ကမ္ဘာ့တိုးတက်မှုအမြန်ဆုံးစမတ်ဖုန်းအမှတ်တစ်ဆိပ်ဖြစ်သည့် realme က ၄င်းတို့၏ 2022 realme UI Widget ပူးပေါင်းဖန်တီးခြင်းပရောဂျက်ကို မြန်မာနိုင်ငံအပါအဝင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ စတင်ဖွင့်လှစ်မိတ်ဆက်ပေးလိုက်ပြီဖြစ်သည်။ သုံးစွဲသူအခြေပြုစမတ်ဖုန်းအတွေ့အကြုံများပေးစွမ်းနိုင်ရေးကို အဆင်အမြဲအလေးထားလုပ်ဆောင်နေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်နှင့်အညီ realme အနေဖြင့် realme ထုတ်ကုန်များပေါ်တွင် ၄င်းတို့၏အနာဂတ် UI အတွေ့အကြုံများကို စိတ်တိုင်ကျလုပ်ဆောင်နိုင်စေရန်ရည်ရွယ်ချက်ဖြင့် realme သုံးစွဲသူပရိသတ်များအတွက် ယခုအခွင့်အရေးကောင်းကို ချပြပေးလိုက်ရခြင်းဖြစ်သည်။

Widget များမှာ သုံးစွဲသူများအတွက် လွယ်ကူအဆင်ပြေစေသည့်နည်းလမ်းများဖြစ်ပြီး သတင်းအချက်အလက် မြန်မြန်ဆန်ဆန်ကြည့်ရှုခြင်း၊ သက်ဆိုင်ရာ Home Screen မှ အကြိုက်ဆုံး app များကို တိုက်ရိုက်ရယူအသုံးပြုနိုင်ခြင်းများကို လုပ်ဆောင်နိုင်စေမည်ဖြစ်သည်။ realme UI ပူးပေါင်းဖန်တီးခြင်းက ပျော်ရွှင်စရာကောင်းပြီး လွယ်ကူအဆင်ပြေစေကာ စတိုင်မျိုးစုံပြည့်ဝသည့် widget အိုင်ဒီယာများကို တောင်းဆိုလိုက်ခြင်းဖြစ်သလို သုံးစွဲသူများ၏ နေ့စဉ်စမတ်ဖုန်းအတွေ့ကြုံများကိုပါ ပိုမိုတိုးမြင့်စေမည်လည်းဖြစ်သည်။ ရွေးချယ်ခြင်းခံရသည့် အိုင်ဒီယာများအနေဖြင့် ၂၀၂၃ခုနှစ် ပထမ ၃လပတ်မှ စတင်ကာ ထုတ်လုပ်မည့် realme ထုတ်ကုန်များတွင် ပါဝင်ထည့်သွင်းအသုံးပြုခွင့်ကို ရရှိစေမည်ဖြစ်သလို နောက်ဆုံးအနိုင်ရသူအနေဖြင့် ရွေးချယ်ခံရသည့် ၄င်း၏အိုင်ဒီများဖြင့် သက်ဆိုင်ရာဆော့ဖ်ဝဲလ်ကို beta အဖြစ်စမ်းသပ်နိုင်စေမည့် ပထမဆုံးသောသုံးစွဲသူအသုတ်တွင် ပါဝင်ခွင့်ရရှိစေမည်ဖြစ်သည်။

သုံးစွဲသူများအားလုံးအား ထူးခြားဆန်းပြားပြီး နှစ်သက်ပျော်ရွှင်စရာကောင်းစေမည့် widget အိုင်ဒီယာများကို တင်သွင်းရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ ၄င်းတို့အနေဖြင့် အခြေခံလုပ်ဆောင်ချက်များဖြစ်သည့် humidity (စိုစွတ်မှုတိုင်းတာခြင်း)၊ air quality (လေထုအရည်အသွေး)၊ weather display (ရာသီဥတုအခြေအနေပြသခြင်း) အစရှိသည့် widget လေးများကနေစတင်ဖန်တီးပါဝင်နိုင်စေမည်ဖြစ်သည်။ ထို့အပြင် ၄င်းတို့အနေဖြင့် အကြိုက်ဆုံး calendars (ပြက္ခဒိန်)၊ to-dos (လုပ်ဆောင်စရာများ) နှင့် countdowns (နောက်ပြန်ရေတွက်ခြင်း) စသည့်လုပ်ဆောင်ချက်များကိုပါ စိတ်တိုင်းကျဖန်တီးလုပ်ဆောင်နိုင်စေမည်ဖြစ်သည်။ ကိုယ်ကာယလုပ်ဆောင်ခြင်းကိုမြတ်နိုးသူများအနေဖြင့် ကာယလုပ်ဆောင်မှုစောင့်ကြည့်ပေးသည့် widget များကို ဒီဇိုင်းပြုလုပ်ဖန်တီးကာ နှလုံးခုန်နှုန်းနှင့် ကယ်လိုရီလောင်ကျွမ်းမှုများကိုပြသပေးနိုင်စေမည်ဖြစ်သည်။

ပရောဂျက်စာရင်းပေးသွင်းခြင်းကို ၂၀၂၂ခုနှစ်၊ အောက်တိုဘာလ ၁၉ရက်မှစတင်ကာ လုပ်ဆောင်နိုင်ပြီး စာရင်းပိတ်ခြင်းကို ၂၀၂၂ခုနှစ်၊ နိုင်ဝင်ဘာလ ၁၅ရက် ( မြန်မာစံတော်ချိန် နံနက် ၀၀း၃၀ နာရီ) တွင်အဆုံးသတ်မည်ဖြစ်သည်။

ရွေးချယ်ခြင်းခံရသည့် အိုင်ဒီယာများကို ၂၀၂၂ခုနှစ်၊ဒီဇင်ဘာလ ၈ရက်နေ့တွင်ကြေညာပေးသွားမည်ဖြစ်သည်။ ရွေးချယ်ခြင်းခံရသူများအနေဖြင့် realme GT NEO 3 ဖုန်းတစ်လုံးကိုပါ ကံထူးခွင့်ရရှိစေမည်ဖြစ်သလို အထူးသီးသန့်ပေးအပ်မည့် realme community badge (ကွန်မြူနတီအဖွဲ့စည်းအမှတ်တံဆိပ်) ကိုပါ ရရှိစေမည်ဖြစ်သည်။

ပူးပေါင်းဖန်တီးခြင်းပရောက်ဂျက်အတွက်လိုအပ်ချက်များနှင့် စာရင်ပေးခြင်းဆိုင်ရာလုပ်ဆောင်ချက်များနှင့်ပတ်သက်သည့် အသေးစိပ်အချက်အလက်များအတွက် အောက်ပါ Link များတွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

https://www.realme.com/global/2022realmecocreatewidget
(for global & other regions)
https://www.realme.com/in/2022realmecocreatewidget
(for india)
https://www.realme.com/id/2022realmecocreatewidget
(for Indonesia)

Press Release – realme