၄ သိန်း ဝန်းကျင်ဖြစ်ပါလိမ့်မယ်။

နှိုင်းယှဉ်ဖော်ပြရရင်တော့ P50 Pocket ကို တရုတ်မှာ ယွမ်ငွေ ၈၉၈၈ (ဒေါ်လာ ၁၃၆၀၊ ဒါမှမဟုတ် ယူရို ၁၂၉၂) နဲ့ စတင်ဝယ်ယူရမှာဖြစ်ပြီး Galaxy Z Flip3 ကို ယွမ်ငွေ ၇၃၉၉ (ဒေါ်လာ ၁၁၁၉၊ ဒါမှမဟုတ် ယူရို ၁၀၆၃) နဲ့ ဝယ်ယူရမှာ ဖြစ်ပါတယ်။ OPPO အနေနဲ့ Foldable ဈေးကွက်အတွက် သူ့ရဲ့ဈေးနှုန်းကို ကစားဖို့ စိတ်အားထက်သန်နေတယ်လို့ ယုံကြည်ရပါတယ်။ OPPO ရဲ့ “flip phone” မှာ Snapdragon 8 Gen 1+ SoC ကို အသုံးပြုလာမယ်လို့ယူဆရပါတယ်။

Ref: GSM Arena