Zawgyi Font Version

အေမရိကန္ Smartphone, Computer နဲ႔ တစ္ျခား နည္းပညာ Product ေတြမွာအသံုးျပဳဖို႔ Chip ေတြထုတ္လုပ္ေနတဲ့ နည္းပညာကုမၸဏီၾကီး Qualcomm ကေန Apple ကိုတရားစြဲလိုက္ပါတယ္။ လိုအပ္တဲ့ စာရြက္စာတမ္းသက္ေသအေထာက္အထားေတြနဲ႔တစ္ကြ ကယ္လီဖိုးနီးယား တရားရံုးခ်ဳပ္မွာ အမွုတင္လိုက္တာပါ။ အေၾကာင္းအရာကေတာ့ Apple ဟာ Qualcomm ရဲ႕ အတြင္းလွ်ိဳ႕ဝွက္ခ်က္ေတြကို Qualcomm ရဲ႕ျပိဳင္ဘက္ျဖစ္တဲ့ Intel ကိုေရာင္းခ်လို႔ပါတဲ့။ ခိုးယူျပီးေရာင္းခ်လိုက္တဲ့ နည္းပညာအခ်က္အလက္ပမာဏဟာအလြန္ၾကီးမားျပီး Qualcomm ရဲ႕ ကိုယ္ပိုင္နည္းပညာျဖစ္တဲ့ Tablet နဲ႔ Mobile Chip ေတြကို ပိုမိုအဆင့္ျမွင့္တင္ေပးမယ့္ နည္းပညာေတြပါဝင္ပါတယ္။

အရင္ႏွစ္ ႏိုဝင္ဘာလတုန္းကလည္း Apple ကို Software လိုင္စင္ခ်ိဳးေဖာက္မွုနဲ႔ Qualcomm တရားစြဲဆိုခဲ့ပါေသးတယ္။ Modem Software ပိုင္းဆိုင္ရာ နည္းပညာေတြကို Intel ဆီပဲေရာင္းခဲ့တာျဖစ္ျပီး Apple ေၾကာင့္ Intel ဟာ Modem နည္းပညာပိုင္းမွာ အက်ိဳးအျမတ္ေတြရရွိခဲ့ပါတယ္။ Apple ကေတာ့ Qualcomm ဟာ သူရဲ႕ Chip ေတြကို မေတာ္တဆေစ်းတင္ထားျပီး ႏွစ္ဦးႏွစ္ဖက္သေဘာတူညီထားတဲ့အခ်က္ေတြကိုလည္း ကတိမတည္ဘူးလို႔ဆိုပါတယ္။ ကုမၸဏီႏွစ္ခုၾကားမွာ တရားဝင္ေရာ တရားမဝင္အေပးအယူမ်ားစြာရွိျပီး မတည့္အတူေန ကုမၸဏီႏွစ္ခုလို႔ဆိုႏိုင္ပါတယ္။

Apple က Qualcomm ဟာ Chip ေတြအေပၚ ေစ်းမတရားတင္ထားတဲ့အတြက္ တရားစြဲဆိုထားတဲ့ $1 Billion ကိုေပးေဆာင္ဖို႔ျငင္းပယ္ခဲ့ပါတယ္။ ဧျပီ လတုန္းက Qualcomm ဟာ 2017 အေစာပိုင္းရဲ႕ iPhone ေတြမွာအသံုးျပဳထားတဲ့ ပစၥည္းေတြရဲဲ တန္ဖိုးကို ေလ်ာ္ေပးဖို႔ေတာင္းဆိုခဲ့တယ္လို႔ေျပာၾကားခဲ့ပါတယ္။ ေမလတုန္းကလဲ Apple ရဲ႕ပစၥည္းထုတ္လုပ္တဲ့ ဌာနေတြျဖစ္တဲ့Foxconn, Pegatron, Wistron နဲ႔ Compal တို႔ကလည္း ေပးစရာရွိတဲ့ တန္ဖိုးကိုမေပးေခ်ခဲ့ဘူးလို႔ ေျပာၾကားထားပါတယ္။ ဇြန္လမွာေတာ့ Apple ကတစ္ဖန္ျပန္လည္ျပီး Qualcomm ဟာ Smartphone Chip လိုင္စဥ္သေဘာတူညီခ်က္ကို သမားရိုးက်ပံုစံမဟုတ္ပဲ ျပဳျပင္ေျပာင္းလဲခဲ့တယ္လို႔ဆိုပါတယ္။ဇူလိုင္လ မွာေတာ့ Qualcommကတစ္ဖန္ Apple ရဲ႕ iPhoneေတြမွာ Battery သက္တမ္းၾကာရွည္ခံေစတဲ့ နည္းပညာအတြက္ ပိုက္ဆံမေပးေခ်ခဲ့ဘူးလို႔ ေျပာျပန္ပါတယ္။

ေနာက္ဆံုးစြဲဆိုခ်က္ကေတာ့ Apple ရဲ႕ အင္ဂ်င္နီယာေတြ ဟာ Qualcomm ရဲ႕ Chip ေတြရဲ႕ ဖြဲ႕စည္းပံုနဲ႔ Source Code ေတြကို Qualcomm ရဲ႕ ျပိဳင္ဘက္ Intel ဆီကိုခိုးေရာင္းစားခဲ့တာလို႔သိရပါတယ္။ ဒီႏွစ္ကေတာ့ Apple အတြက္ အေတာ္ခက္ခဲမယ့္ ႏွစ္တစ္ႏွစ္ျဖစ္လာမွာပါ။ ေမာင္းသူမဲ့ကား စမ္းသပ္မွုလည္းမေအာင္ျမင္ပဲ တရားစြဲဆိုမွုေပါင္းမ်ားစြာရင္ဆိုင္ေနရတဲ့အျပင္ Donald Trump ရဲ႕ အခြန္ေကာက္ခံမွုစနစ္အသစ္ကလည္း Apple ကိုေခါင္းေျခာက္ေစပါတယ္။ iPhone အသစ္ေတြသာ ထင္သေလာက္မေရာင္းရရင္ေတာ့ Apple ရဲ႕ ရွယ္ယာေစ်းေတြထိုးက်သြားႏိုင္ပါတယ္။

Ref: Gizchina

Unicode Version

အမေရိကန် Smartphone, Computer နဲ့ တစ်ခြား နည်းပညာ Product တွေမှာအသုံးပြုဖို့ Chip တွေထုတ်လုပ်နေတဲ့ နည်းပညာကုမ္ပဏီကြီး Qualcomm ကနေ Apple ကိုတရားစွဲလိုက်ပါတယ်။ လိုအပ်တဲ့ စာရွက်စာတမ်းသက်သေအထောက်အထားတွေနဲ့တစ်ကွ ကယ်လီဖိုးနီးယား တရားရုံးချုပ်မှာ အမှုတင်လိုက်တာပါ။ အကြောင်းအရာကတော့ Apple ဟာ Qualcomm ရဲ့ အတွင်းလျှို့ဝှက်ချက်တွေကို Qualcomm ရဲ့ပြိုင်ဘက်ဖြစ်တဲ့ Intel ကိုရောင်းချလို့ပါတဲ့။ ခိုးယူပြီးရောင်းချလိုက်တဲ့ နည်းပညာအချက်အလက်ပမာဏဟာအလွန်ကြီးမားပြီး Qualcomm ရဲ့ ကိုယ်ပိုင်နည်းပညာဖြစ်တဲ့ Tablet နဲ့ Mobile Chip တွေကို ပိုမိုအဆင့်မြှင့်တင်ပေးမယ့် နည်းပညာတွေပါဝင်ပါတယ်။

အရင်နှစ် နိုဝင်ဘာလတုန်းကလည်း Apple ကို Software လိုင်စင်ချိုးဖောက်မှုနဲ့ Qualcomm တရားစွဲဆိုခဲ့ပါသေးတယ်။ Modem Software ပိုင်းဆိုင်ရာ နည်းပညာတွေကို Intel ဆီပဲရောင်းခဲ့တာဖြစ်ပြီး Apple ကြောင့် Intel ဟာ Modem နည်းပညာပိုင်းမှာ အကျိုးအမြတ်တွေရရှိခဲ့ပါတယ်။ Apple ကတော့ Qualcomm ဟာ သူရဲ့ Chip တွေကို မတော်တဆဈေးတင်ထားပြီး နှစ်ဦးနှစ်ဖက်သဘောတူညီထားတဲ့အချက်တွေကိုလည်း ကတိမတည်ဘူးလို့ဆိုပါတယ်။ ကုမ္ပဏီနှစ်ခုကြားမှာ တရားဝင်ရော တရားမဝင်အပေးအယူများစွာရှိပြီး မတည့်အတူနေ ကုမ္ပဏီနှစ်ခုလို့ဆိုနိုင်ပါတယ်။

Apple က Qualcomm ဟာ Chip တွေအပေါ် ဈေးမတရားတင်ထားတဲ့အတွက် တရားစွဲဆိုထားတဲ့ $1 Billion ကိုပေးဆောင်ဖို့ငြင်းပယ်ခဲ့ပါတယ်။ ဧပြီ လတုန်းက Qualcomm ဟာ 2017 အစောပိုင်းရဲ့ iPhone တွေမှာအသုံးပြုထားတဲ့ ပစ္စည်းတွေရဲ တန်ဖိုးကို လျော်ပေးဖို့တောင်းဆိုခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ မေလတုန်းကလဲ Apple ရဲ့ပစ္စည်းထုတ်လုပ်တဲ့ ဌာနတွေဖြစ်တဲ့Foxconn, Pegatron, Wistron နဲ့ Compal တို့ကလည်း ပေးစရာရှိတဲ့ တန်ဖိုးကိုမပေးချေခဲ့ဘူးလို့ ပြောကြားထားပါတယ်။ ဂျွန်လမှာတော့ Apple ကတစ်ဖန်ပြန်လည်ပြီး Qualcomm ဟာ Smartphone Chip လိုင်စဉ်သဘောတူညီချက်ကို သမားရိုးကျပုံစံမဟုတ်ပဲ ပြုပြင်ပြောင်းလဲခဲ့တယ်လို့ဆိုပါတယ်။ဂျွန်လိုင်လ မှာတော့ Qualcommကတစ်ဖန် Apple ရဲ့ iPhoneတွေမှာ Battery သက်တမ်းကြာရှည်ခံစေတဲ့ နည်းပညာအတွက် ပိုက်ဆံမပေးချေခဲ့ဘူးလို့ ပြောပြန်ပါတယ်။

နောက်ဆုံးစွဲဆိုချက်ကတော့ Apple ရဲ့ အင်ဂျင်နီယာတွေ ဟာ Qualcomm ရဲ့ Chip တွေရဲ့ ဖွဲ့စည်းပုံနဲ့ Source Code တွေကို Qualcomm ရဲ့ ပြိုင်ဘက် Intel ဆီကိုခိုးရောင်းစားခဲ့တာလို့သိရပါတယ်။ ဒီနှစ်ကတော့ Apple အတွက် အတော်ခက်ခဲမယ့် နှစ်တစ်နှစ်ဖြစ်လာမှာပါ။ မောင်းသူမဲ့ကား စမ်းသပ်မှုလည်းမအောင်မြင်ပဲ တရားစွဲဆိုမှုပေါင်းများစွာရင်ဆိုင်နေရတဲ့အပြင် Donald Trump ရဲ့ အခွန်ကောက်ခံမှုစနစ်အသစ်ကလည်း Apple ကိုခေါင်းခြောက်စေပါတယ်။ iPhone အသစ်တွေသာ ထင်သလောက်မရောင်းရရင်တော့ Apple ရဲ့ ရှယ်ယာဈေးတွေထိုးကျသွားနိုင်ပါတယ်။

Ref: Gizchina