[Unicode]

မကြာခင် ၂၀၁၉ ခုနှစ်ကုန်တော့မှာ ဖြစ်ပြီး PUBG Mobile ရဲ့ အောင်မြင်လာတဲ့ သမိုင်းကြောင်းတွေကို ပြန်လည် လေ့လာသုံးသပ်ကြည့်ရမယ့် အချိန်ရောက်ပါပြီ။ Sensor Tower ရဲ့ နောက်ဆုံး စစ်တမ်းအရ PUBG Mobile ကို Download ပြုလုပ်တဲ့ အကြိမ်အရေအတွက် သန်း ၆၀၀ ပြည့်သွားပြီဖြစ်ပြီး ဝင်ငွေ ဒေါ်လာ ၁.၅ ဘီလီယမ်ကျော်သွားပြီလို့ သိရပါတယ်။ Tencent က အဲဒီ ဂိမ်းမှာ ကစားသူတွေကို Skins, Items တွေ ပိုမို ဝယ်ယူအောင် စွဲဆောင်နိုင်ခဲ့တဲ့အတွက် ဒီလို ဝင်ငွေကောင်းရတာပါ။

အဲဒီဂိမ်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့မှာ စတင် ဖြန့်ချိခဲ့ပြီးနောက် မိုဘိုင်းဂိမ်း ဈေးကွက်မှာ လျှင်လျှင်မြန်မြန် အောင်မြင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာ ပရော်ဖက်ရှင်နယ် PUBG Teams များစွာ ကမ္ဘာအဝန်းမှာ ပေါ်ထွက်လာပြီး PUBG Mobile Open Club, PUBG Mobile Star Challenge တို့လို ပြိုင်ပွဲတွေမှာ ထိုက်ထိုက်တန်တန် ဆုကြေးတွေ ပေးခဲ့ပါတယ်။ esports နယ်ပယ်မှာ နောက် ၁ ဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီး Production အရည်အသွေးတွေကို ကောင်းမွန်အောင် ဖန်တီးခဲ့ပါတယ်။ ကမ္ဘာအဝန်းမှ ကြည့်ရှုသူ သန်းပေါင်းများစွာကို စွဲဆောင်နိုင်ခဲ့ပါတယ်။

PUBG Mobile ဟာ ဒီနှစ် YouTube မှာ လူကြည့်အများဆုံး ဗီဒီယို ဂိမ်း စာရင်းမှာ နံပါတ် ၆ နေရာကို ရယူထားနိုင်ခဲ့ပါတယ်။ Tencent က PUBG Mobile Open Club 2019 ကို Livestreams ကနေ ကြည့်ရှုသူ ၅၃၂ သန်း ရှိခဲ့ပြီး စုစုပေါင်း ကြည့်ရှုချိန်ဟာ ၅၇ သန်းရှိခဲ့တယ်လို့ ပြောပါတယ်။

PUBG Mobile ဟာ ဒီနှစ်မှာ Google Play ရဲ့ “User Choice” Award နဲ့ “Best Competitive” Award တို့ အပြင် App Store ရဲ့ “ Top Games of 2019” ကိုပါ ရရှိခဲ့ပါတယ်။ မကြာခင်ကတော့ Call of Duty: Mobile ကို ဖြန့်ချိခဲ့တဲ့အတွက် လာမယ့်နှစ်မှာ PUBG Mobile နဲ့ အကြိတ်အနယ် ဖိုက်ရတော့မှာပါ။

Ref : gurugamer

[Zawgyi]

PUBG Mobile ကို Download ျပဳလုပ္တဲ့ အႀကိမ္အေရအတြက္ သန္း ၆၀၀ ျပည့္သြားၿပီ

မၾကာခင္ ၂၀၁၉ ခုႏွစ္ကုန္ေတာ့မွာ ျဖစ္ၿပီး PUBG Mobile ရဲ႕ ေအာင္ျမင္လာတဲ့ သမိုင္းေၾကာင္းေတြကို ျပန္လည္ ေလ့လာသံုးသပ္ၾကည့္ရမယ့္ အခ်ိန္ေရာက္ပါၿပီ။ Sensor Tower ရဲ႕ ေနာက္ဆံုး စစ္တမ္းအရ PUBG Mobile ကို Download ျပဳလုပ္တဲ့ အႀကိမ္အေရအတြက္ သန္း ၆၀၀ ျပည့္သြားၿပီျဖစ္ၿပီး ၀င္ေငြ ေဒၚလာ ၁.၅ ဘီလီယမ္ေက်ာ္သြားၿပီလို႔ သိရပါတယ္။ Tencent က အဲဒီ ဂိမ္းမွာ ကစားသူေတြကို Skins, Items ေတြ ပိုမို ၀ယ္ယူေအာင္ စြဲေဆာင္ႏုိင္ခဲ့တဲ့အတြက္ ဒီလို ၀င္ေငြေကာင္းရတာပါ။

အဲဒီဂိမ္းကို ၂၀၁၈ ခုႏွစ္ ေဖေဖာ္၀ါရီလ ၈ ရက္ေန႔မွာ စတင္ ျဖန္႔ခ်ိခဲ့ၿပီးေနာက္ မိုဘိုင္းဂိမ္း ေစ်းကြက္မွာ လွ်င္လွ်င္ျမန္ျမန္ ေအာင္ျမင္ခဲ့ပါတယ္။ ၂၀၁၉ ခုနွစ္မွာ ပေရာ္ဖက္ရွင္နယ္ PUBG Teams မ်ားစြာ ကမာၻအ၀န္းမွာ ေပၚထြက္လာၿပီး PUBG Mobile Open Club, PUBG Mobile Star Challenge တို႔လို ၿပိဳင္ပြဲေတြမွာ ထိုက္ထိုက္တန္တန္ ဆုေၾကးေတြ ေပးခဲ့ပါတယ္။ esports နယ္ပယ္မွာ ေနာက္ ၁ ဆင့္ကို တက္လွမ္းႏုိင္ခဲ့ၿပီး Production အရည္အေသြးေတြကို ေကာင္းမြန္ေအာင္ ဖန္တီးခဲ့ပါတယ္။ ကမာၻအ၀န္းမွ ၾကည့္ရႈသူ သန္းေပါင္းမ်ားစြာကို စြဲေဆာင္ႏုိင္ခဲ့ပါတယ္။

PUBG Mobile ဟာ ဒီႏွစ္ YouTube မွာ လူၾကည့္အမ်ားဆံုး ဗီဒီယို ဂိမ္း စာရင္းမွာ နံပါတ္ ၆ ေနရာကို ရယူထားႏုိင္ခဲ့ပါတယ္။ Tencent က PUBG Mobile Open Club 2019 ကို Livestreams ကေန ၾကည့္ရႈသူ ၅၃၂ သန္း ရွိခဲ့ၿပီး စုစုေပါင္း ၾကည့္ရႈခ်ိန္ဟာ ၅၇ သန္းရွိခဲ့တယ္လို႔ ေျပာပါတယ္။

PUBG Mobile ဟာ ဒီႏွစ္မွာ Google Play ရဲ႕ “User Choice” Award နဲ႔ “Best Competitive” Award တို႔ အျပင္ App Store ရဲ႕ “ Top Games of 2019” ကိုပါ ရရွိခဲ့ပါတယ္။ မၾကာခင္ကေတာ့ Call of Duty: Mobile ကို ျဖန္႔ခ်ိခဲ့တဲ့အတြက္ လာမယ့္ႏွစ္မွာ PUBG Mobile နဲ႔ အႀကိတ္အနယ္ ဖိုက္ရေတာ့မွာပါ။

Ref : gurugamer