[Zawgyi]

Vivo X30 နဲ႔ Redmi K30 အပါအ၀င္ မၾကာခင္ထြက္လာေတာ့မယ့္ အလန္းစား ဖုန္းေတြ ရွိေနပါတယ္။ Xiaomi က ဒီဇင္ဘာလမွာ Redmi K30 ကို ေၾကညာမယ္လို႔ အတည္ျပဳထားပါတယ္။ အခုေတာ့ အဲဒီဖုန္းရဲ႕ သတင္းအခ်က္အလက္ အနည္းငယ္ကို သိလာရပါၿပီ။ XDA ရဲ႕ သတင္းအရ အဲဒီ ဖုန္းရဲ႕ လွ်ိဳ႕၀ွက္နာမည္ဟာ Pheonix ျဖစ္ၿပီး 120Hz Refresh Rate Display နဲ႔ ေဘးဘက္ လက္ေဗြရာ ဆန္ဆာပါလာမယ္လို႔ သိရပါတယ္။

XDA က မၾကာခင္ ထြက္ထားတဲ့ MIUI 11 Nightly Builds က သတင္းအခ်က္အလက္ေတြမွာ ဒီအေထာက္အထားေတြေတြ႕ရတယ္လို႔ ေျပာပါတယ္။ အရင္သတင္းေတြအရ အေရွ႕ဘက္မွာ Dual Punch-hole Camera တပ္ဆင္ထားႏုိင္ပါတယ္။ အေရွ႕ Camera ၂ လံုးကို Galaxy S10+ မွာလို ညာဘက္အထက္ေထာင့္မွာ တပ္ဆင္ထားႏုိင္ပါတယ္။

စြမ္းရည္သင့္ ဖုန္းမွာ 120Hz Refresh Rate ပါမယ္ဆိုတာက ေတာ္ေတာ္မိုက္ပါတယ္။ လက္ရွိ ဖုန္းေတြမွာ 60Hz နဲ႔ အမ်ားဆံုး အေနနဲ႔ 90Hz Refresh Rate ေတြပဲ ထည့္ထားပါတယ္။ အဲဒီအတြက္ 120Hz ပါရင္ေတာ့ ဆရာက်သြားပါၿပီ။ ေနာက္ထပ္ အလန္းစား ၁ ခုက Sony IMX686 60MP Sensor ျဖစ္ပါတယ္။ Redmi K30 ဟာ Standalone (SA) နဲ႔ Non-standalone (NSA) Dual-mode 5G ကို ေထာက္ပံ့တဲ့ Xiaomi ရဲ႕ ပထမဆံုး ဖုန္း ျဖစ္လာမွာပါ။

Redmi K30 မွာ MediaTek 5G Chipset ပါလာႏုိင္သလို  Qualcomm 5G Chipset ကိုလည္း သံုးထားႏုိင္ပါတယ္။ 5G ဆက္သြယ္မႈ ပါလာမယ့္အတြက္ အင္တာနက္ အျမန္ႏႈန္းက ဖလန္းဖလန္းထေနမွာ ေသခ်ာပါတယ္။

Ref : gizmochina

[Unicode]

ဂိမ်းဆော့ရင် ပိုမိုက်စေမယ့် 120Hz Display နဲ့ ပွဲထွက်လာနိုင်တဲ့ Redmi K30

Vivo X30 နဲ့ Redmi K30 အပါအဝင် မကြာခင်ထွက်လာတော့မယ့် အလန်းစား ဖုန်းတွေ ရှိနေပါတယ်။ Xiaomi က ဒီဇင်ဘာလမှာ Redmi K30 ကို ကြေညာမယ်လို့ အတည်ပြုထားပါတယ်။ အခုတော့ အဲဒီဖုန်းရဲ့ သတင်းအချက်အလက် အနည်းငယ်ကို သိလာရပါပြီ။ XDA ရဲ့ သတင်းအရ အဲဒီ ဖုန်းရဲ့ လျှို့ဝှက်နာမည်ဟာ Pheonix ဖြစ်ပြီး 120Hz Refresh Rate Display နဲ့ ဘေးဘက် လက်ဗွေရာ ဆန်ဆာပါလာမယ်လို့ သိရပါတယ်။

XDA က မကြာခင် ထွက်ထားတဲ့ MIUI 11 Nightly Builds က သတင်းအချက်အလက်တွေမှာ ဒီအထောက်အထားတွေတွေ့ရတယ်လို့ ပြောပါတယ်။ အရင်သတင်းတွေအရ အရှေ့ဘက်မှာ Dual Punch-hole Camera တပ်ဆင်ထားနိုင်ပါတယ်။ အရှေ့ Camera ၂ လုံးကို Galaxy S10+ မှာလို ညာဘက်အထက်ထောင့်မှာ တပ်ဆင်ထားနိုင်ပါတယ်။

စွမ်းရည်သင့် ဖုန်းမှာ 120Hz Refresh Rate ပါမယ်ဆိုတာက တော်တော်မိုက်ပါတယ်။ လက်ရှိ ဖုန်းတွေမှာ 60Hz နဲ့ အများဆုံး အနေနဲ့ 90Hz Refresh Rate တွေပဲ ထည့်ထားပါတယ်။ အဲဒီအတွက် 120Hz ပါရင်တော့ ဆရာကျသွားပါပြီ။ နောက်ထပ် အလန်းစား ၁ ခုက Sony IMX686 60MP Sensor ဖြစ်ပါတယ်။ Redmi K30 ဟာ Standalone (SA) နဲ့ Non-standalone (NSA) Dual-mode 5G ကို ထောက်ပံ့တဲ့ Xiaomi ရဲ့ ပထမဆုံး ဖုန်း ဖြစ်လာမှာပါ။

Redmi K30 မှာ MediaTek 5G Chipset ပါလာနိုင်သလို Qualcomm 5G Chipset ကိုလည်း သုံးထားနိုင်ပါတယ်။ 5G ဆက်သွယ်မှု ပါလာမယ့်အတွက် အင်တာနက် အမြန်နှုန်းက ဖလန်းဖလန်းထနေမှာ သေချာပါတယ်။

Ref : gizmochina