realme 11 Series ကို မေလတုန်းက Buds Air 5 Pro နားကြပ်နဲ့အတူ တရုတ်မှာ ကြေညာခဲ့ပါတယ်။ အခုတော့ အဲဒီ နားကြပ်ကို ဒီလ ၂၃ ရက်နေ့မှာ နိုင်ငံတကာအတွက် ရောင်းချပေးတော့မှာပါ။ နားကြပ်နဲ့အတူ realme 11 5G နဲ့ realme 11x 5G တို့ကိုပါ ကြေညာမှာပါ။

Realme Buds Air 5 series will go global on August 23

realme က အိန္ဒိယမှာ Buds Air 5 Pro ကို ရောင်းမယ်လို့ အရင်က ကြေညာထားတာဖြစ်ပြီး အခုတော့ မတူညီတဲ့ အရွယ်အစား၊ LED အစားထိုးတပ်ဆင်မှုနဲ့ Fancy Blue အရောင်တွေ ထည့်သွင်းထားမှာပါ။ အဲဒီမော်ဒယ်ဟာ Buds Air 5 ဖြစ်ပြီး Buds Air 3 ရဲ့ မျိုးဆက်သစ် ဖြစ်ပါတယ်။

Realme Buds Air 5 series will be launched in India along with Realme 11 5G smartphone series, know what will be special

Buds Air 5 Pro မှာ 11mm Woofers ၊ 6 mm Planar Drivers ၊ ANC နဲ့ High-bitrate LDAC Codec တွေ ထည့်သွင်းထားပါတယ်။ ချွေးနဲ့ ရေစက်ရေပေါက်တွေကို ခံနိုင်ပြီး realme က မိုက်ကရိုဖုန်း ၆ လုံးကြောင့် 50dB Noise အထိ လျှော့ချပေးနိုင်တယ်လို့ ပြောပါတယ်။ ANC ပိတ်ထားရင် ဘက်ထရီ သက်တမ်းက ၁၁ နာရီနဲ့ Charging Case ပါပေါင်းလိုက်ရင် နာရီ ၄၀ အသုံးခံပါတယ်။

နိုင်ငံတကာမှာ ရောင်းမယ့် ဈေးနှုန်းကို မသိရသေးပါဘူး။ Pro ကို တရုတ်မှာ ၃၉၉ ယွမ် (၆၀ ဒေါ်လာ) နဲ့ ရောင်းချပေးထားပြီး အိန္ဒိယမှာတော့ အခွန်ကြောင့် ဈေးပိုများနိုင်ပါတယ်။

Ref : gsmarena