Ti10 Battle Pass အတွက် အခုနှစ် Event ကတော့ Aghanim’s Labyrinth ပဲဖြစ်ပြီး Dota 2 ကစားသမားတိုင်း ကစားနိုင်ကာ Battle Pass ပိုင်ရှင်တွေကတော့ Reward တွေပါ ရရှိနိုင်မှာပါ။ လောလောဆယ် ဒီ Event မှာ ကစားနိုင်တဲ့ ဟီးရိုး ၁၂ ယောက်သာရှိပြီး ထပ်ခါထပ်ခါကစားဖို့အတွက် ရွေးချယ်စရာ နည်းပါးနေပါသေးတယ်။

ဒါပေမယ့် Valve ဟာ နောက်တစ်ဆင့်အတွက် ပြင်ဆင်ထားပုံရပြီး ယနေ့မှာ Reddit သုံးစွဲသူတစ်ယောက်ဟာ Steam Database ထဲက Aghanim ဆိုတဲ့ Folder အောက်ကနေ ဟီးရိုးစာရင်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။ ဟီးရိုးတွေရဲ့ စာရင်းမှာ အမျိုးအမည်ခွဲခြားထားသလို အချို့မှာ Event ကစားဖို့ သူတို့ရဲ့ Ability တွေကိုပါ လိုက်ဖက်ညီစွာ ပြုပြင်ပြောင်းလဲဖို့ မှတ်သားထားတာပါ။

Event မှာ ပါဝင်နိုင်ဖို့ Ability Modified ပြုလုပ်မယ့်စာရင်းကတော့ Luna (Lucent Beam, Eclipse), Monkey King (Jingu Mastery), PA (Ability အားလုံးပြောင်းလဲရမယ့်ပုံရ) တို့က ထိပ်ဆုံးကပါ။ ဒါ့အပြင် “Top Candidates” ဆိုတဲ့ Tag နဲ့ ဟီးရိုးတွေကတော့ နောက်ထပ်တွေ့ရမယ့်အထဲမှာ အခွင့်အရေးအများဆုံးလို့ ယူဆရပြီး Axe, Centaur Warrunner, LC, PA, Pango တို့ပဲဖြစ်ပါတယ်။

နောက်ထပ် Tag တွေကလည်း စိတ်ဝင်စားစရာကောင်းပြီး Tanky (BB, DK, Sven, Tidehunter, Tiny, Treant), Fighter (Juggernaut, Kunkka, TA, Troll Warlord), Archer (Clinkz, DR, Medusa), Wizard (CM, Dazzle, Invoker, Jakiro, Kotl, Leshrac, Lina, Necrophos, Shaman, Venomancer, Zeus), Rogue (Bounty Hunter, Riki) စသဖြင့် ဖြစ်ပါတယ်။

ဒီဟီးရိုးတွေအကုန်ထည့်လာဖို့တော့ သိပ်ဖြစ်နိုင်ပုံမရဘဲ ဒီထဲက အချို့ကိုတော့ ရက်အနည်းငယ်ကြာရင် အပြောင်းအလဲဖြစ်အောင် ပြောင်းပေးကောင်းပြောင်းပေးနိုင်ပါတယ်။

Aghanim’s Labyrinth ဟာ လောလောဆယ် ခက်ခဲမှုအဆင့် (Difficulty) လေးမျိုးရှိပြီး စထွက်ထွက်ချင်းနေ့မှာတင် Ti5 ချန်ပီယံဟောင်း AUI_2000 ရဲ့အဖွဲ့က နောက်ဆုံး Grand Magus အဆင့်ထိ အနိုင်ရရှိခဲ့တာကြောင့် ချက်ချင်းဆိုသလို Item တွေကို Nerf ခဲ့ရာမှာ ကစားသမားတွေဆီက ကန့်ကွက်မှုတွေ အများအပြား ပြန်ကြားခဲ့ရပြီး အခန်းတစ်ချို့ကို ပြန်လျော့ပေးခဲ့ရပါတယ်။

Ref – AFKGaming