[Zawgyi]

Redmi Note 7 နဲ႔အတူ ေအာင္ျမင္မႈေတြ ရယူႏိုင္ခဲ့ၿပီးတဲ့ေနာက္ Xiaomi ရဲ႕ အမွတ္တံဆိပ္ခြဲဟာ ေနာက္ထပ္ ေျခလွမ္းသစ္ျဖစ္တဲ့ Redmi Note 7 Pro ကို ဆက္လွမ္းခဲ့ပါတယ္။ Redmi Note 7 Pro ကို အခုထိ တရားဝင္မိတ္မဆက္ေသးေပမယ့္ ေပါက္ၾကားသတင္းေတြအရတင္ လူႀကိဳက္မ်ားဦးမယ္လို႔ ခန႔္မွန္းရပါတယ္။

Redmi Note 7 Pro မွာ 48 MP Camera သုံးထားမယ္လို႔ သတင္းထြက္ထားသလို မန္မိုရီကိုလည္း 6GB RAM သုံးမယ္လို႔ သိရပါတယ္။ ဒါေပမယ့္ SoC ပိုင္းမွာေတာ့ Snapdragon 675 ပဲ သုံးမယ္လို႔ သတင္းထြက္ထားတာပါ။ ဒါေၾကာင့္ Redmi က အခုလုပ္ငန္းစေနတဲ့ Snapdragon 855 သုံးမယ့္ဖုန္းဟာ ေနာက္ထပ္ တစ္မ်ိဳးျဖစ္မယ္လို႔ပဲ ဆိုရေတာ့မွာပါ။

အခုသတင္းထြက္လာတဲ့ Snapdragon 855 နဲ႔ Flagship ကို ဒီႏွစ္ထဲမွာပဲ ျဖန႔္ခ်ိႏိုင္ဖို႔ ရည္႐ြယ္ထားတယ္လို႔ သိရပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ အဓိကလူမႈကြန္ရက္ျဖစ္တဲ့ Weibo မွာ Redmi ရဲ႕ ဝန္ထမ္းေတြဟာ Snapdragon 855 နဲ႔ဖုန္းအတြက္ ေဆြးေႏြးေနၾကပုံကိုလည္း Lu Weibing က လႊင့္တင္ခဲ့ပါတယ္။

ဒီေဆြးေႏြးပြဲမွာ Redmi ရဲ႕ အနာဂတ္ဖုန္းႏွစ္လုံးအေၾကာင္းကို အေသးစိတ္ေျပာဆိုခဲ့ၾကေၾကာင္းလည္း ထည့္သြင္းေရးသားထားပါေသးတယ္။ ကုမၸဏီအေနနဲ႔ Mid-range နယ္ပယ္ထဲကေန ေနာက္တစ္ဆင့္ျမင့္တဲ့ Premium ေဈးကြက္ထဲကို ဆက္သြားႏိုင္ဖို႔ ႀကိဳးစားေနၾကတယ္လို႔လည္း Lu က ေျပာထားပါေသးတယ္။ အခုအခ်ိန္မွာေတာ့ Redmi ရဲ႕ Flagship အေၾကာင္း အေသးစိတ္မသိရေသးေပမယ့္ သိပ္မၾကာခင္မွာ သတင္းအစအနေတြ ထြက္ေပၚလာေတာ့မယ္လို႔ ယုံၾကည္ရပါတယ္။

Ref: GSMArena

[Unicode]

Snapdragon 855 နဲ့ Flagship အတွက် လုပ်ငန်းစနေတဲ့ Redmi

Redmi Note 7 နဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့ပြီးတဲ့နောက် Xiaomi ရဲ့ အမှတ်တံဆိပ်ခွဲဟာ နောက်ထပ် ခြေလှမ်းသစ်ဖြစ်တဲ့ Redmi Note 7 Pro ကို ဆက်လှမ်းခဲ့ပါတယ်။ Redmi Note 7 Pro ကို အခုထိ တရားဝင်မိတ်မဆက်သေးပေမယ့် ပေါက်ကြားသတင်းတွေအရတင် လူကြိုက်များဦးမယ်လို့ ခန့်မှန်းရပါတယ်။

Redmi Note 7 Pro မှာ 48 MP Camera သုံးထားမယ်လို့ သတင်းထွက်ထားသလို မန်မိုရီကိုလည်း 6GB RAM သုံးမယ်လို့ သိရပါတယ်။ ဒါပေမယ့် SoC ပိုင်းမှာတော့ Snapdragon 675 ပဲ သုံးမယ်လို့ သတင်းထွက်ထားတာပါ။ ဒါကြောင့် Redmi က အခုလုပ်ငန်းစနေတဲ့ Snapdragon 855 သုံးမယ့်ဖုန်းဟာ နောက်ထပ် တစ်မျိုးဖြစ်မယ်လို့ပဲ ဆိုရတော့မှာပါ။

အခုသတင်းထွက်လာတဲ့ Snapdragon 855 နဲ့ Flagship ကို ဒီနှစ်ထဲမှာပဲ ဖြန့်ချိနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ အဓိကလူမှုကွန်ရက်ဖြစ်တဲ့ Weibo မှာ Redmi ရဲ့ ဝန်ထမ်းတွေဟာ Snapdragon 855 နဲ့ဖုန်းအတွက် ဆွေးနွေးနေကြပုံကိုလည်း Lu Weibing က လွှင့်တင်ခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ Redmi ရဲ့ အနာဂတ်ဖုန်းနှစ်လုံးအကြောင်းကို အသေးစိတ်ပြောဆိုခဲ့ကြကြောင်းလည်း ထည့်သွင်းရေးသားထားပါသေးတယ်။ ကုမ္ပဏီအနေနဲ့ Mid-range နယ်ပယ်ထဲကနေ နောက်တစ်ဆင့်မြင့်တဲ့ Premium ဈေးကွက်ထဲကို ဆက်သွားနိုင်ဖို့ ကြိုးစားနေကြတယ်လို့လည်း Lu က ပြောထားပါသေးတယ်။ အခုအချိန်မှာတော့ Redmi ရဲ့ Flagship အကြောင်း အသေးစိတ်မသိရသေးပေမယ့် သိပ်မကြာခင်မှာ သတင်းအစအနတွေ ထွက်ပေါ်လာတော့မယ်လို့ ယုံကြည်ရပါတယ်။

Ref: GSMArena