[Zawgyi]

ေမလပထမပတ္တုန္းက Redmi K20 Pro အမည္နဲ႔ Screen Protector ေပၚထြက္လာကတည္းက မၾကာခင္ထြက္လာမယ့္ Flagship အေၾကာင္းကို လူတိုင္းက စိတ္ဝင္စားေနတာျဖစ္ပါတယ္။ အခု ေမလရဲ႕ ဒုတိယပတ္ကုန္ဆုံးကာနီးမွာေတာ့ Snapdragon 855 သုံးထားတဲ့ Flagship ကို K20 လို႔ အမည္ေပးမွာျဖစ္တယ္ဆိုတဲ့ သတင္းထြက္ေပၚလာပါတယ္။

Redmi အမွတ္တံဆိပ္ရဲ႕ အေထြေထြမန္ေနဂ်ာ Lu Weibing က Weibo မွာ ထြက္လာမယ့္ Flagship ရဲ႕ နာမည္နဲ႔ ပတ္သက္ၿပီး ေၾကညာလိုက္တာက K20 လို႔ ေခၚမယ္ဆိုတဲ့ အေၾကာင္းပါပဲ။ ဒါ့အျပင္ K series ဟာ Redmi ရဲ႕ အရည္အေသြးျမင့္ Flagship ျဖစ္ေၾကာင္းနဲ႔ “K” ဟာ Killer ကို ကိုယ္စားျပဳေၾကာင္း ေျပာသြားခဲ့ပါတယ္။

ဒါေၾကာင့္ Redmi အသုံးျပဳသူေတြၾကားမွာ Flagship Killer ဆိုတဲ့ ေဝါဟာရက တစ္ခါျပန္ၿပီး ႏိုးထလာခဲ့ၿပီျဖစ္ပါတယ္။ K ရဲ႕အဓိပၸါယ္ကို သိရၿပီဆိုေပမယ့္ 20 က ဘာအတြက္ အသုံးျပဳထားတာလဲဆိုတာေတာ့ ေမးခြန္းထုတ္ခ်င္စရာပါ။ ဒီကိန္းဂဏန္းဟာ ေဈးကြက္ေဖာ္ေဆာင္ေရးမွာ အသုံးခ်႐ုံသက္သက္ပဲလို႔ ဆိုရမွာပါ။ Weibing ကလည္း သူတို႔ဟာ Huawei ရဲ႕ ေဈးကြက္ခ်ဥ္းကပ္ပုံကို ေလ့လာအတုယူခဲ့ေၾကာင္း ဝန္ခံခဲ့ပါေသးတယ္။

သတင္းရင္းျမစ္ေတြအရေတာ့ ဒီဖုန္းဟာ 6.39-inch FHD+ AMOLED မ်က္ႏွာျပင္အမ်ိဳးအစားနဲ႔ျဖစ္ၿပီး Built-in fingerprint reader လည္းပါဝင္သလို Corning Gorilla Glass 6 လည္းျဖစ္တယ္လို႔ သိရပါတယ္။ အေရွ႕ကင္မရာကေတာ့ Pop-up အမ်ိဳးအစားျဖစ္ၿပီး 20MP sensor လို႔ ဆိုပါတယ္။ အဓိကအားသာခ်က္လို႔ဆိုရမွာက Snapdragon 855 Chipset ပါ။

ေက်ာဘက္မွာေတာ့ 48MP အဓိကကင္မရာကို 8MP Ultra-wide နဲ႔ 16MP telephoto sensors တို႔က တြဲဖက္ဝန္းရံေပးထားမွာပါ။ ဘက္ထရီဟာ 4,000mAh ပမာဏနဲ႔ျဖစ္ၿပီး 27W အျမန္အားသြင္းစနစ္ကို ေထာက္ပံ့ေပးထားတယ္လို႔ သိရပါတယ္။ Carbon Black, Glacier Blue နဲ႔ Flame Red စတဲ့အေရာင္ေတြနဲ႔ ထြက္လာမယ္လို႔လည္း သိရပါတယ္။ က်န္တဲ့ အဓိက အခ်က္အလက္ေတြနဲ႔ ေဈးႏႈန္းကို သိရဖို႔ေတာ့ ရက္အနည္းငယ္ ေစာင့္ဆိုင္းရဦးမွာပါ။

Ref: GSMArena

[Unicode]

Redmi ရဲ့ Flagship ဟာ K20 အမည်နဲ့ ထွက်မှာဖြစ်ကြောင်း ကုမ္ပဏီရဲ့ GM အတည်ပြု

မေလပထမပတ်တုန်းက Redmi K20 Pro အမည်နဲ့ Screen Protector ပေါ်ထွက်လာကတည်းက မကြာခင်ထွက်လာမယ့် Flagship အကြောင်းကို လူတိုင်းက စိတ်ဝင်စားနေတာဖြစ်ပါတယ်။ အခု မေလရဲ့ ဒုတိယပတ်ကုန်ဆုံးကာနီးမှာတော့ Snapdragon 855 သုံးထားတဲ့ Flagship ကို K20 လို့ အမည်ပေးမှာဖြစ်တယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပါတယ်။

Redmi အမှတ်တံဆိပ်ရဲ့ အထွေထွေမန်နေဂျာ Lu Weibing က Weibo မှာ ထွက်လာမယ့် Flagship ရဲ့ နာမည်နဲ့ ပတ်သက်ပြီး ကြေညာလိုက်တာက K20 လို့ ခေါ်မယ်ဆိုတဲ့ အကြောင်းပါပဲ။ ဒါ့အပြင် K series ဟာ Redmi ရဲ့ အရည်အသွေးမြင့် Flagship ဖြစ်ကြောင်းနဲ့ “K” ဟာ Killer ကို ကိုယ်စားပြုကြောင်း ပြောသွားခဲ့ပါတယ်။

ဒါကြောင့် Redmi အသုံးပြုသူတွေကြားမှာ Flagship Killer ဆိုတဲ့ ဝေါဟာရက တစ်ခါပြန်ပြီး နိုးထလာခဲ့ပြီဖြစ်ပါတယ်။ K ရဲ့အဓိပ္ပါယ်ကို သိရပြီဆိုပေမယ့် 20 က ဘာအတွက် အသုံးပြုထားတာလဲဆိုတာတော့ မေးခွန်းထုတ်ချင်စရာပါ။ ဒီကိန်းဂဏန်းဟာ ဈေးကွက်ဖော်ဆောင်ရေးမှာ အသုံးချရုံသက်သက်ပဲလို့ ဆိုရမှာပါ။ Weibing ကလည်း သူတို့ဟာ Huawei ရဲ့ ဈေးကွက်ချဉ်းကပ်ပုံကို လေ့လာအတုယူခဲ့ကြောင်း ဝန်ခံခဲ့ပါသေးတယ်။

သတင်းရင်းမြစ်တွေအရတော့ ဒီဖုန်းဟာ 6.39-inch FHD+ AMOLED မျက်နှာပြင်အမျိုးအစားနဲ့ဖြစ်ပြီး Built-in fingerprint reader လည်းပါဝင်သလို Corning Gorilla Glass 6 လည်းဖြစ်တယ်လို့ သိရပါတယ်။ အရှေ့ကင်မရာကတော့ Pop-up အမျိုးအစားဖြစ်ပြီး 20MP sensor လို့ ဆိုပါတယ်။ အဓိကအားသာချက်လို့ဆိုရမှာက Snapdragon 855 Chipset ပါ။

ကျောဘက်မှာတော့ 48MP အဓိကကင်မရာကို 8MP Ultra-wide နဲ့ 16MP telephoto sensors တို့က တွဲဖက်ဝန်းရံပေးထားမှာပါ။ ဘက်ထရီဟာ 4,000mAh ပမာဏနဲ့ဖြစ်ပြီး 27W အမြန်အားသွင်းစနစ်ကို ထောက်ပံ့ပေးထားတယ်လို့ သိရပါတယ်။ Carbon Black, Glacier Blue နဲ့ Flame Red စတဲ့အရောင်တွေနဲ့ ထွက်လာမယ်လို့လည်း သိရပါတယ်။ ကျန်တဲ့ အဓိက အချက်အလက်တွေနဲ့ ဈေးနှုန်းကို သိရဖို့တော့ ရက်အနည်းငယ် စောင့်ဆိုင်းရဦးမှာပါ။

Ref: GSMArena