လှပဆန်းသစ်သည့် အသွင်ဒီဇိုင်းနှင့် ဘေးဘက်ခလုတ်လက်ဗွေဖတ်စနစ်ပါဝင်သည့် realme C30s ကို ဒီဇင်ဘာလ (၁၂) ရက်နေ့မှစတင်ပြီး မြန်မာတစ်ပြည်လုံးမှ realme အရောင်းကောင်တာရှိသည့် ဖုန်းဆိုင်များတွင်ဝယ်ယူနိုင်ပါသည်။

realme C30s Basic Version ဖြစ်သော (RAM 2 + ROM 32) ကို ၂၆၉,၉၀၀ ကျပ်ဖြင့် စတင်ဝယ်ယူနိုင်မည်ဖြစ်သည်။ မကြာခင်ရက်ပိုင်းအတွင်း (RAM 4 + ROM 64) ကို ၃၃၉,၉၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်မှာဖြစ်သည်။ realme C30s နောက်ကျောဘက်ဒီဇိုင်းမှာ လက်ထဲကိုင်ထားလျှင် အလွယ်တကူ ချော်ကျမှုမရှိစေမည့် သေးငယ်သည့်လိုင်းအစင်းပါဝင်သော micro-texture anti-slip ဒီဇိုင်းမျိုးအဖြစ် ဖန်တီးပေးထားသည်။

Stripe Blue နှင့် Stripe Black အရောင် ၂ မျိုးမှ နှစ်သက်ရာရွေးချယ်ဝယ်ယူနိုင်ပါသည်။ ပါးလွှာသည့် ၈.၅ မီလီမီတာအထူနှင့် အလေးချိန် ၁၈၆ ဂရမ်သာရှိသည့်အတွက် ပေါ့ပါးကျစ်လျစ်သည့်ခံစားမှုကိုပါ လက်ထဲတွင်အပြည့်အဝရရှိစေမည်ဖြစ်သည်။ ကြီးမားကျယ်ပြန့်သည့် ၆.၅ လက်မမျက်နှာပြင်နှင့်အတူ HD+ ရုပ်ထွက် အရည်အသွေးကိုထောက်ပံ့ပေးထားပြီး Multimedia သုံးစွဲမှုအပိုင်းအတွက် မြင်ကွင်းကျယ်ရရှိစေမည်ဖြစ်သည်။ တစ်နေ့တာသုံးစွဲမှုအတွက်လုံလောက်ပြည့်ဝသည့် 5000 mAh ဘက်ထရီအမျိုးအစားကိုပါအသုံးပြုပေးထားသည်။

ဓာတ်ပုံရိုက်ကူးမှုအပိုင်းအတွက် 8MP AI နောက်ဘက်ကင်မရာနှင့်အတူ 5MP ရှေ့ဘက်ကင်မရာကိုထည့်သွင်းပေးထားပြီး အလင်းရောင်ကောင်းသည့်အခြေအနေများတွင် လှပကြည်လင်သည့်ဓာတ်ပုံများကို ရိုက်ယူနိုင်စေမည်ဖြစ်သည်။ ဖုန်း၏ စွမ်းဆောင်ရည်ပိုင်းအတွက် Octa-core Unisoc အမျိုးအစားကို အသုံးပြုပေးထားပြီး Android 12 ကိုအခြေခံထားသည့် realme UI Go Edition နှင့်ပေါင်းစပ်ပေးထားခြင်းကြောင့် သွက်လက်မြန်ဆန်သည့် ထိတွေ့သုံးစွဲမှုကိုပါ ရရှိစေမည်ဖြစ်သည်။

Press Release – realme