[Zawgyi]

Xiaomi Developers Conference ကို ေဘဂ်င္းမွာ က်င္းပေနၿပီး စီအီးအို လီဂြ်န္က 5G ဖုန္းေတြ ထုတ္မယ့္ အေၾကာင္းကို ေျပာျပလိုက္ပါတယ္။ Dual-mode 5G ပါတဲ့ Redmi K30 ကို ဒီဇင္ဘာလမွာ ေၾကညာမယ္လို႔ သူက ေျပာပါတယ္။ အဲဒီ ဖုန္းရဲ႕ Specs ေတြကိုေတာ့ သူက မေျပာသြားပါဘူး။ Redmi ရဲ႕ အေထြေထြ မန္ေနဂ်ာ Lu Weibing ကေတာ့ Redmi K30 ကို ေနာက္ႏွစ္က်မွ ေၾကညာမယ္လို႔ မၾကာခင္က ေျပာထားတာက ထူးဆန္းေနပါတယ္။ Redmi K30 ကို ဒီဇင္ဘာလနဲ႔ Redmi K30 Pro ကို ၂၀၂၀ ခုႏွစ္ အေစာပိုင္းမွာ မိတ္ဆက္မယ္လို႔ ထင္ရပါတယ္။

မၾကာခင္က က်င္းပခဲ့တဲ့ China Mobile Global Partners Conference မွာ လီဂြ်န္က ယြမ္ ၂ ေထာင္အထက္ ဖုန္းအားလံုးမွာ 5G ထည့္သြင္းေပးမယ္လို႔ ေျပာထားပါတယ္။ ျမန္မာေငြ ၄ သိန္းနဲ႔အထက္ ဖုန္းေတြမွာ 5G ပါလာေတာ့မယ့္အတြက္ ေစ်းခ်ိဳခ်ိဳနဲ႔ 5G ဖုန္းေတြ ကိုင္ႏိုင္ေတာ့မွာပါ။ သူက ၂၀၂၀ ခုႏွစ္မွာ အနည္းဆံုး 5G ဖုန္း ၁၀ လံုး ထုတ္လုပ္ေရာင္းခ်မယ္လို႔ ေျပာပါတယ္။ လာမယ့္ႏွစ္ ပထမႏွစ္၀က္မွာ ေစ်းခ်ိဳတဲ့ Xiaomi ရဲ႕ 5G ဖုန္းေတြ ထြက္လာေတာ့မွာပါ။

Redmi K30 ဟာ Standalone (SA) နဲ႔ Non-standalone (NSA) Dual-mode 5G ကို ေထာက္ပံ့တဲ့ Xiaomi ရဲ႕ ပထမဆံုး ဖုန္း ျဖစ္လာမွာပါ။ ေဆးေတာင့္ပံုသ႑ာန္ Punch-hole Display Design မွာ အေရွ႕ ကင္မရာ ၂ လံုး တပ္ဆင္ထားမွာပါ။ Punch-hole Display ပါတဲ့ Redmi ရဲ႕ ပထမဆံုး ဖုန္းလည္း ျဖစ္လာမွာပါ။

Redmi K30 မွာ MediaTek 5G Chipset ပါလာႏုိင္ပါတယ္။ ဒါေပမယ့္လည္း Qualcomm 5G Chipset ကိုလည္း သံုးထားႏုိင္ပါတယ္။ Qualcomm က ပထမဆံုး Snapdragon 7 Series Dual-mode 5G SoC ကို ၀ီဘိုမွာ ေၾကညာထားၿပီး Redmi က အဲဒီ ပို႔စ္ကို မွ်ေ၀ထားပါတယ္။ အဲဒီအတြက္ Redmi K30 5G မွာ Snapdragon 735 5G Chipset ေမာင္းနွင္ထားႏုိင္ပါတယ္။

Ref : gizmochina

[Unicode]

Redmi K30 5G ကို ဒီဇင်ဘာလမှာ ကြေညာမယ်လို့ စီအီးအို ပြောလိုက်ပြီ

Xiaomi Developers Conference ကို ဘေဂျင်းမှာ ကျင်းပနေပြီး စီအီးအို လီဂျွန်က 5G ဖုန်းတွေ ထုတ်မယ့် အကြောင်းကို ပြောပြလိုက်ပါတယ်။ Dual-mode 5G ပါတဲ့ Redmi K30 ကို ဒီဇင်ဘာလမှာ ကြေညာမယ်လို့ သူက ပြောပါတယ်။ အဲဒီ ဖုန်းရဲ့ Specs တွေကိုတော့ သူက မပြောသွားပါဘူး။ Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing ကတော့ Redmi K30 ကို နောက်နှစ်ကျမှ ကြေညာမယ်လို့ မကြာခင်က ပြောထားတာက ထူးဆန်းနေပါတယ်။ Redmi K30 ကို ဒီဇင်ဘာလနဲ့ Redmi K30 Pro ကို ၂၀၂၀ ခုနှစ် အစောပိုင်းမှာ မိတ်ဆက်မယ်လို့ ထင်ရပါတယ်။

မကြာခင်က ကျင်းပခဲ့တဲ့ China Mobile Global Partners Conference မှာ လီဂျွန်က ယွမ် ၂ ထောင်အထက် ဖုန်းအားလုံးမှာ 5G ထည့်သွင်းပေးမယ်လို့ ပြောထားပါတယ်။ မြန်မာငွေ ၄ သိန်းနဲ့အထက် ဖုန်းတွေမှာ 5G ပါလာတော့မယ့်အတွက် ဈေးချိုချိုနဲ့ 5G ဖုန်းတွေ ကိုင်နိုင်တော့မှာပါ။ သူက ၂၀၂၀ ခုနှစ်မှာ အနည်းဆုံး 5G ဖုန်း ၁၀ လုံး ထုတ်လုပ်ရောင်းချမယ်လို့ ပြောပါတယ်။ လာမယ့်နှစ် ပထမနှစ်ဝက်မှာ ဈေးချိုတဲ့ Xiaomi ရဲ့ 5G ဖုန်းတွေ ထွက်လာတော့မှာပါ။

Redmi K30 ဟာ Standalone (SA) နဲ့ Non-standalone (NSA) Dual-mode 5G ကို ထောက်ပံ့တဲ့ Xiaomi ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။ ဆေးတောင့်ပုံသဏ္ဍာန် Punch-hole Display Design မှာ အရှေ့ ကင်မရာ ၂ လုံး တပ်ဆင်ထားမှာပါ။ Punch-hole Display ပါတဲ့ Redmi ရဲ့ ပထမဆုံး ဖုန်းလည်း ဖြစ်လာမှာပါ။

Redmi K30 မှာ MediaTek 5G Chipset ပါလာနိုင်ပါတယ်။ ဒါပေမယ့်လည်း Qualcomm 5G Chipset ကိုလည်း သုံးထားနိုင်ပါတယ်။ Qualcomm က ပထမဆုံး Snapdragon 7 Series Dual-mode 5G SoC ကို ဝီဘိုမှာ ကြေညာထားပြီး Redmi က အဲဒီ ပို့စ်ကို မျှဝေထားပါတယ်။ အဲဒီအတွက် Redmi K30 5G မှာ Snapdragon 735 5G Chipset မောင်းနှင်ထားနိုင်ပါတယ်။

Ref : gizmochina