ဒီနေ့မှာတော့ Xiaomi ရဲ့ Flagship မျိုးဆက်သစ် စမတ်ဖုန်း ဖြစ်တဲ့ Pocophone F1 ရဲ့ Specs တွေဟာ Online Store နဲ့ Benchmark App ကနေ တစ်ဆင့် ပေါက်ကြားထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။ ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ အချက်အလက်တွေအရ Poco F1 ရဲ့ Processor အပိုင်းအတွက် Snapdragon 845 SoC ကို အသုံးပြုထားမယ်လို့ သိရပါတယ်။ Xiaomi အနေနဲ့ Snapdragon 845 SoC အသုံးပြု စမတ်ဖုန်း မော်ဒယ် ၄မျိုးကို ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။ အဲ့ဒီ စမတ်ဖုန်းတွေကတော့ Mi 8, Mi 8 Explorer Edition, Mi Mix 2S နဲ့ Black Shark တို့ ဖြစ်ပါတယ်။

Online Store တစ်ခုကနေ ထွက်ပေါ်လာတဲ့ အချက်အလက်တွေအရဆိုရင် Poco F1 ရဲ့ Display အပိုင်းအတွက် ၆.၁၈ လက်မ မျက်နှာပြင် အကျယ်ရှိ FHD+ Display ကို အသုံးပြုထားနိုင်ဖွယ် ရှိပြီး 18.7:9 Aspect ratio နဲ့ ပွဲထွက်လာနိုင်ပါတယ်။ Processor အပိုင်းအတွက် Snapdragon 845 SoC ကိုအသုံးပြုထားပြီး RAM အနေနဲ့ 6GB ပါဝင်နိုင်ပါတယ်။ Storage ကိုတော့ 64GB နဲ့ 128GB ဆိုပြီး ၂မျိုး ထုတ်လုပ် ရောင်းချသွားနိုင်ဖွယ် ရှိပါတယ်။

နောက်ကျောဘက် ကင်မရာ အပိုင်းအတွက် 12MP+5MP Dual Camera Setup ကိုတပ်ဆင်ထားနိုင်ပြီး ရှေ့ဘက်မျက်နှာပြင်မှာတော့ 20MP Camera ကို တပ်ဆင်ထားနိုင်ပါတယ်။ ဘက်ထရီ ပမာဏ 4000mAh ထည့်သွင်းထားနိုင်ပြီး Qualcomm ရဲ့ Quick Charge 3.0 အမြန်အားသွင်းစနစ်ကိုလည်း အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ တစ်ဖက်မှာလည်း Poco F1 ရဲ့ AnTutu Benchmark Score တွေဟာ Reddit အသုံးပြုသူ တစ်ယောက်ထံမှ ထပ်မံ ပေါက်ကြားထွက်ပေါ်လာပြန်ပါတယ်။ Poco F1 ရဲ့ AnTutu Benchmark Score ကတော့ 285,302 ဖြစ်ပါတယ်။

Xiaomi အနေနဲ့ Pocophone F1 ရဲ့ RAM 6GB/Storage 64GB မော်ဒယ်ကို ယူရို ၄၂၀ (မြန်မာငွေ ၇သိန်း ဝန်းကျင်), RAM 6GB/ Storage 128GB မော်ဒယ်ကို ယူရို ၄၆၀ (မြန်မာငွေ ၇၇၀၀၀၀ ဝန်းကျင်) နဲ့ ရောင်းချသွားနိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်း ပြောဆိုထားကြပါတယ်။

Ref: gadgets.ndtv