Samsung ရဲ့ Next Generation Flagship ဖုန်းတွေဖြစ်လာမယ့် Galaxy S24 Series ဖုန်းတွေဟာ အခုဆို မိတ်ဆက်ဖို့ အချိန်တဖြည်းဖြည်းနီးကပ်လာပြီဖြစ်ပါတယ်။ လက်ရှိသိထားရသလောက်ဆိုရင် Samsung ဟာ Galaxy Unpacked Event ကို လာမယ့် ဇန်နဝါရီလ ၁၇ ရက်နေ့မှာ ပြုလုပ်ဖို့ စီစဥ်ထားတာကြောင့် အချိန်အားဖြင့် ၃ ပါတ်ဝန်းကျင်ပဲ​ လိုတော့ပါတယ်​။​

အရှေ့ပိုင်းမှာလည်း Samsung Galaxy S24 Series ဖုန်းတွေရဲ့ Specs တွေ၊​ Render ဓါတ်ပုံတွေ ပေါက်ကြားခဲ့သလို အခုလည်း Galaxy S24 Series ဖုန်းတွေရဲ့ စျေးနှုန်းနဲ့ Storage အကြောင်းပါ အသေးစိတ် ထပ်မံထွက်ပေါ်လာပါပြီ။

အခုထွက်ပေါ်လာတဲ့စျေးနှုန်းတွေက ဥရောပစျေးကွက်မှာ ရောင်းချမယ့် Galaxy S24 Series ရဲ့ စျေးနှုန်းတွေဖြစ်ပြီး Galaxy S24 ဖုန်းဟာ Storage 128GB Version ကို စျေးနှုန်းအနေနဲ့ €899 ကနေ စတင်ရောင်းချသွားမှာဖြစ်ပြီး အမြင့်ဆုံး Galaxy S24 Ultra 512GB Version ကို €1,569 အထိ ကျသင့်မှာဖြစ်ပါတယ်။​

Galaxy S24 Ultra ဟာ 1TB Version လည်း မိတ်ဆက်ဖို့ရှိနေပေမယ့် စျေးနှုန်းကိုတော့ အတိအကျမသိရသေးပါဘူး။ ကျန်တဲ့ စျေးနှုန်းတွေကိုတော့ အောက်မှာ ကြည့်ရှုနိုင်ပါတယ်။​

ဒီစျေးနှုန်းတွေဟာ မှန်ကန်တယ်ဆိုရင် Samsung ဟာ မနှစ်က Galaxy S23 ရဲ့ စျေးနှုန်းဖြစ်တဲ့ အနိမ့်ဆုံး €949 ကနေ လျော့ပြီး ရောင်းချသွားမှာဖြစ်ပါတယ်။ ဒါကလည်း အဓိကအနေနဲ့ လက်ရှိ iPhone 15 Series ဖုန်းတွေဟာ €945 ဝန်းကျင်ကနေ စတင်ရောင်းချနေတဲ့အတွက် Apple ကို စျေးနှုန်းပိုင်းမှာ ယှဥ်ပြိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။​

ဘာပဲဖြစ်ဖြစ် Samsung ဟာ ယခုနှစ်မှာ Galaxy S24 Ultra ဖုန်းမှာ iPhone 15 Pro ဖုန်းတွေလိုပဲ Titanium ကိုယ်ထည်ကို စတင်အသုံးပြုလာမှာဖြစ်ပြီး S24+ နဲ့ S24 Ultra မှာ Snapdragon 8 Gen 3 Chipset နဲ့ S24 မှာတော့ Exynos 2400 Chipset ကို အသုံးပြုထားမယ်ဆိုပြီး သတင်းထွက်ထားပါတယ်။​

Ref – Gizmo China