[Zawgyi]

DEUS ESPORTS အဖြဲ႕သည္ OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ၏ Champion ျဖစ္ခဲ့ၿပီး ဒုတိယဆုကို T7 Challengers အဖြဲ႕ကလည္းေကာင္း၊ တတိယဆုကို Rest In Peace အဖြဲ႕ကလည္းေကာင္း၊ စတုတၳဆုကို Alive or Dead အဖြဲ႕ကလည္းေကာင္း အသီးသီး ရရွိခဲ့ၾကသည္။

ျမန္မာႏိုင္ငံတြင္း က်င္းပခဲ့ၿပီးျဖစ္ေသာ Esports ၿပိဳင္ပြဲမ်ားအနက္ ဆုေၾကးေငြ ပမာဏ အမ်ားဆုံးျဖစ္သည့္ OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ဂိမ္းၿပိဳင္ပြဲႀကီးကို ကမာၻေက်ာ္ မိုဘိုင္းဂိမ္းတစ္ခုျဖစ္ေသာ PUBG Mobile မွ ရန္ကုန္ၿမိဳ႕ Melia Hotel ဒုတိယထပ္ Grand Ballroom တြင္ မေန႔က က်င္းပခဲ့သည္။ ဤၿပိဳင္ပြဲသည္ ျမန္မာႏိုင္ငံအတြက္ PUBG MOBILE ၏ အႀကီးမားဆုံး တရားဝင္ ၿပိဳင္ပြဲ တစ္ခုလည္းျဖစ္ၿပီး OPPO Myanmar ႏွင့္ တယ္လီေနာတို႔မွ စပြန္ဆာအျဖစ္ ပါဝင္ကူညီေပးထားသည္။

“ဒီပြဲႀကီးက ကြၽန္ေတာ္တို႔ PUBG Mobile အေနနဲ႔ ျမန္မာႏိုင္ငံတြင္းမွာ ျပဳလုပ္တဲ့ အႀကီးဆုံး Esports ၿပိဳင္ပြဲပါ။ ဆုေၾကး လည္းအမ်ားဆုံးေပါ့။ တစ္ကမာၻလုံးမွာ ဒီ Esports က႑က အျမန္ဆုံး တိုးတက္ေနသလို ျမန္မာမွာလည္း သူ႔အရွိန္နဲ႔သူ တိုးတက္ေနပါတယ္။ တကယ္ေတာ္တဲ့ လူငယ္ကစားသမားေတြကိုလည္း ကြၽန္ေတာ္တို႔ေတြ႕ထားၿပီးပါၿပီ။ သူတို႔ရဲ႕ လက္စြမ္း ကိုတိုးတက္ေအာင္၊ ႏိုင္ငံတကာၿပိဳင္ပြဲေတြအထိ သြားႏိုင္ေအာင္ လုပ္ေပးခ်င္တဲ့ ရည္႐ြယ္ခ်က္နဲ႔ ဒီၿပိဳင္ပြဲေတြကို က်င္းပျဖစ္တာျဖစ္ပါတယ္။ ေရွ႕ေလွ်ာက္လည္း ဒီထက္ပိုၿပီးစိတ္လႈပ္ရွားစရာေကာင္းတဲ့ အစီအစဥ္ေတြကို ျမန္မာႏိုင္ငံ ၿမိဳ႕ႀကီးေတြမွာ ျပဳလုပ္သြားဦးမွာပါ ” ဟု Tencent Thailand ၏ Head of Gaming Operations ျဖစ္သူ Mr. Andrew Manugian က ေျပာၾကားခဲ့သည္။

ၿပိဳင္ပြဲတြင္ အႏိုင္ရရွိသူမ်ားအား ပထမဆု အေမရိကန္ေဒၚလာ ၁၅,၀၀၀၊ ဒုတိယဆု အေမရိကန္ေဒၚလာ ၈,၀၀၀၊ တတိယဆု အေမရိကန္ေဒၚလာ ၆,၀၀၀၊ စတုတၳဆု အေမရိကန္ေဒၚလာ ၃,၀၀၀ ေပးအပ္ခ်ီးျမႇင့္ခဲ့ၿပီး အဆင့္ (၅) မွ အဆင့္ (၈) ရရွိေသာ အသင္းမ်ားကို တစ္သင္းလွ်င္ အေမရိကန္ေဒၚလာ ၁,၀၀၀ စီ၊ အဆင့္ (၉) မွ အဆင့္ (၁၆) ရရွိေသာ အသင္းမ်ားကို တစ္သင္းလွ်င္ အေမရိကန္ေဒၚလာ ၅၀၀ စီ ေပးအပ္ခဲ့သည့္အျပင္ အေမရိကန္ ေဒၚလာ ၁၀,၀၀၀ တန္ဖိုးရွိ လက္ေဆာင္ပစၥည္းမ်ားကိုလည္း ေပးအပ္ခဲ့သည္။

OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ၿပိဳင္ပြဲသည္ PUBG MOBILE မွ စီစဥ္က်င္းပေသာ ၿပိဳင္ပြဲျဖစ္ၿပီး ျမန္မာတစ္ႏိုင္ငံလုံးမွ PUBG MOBILE ကစားသမားမ်ားႏွင့္ အသင္းမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္သည့္ ဂိမ္းၿပိဳင္ပြဲႀကီး တစ္ခု ျဖစ္သည္။ ၿပိဳင္ပြဲတြင္ အဆင့္ (၃) ဆင့္ ပါဝင္ၿပီး ပထမအဆင့္တြင္ အသင္းေပါင္း (၆၄၀) က Online ၿပိဳင္ပြဲပုံစံ (Erangel ႏွင့္ Miramar, TPP Mode) ယွဥ္ၿပိဳင္ကစားခဲ့ၿပီး အသင္း (၆၄) သင္း ဒုတိယအဆင့္သို႔ တက္ေရာက္ႏိုင္ခဲ့ပါသည္။ ထို (၆၄) သင္းမွ ဒုတိယအဆင့္တြင္ ယွဥ္ၿပိဳင္ကစားၾကၿပီး အသင္း (၁၆) သင္း ဖိုင္နယ္အဆင့္သို႔ တက္ေရာက္ႏိုင္ခဲ့သည္။

က်င္းပျပဳလုပ္ေသာ ၿပိဳင္ပြဲႀကီးမွာ ဖိုင္နယ္အဆင့္သို႔ တက္ေရာက္လာေသာ အသင္း (၁၆) သင္းမွ Offline ၿပိဳင္ပြဲပုံစံ (Erangel and Miramar, TPP and FPP) ျဖင့္ အႀကိတ္အနယ္ ယွဥ္ၿပိဳင္ခဲ့ရသာ ပြဲျဖစ္ခဲ့သည္။ ဤဖိုင္နယ္အဆင့္တြင္ ပထမ ႏွင့္ ဒုတိယ ရရွိေသာ အသင္းႏွစ္သင္းသည္ ေနာင္ႏွစ္တြင္က်င္းပမည့္ Myanmar Championship ၿပိဳင္ပြဲ၏ ဖိုင္နယ္အဆင့္ သို႔ တိုက္႐ိုက္တက္လွမ္းခြင့္ ရရွိခဲ့သည္။

ျမန္မာႏိုင္ငံ၏ ထိပ္တန္း ေဒတာကြန္ယက္ ဆက္သြယ္ေရး ဝန္ေဆာင္မႈျဖစ္ေသာ တယ္လီေနာ တာဝန္ရွိသူတစ္ဦးကလည္း Esports သည္ ႏိုင္ငံတကာတြင္ အရွိန္အဟုန္ျဖင့္ ဖြံ႕ၿဖိဳးတိုးတက္လ်က္ရွိေသာ အင္တာနက္ ေဒတာကို အသုံးျပဳ ကစားရသည့္ အားကစားတစ္မ်ိဳးျဖစ္ေၾကာင္း၊ ျမန္မာႏိုင္ငံတြင္ အလားအလာရွိေသာ Esports လူငယ္ကစားသမားမ်ား မ်ားစြာရွိေန ေၾကာင္း၊ ျမန္မာလူငယ္ကစားသမးမ်ား ႏိုင္ငံတကာအဆင့္ ၿပိဳင္ပြဲမ်ား တြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ႏိုင္ေအာင္ ယခုကဲ့သို႔ PUBG Mobile ႏွင့္တြဲဖက္၍ အေကာင္းဆုံး လူမႈကြန္ယက္ အင္တာနက္ ဝန္ေဆာင္မႈမ်ား ေပးလိုေၾကာင္း ေျပာၾကားခဲ့သည္။

OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ၿပိဳင္ပြဲတြင္ နာမည္ေက်ာ္ Big Bag အဖြဲ႕၏ ေဖ်ာ္ေျဖေရးအစီအစဥ္၊ Lucky Draw ကံစမ္းမဲ၊ Solo Room အေပ်ာ္ၿပိဳင္ပြဲ မ်ားအျပင္ နာမည္ႀကီး Streamer သမားမ်ားႏွင့္ Fan Match ၿပိဳင္ပြဲမ်ား စသျဖင့္ စိတ္လႈပ္ရွားဖြယ္ ေပ်ာ္႐ႊင္ဖြယ္ အစီအစဥ္မ်ား ထည့္သြင္းက်င္းပခဲ့ၿပီး လာေရာက္ၾကည့္ရႈအားေပးၿပီး အစီအစဥ္မ်ားတြင္ ပါဝင္သူမ်ားကိုလည္း PUBG MOBILE ၏ Official အက်ီ၊ Level 3 ေက်ာပိုးအိတ္၊ ဦးထုပ္အစရွိေသာ ပစၥည္းမ်ားအျပင္ In-game Skin မ်ားကို လက္ေဆာင္ေပးခဲ့ပါသည္။

[Unicode]

PUBG Mobile မှ စီစဉ်ကျင်းပသော မြန်မာနိုင်ငံ Esports ပြိုင်ပွဲများအနက် ဆုကြေးငွေ အမြင့်မားဆုံး OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ပြိုင်ပွဲကြီး

DEUS ESPORTS အဖွဲ့သည် OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ၏ Champion ဖြစ်ခဲ့ပြီး ဒုတိယဆုကို T7 Challengers အဖွဲ့ကလည်းကောင်း၊ တတိယဆုကို Rest In Peace အဖွဲ့ကလည်းကောင်း၊ စတုတ္ထဆုကို Alive or Dead အဖွဲ့ကလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

မြန်မာနိုင်ငံတွင်း ကျင်းပခဲ့ပြီးဖြစ်သော Esports ပြိုင်ပွဲများအနက် ဆုကြေးငွေ ပမာဏ အများဆုံးဖြစ်သည့် OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ဂိမ်းပြိုင်ပွဲကြီးကို ကမ္ဘာကျော် မိုဘိုင်းဂိမ်းတစ်ခုဖြစ်သော PUBG Mobile မှ ရန်ကုန်မြို့ Melia Hotel ဒုတိယထပ် Grand Ballroom တွင် မနေ့က ကျင်းပခဲ့သည်။ ဤပြိုင်ပွဲသည် မြန်မာနိုင်ငံအတွက် PUBG MOBILE ၏ အကြီးမားဆုံး တရားဝင် ပြိုင်ပွဲ တစ်ခုလည်းဖြစ်ပြီး OPPO Myanmar နှင့် တယ်လီနောတို့မှ စပွန်ဆာအဖြစ် ပါဝင်ကူညီပေးထားသည်။

“ဒီပွဲကြီးက ကျွန်တော်တို့ PUBG Mobile အနေနဲ့ မြန်မာနိုင်ငံတွင်းမှာ ပြုလုပ်တဲ့ အကြီးဆုံး Esports ပြိုင်ပွဲပါ။ ဆုကြေး လည်းအများဆုံးပေါ့။ တစ်ကမ္ဘာလုံးမှာ ဒီ Esports ကဏ္ဍက အမြန်ဆုံး တိုးတက်နေသလို မြန်မာမှာလည်း သူ့အရှိန်နဲ့သူ တိုးတက်နေပါတယ်။ တကယ်တော်တဲ့ လူငယ်ကစားသမားတွေကိုလည်း ကျွန်တော်တို့တွေ့ထားပြီးပါပြီ။ သူတို့ရဲ့ လက်စွမ်း ကိုတိုးတက်အောင်၊ နိုင်ငံတကာပြိုင်ပွဲတွေအထိ သွားနိုင်အောင် လုပ်ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပြိုင်ပွဲတွေကို ကျင်းပဖြစ်တာဖြစ်ပါတယ်။ ရှေ့လျှောက်လည်း ဒီထက်ပိုပြီးစိတ်လှုပ်ရှားစရာကောင်းတဲ့ အစီအစဉ်တွေကို မြန်မာနိုင်ငံ မြို့ကြီးတွေမှာ ပြုလုပ်သွားဦးမှာပါ ” ဟု Tencent Thailand ၏ Head of Gaming Operations ဖြစ်သူ Mr. Andrew Manugian က ပြောကြားခဲ့သည်။

ပြိုင်ပွဲတွင် အနိုင်ရရှိသူများအား ပထမဆု အမေရိကန်ဒေါ်လာ ၁၅,၀၀၀၊ ဒုတိယဆု အမေရိကန်ဒေါ်လာ ၈,၀၀၀၊ တတိယဆု အမေရိကန်ဒေါ်လာ ၆,၀၀၀၊ စတုတ္ထဆု အမေရိကန်ဒေါ်လာ ၃,၀၀၀ ပေးအပ်ချီးမြှင့်ခဲ့ပြီး အဆင့် (၅) မှ အဆင့် (၈) ရရှိသော အသင်းများကို တစ်သင်းလျှင် အမေရိကန်ဒေါ်လာ ၁,၀၀၀ စီ၊ အဆင့် (၉) မှ အဆင့် (၁၆) ရရှိသော အသင်းများကို တစ်သင်းလျှင် အမေရိကန်ဒေါ်လာ ၅၀၀ စီ ပေးအပ်ခဲ့သည့်အပြင် အမေရိကန် ဒေါ်လာ ၁၀,၀၀၀ တန်ဖိုးရှိ လက်ဆောင်ပစ္စည်းများကိုလည်း ပေးအပ်ခဲ့သည်။

OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ပြိုင်ပွဲသည် PUBG MOBILE မှ စီစဉ်ကျင်းပသော ပြိုင်ပွဲဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမှ PUBG MOBILE ကစားသမားများနှင့် အသင်းများ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည့် ဂိမ်းပြိုင်ပွဲကြီး တစ်ခု ဖြစ်သည်။ ပြိုင်ပွဲတွင် အဆင့် (၃) ဆင့် ပါဝင်ပြီး ပထမအဆင့်တွင် အသင်းပေါင်း (၆၄၀) က Online ပြိုင်ပွဲပုံစံ (Erangel နှင့် Miramar, TPP Mode) ယှဉ်ပြိုင်ကစားခဲ့ပြီး အသင်း (၆၄) သင်း ဒုတိယအဆင့်သို့ တက်ရောက်နိုင်ခဲ့ပါသည်။ ထို (၆၄) သင်းမှ ဒုတိယအဆင့်တွင် ယှဉ်ပြိုင်ကစားကြပြီး အသင်း (၁၆) သင်း ဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့သည်။

ကျင်းပပြုလုပ်သော ပြိုင်ပွဲကြီးမှာ ဖိုင်နယ်အဆင့်သို့ တက်ရောက်လာသော အသင်း (၁၆) သင်းမှ Offline ပြိုင်ပွဲပုံစံ (Erangel and Miramar, TPP and FPP) ဖြင့် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ရသာ ပွဲဖြစ်ခဲ့သည်။ ဤဖိုင်နယ်အဆင့်တွင် ပထမ နှင့် ဒုတိယ ရရှိသော အသင်းနှစ်သင်းသည် နောင်နှစ်တွင်ကျင်းပမည့် Myanmar Championship ပြိုင်ပွဲ၏ ဖိုင်နယ်အဆင့် သို့ တိုက်ရိုက်တက်လှမ်းခွင့် ရရှိခဲ့သည်။

မြန်မာနိုင်ငံ၏ ထိပ်တန်း ဒေတာကွန်ယက် ဆက်သွယ်ရေး ဝန်ဆောင်မှုဖြစ်သော တယ်လီနော တာဝန်ရှိသူတစ်ဦးကလည်း Esports သည် နိုင်ငံတကာတွင် အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လျက်ရှိသော အင်တာနက် ဒေတာကို အသုံးပြု ကစားရသည့် အားကစားတစ်မျိုးဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင် အလားအလာရှိသော Esports လူငယ်ကစားသမားများ များစွာရှိနေ ကြောင်း၊ မြန်မာလူငယ်ကစားသမးများ နိုင်ငံတကာအဆင့် ပြိုင်ပွဲများ တွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်အောင် ယခုကဲ့သို့ PUBG Mobile နှင့်တွဲဖက်၍ အကောင်းဆုံး လူမှုကွန်ယက် အင်တာနက် ဝန်ဆောင်မှုများ ပေးလိုကြောင်း ပြောကြားခဲ့သည်။

OPPO | PUBG MOBILE MYANMAR CHAMPIONSHIP ပြိုင်ပွဲတွင် နာမည်ကျော် Big Bag အဖွဲ့၏ ဖျော်ဖြေရေးအစီအစဉ်၊ Lucky Draw ကံစမ်းမဲ၊ Solo Room အပျော်ပြိုင်ပွဲ များအပြင် နာမည်ကြီး Streamer သမားများနှင့် Fan Match ပြိုင်ပွဲများ စသဖြင့် စိတ်လှုပ်ရှားဖွယ် ပျော်ရွှင်ဖွယ် အစီအစဉ်များ ထည့်သွင်းကျင်းပခဲ့ပြီး လာရောက်ကြည့်ရှုအားပေးပြီး အစီအစဉ်များတွင် ပါဝင်သူများကိုလည်း PUBG MOBILE ၏ Official အကျီ၊ Level 3 ကျောပိုးအိတ်၊ ဦးထုပ်အစရှိသော ပစ္စည်းများအပြင် In-game Skin များကို လက်ဆောင်ပေးခဲ့ပါသည်။