[Zawgyi]

တရုတ္မွာ Redmi K30 5G ကို ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ ေၾကညာေတာ့မွာပါ။ အဲဒီဖုန္းမွာ Dual-Punch Hole Front Cameras ပါလာမွာ ျဖစ္ၿပီး Rear Cameras ေတြကို ေဒါင္လိုက္တပ္ဆင္ထားမွာပါ။ အခုေတာ့ ၀ီဘိုမွာ အဲဒီဖုန္းရဲ႕ ဓါတ္ပံုေတြ ေပါက္ၾကားထြက္ေပၚလာပါတယ္။ ဓါတ္ပံုအရ Dual-Punch Hole Cameras ကို ညာဘက္ထိပ္မွာ ေဆးေတာင့္ပံုသ႑ာန္ တပ္ဆင္ထားၿပီး Rear Cameras ေတြကို အလယ္နားမွာ ေဒါင္လိုက္တပ္ဆင္ထားတာ ျမင္ရပါတယ္။

Rear Cameras ေတြအေၾကာင္း သိပ္ေတာ့ မသိရေသးေပမယ့္ ၄ လံုးကို ေဆးေတာင့္ပံုသ႑ာန္ ထည့္သြင္းထားပါတယ္။ အဲဒီပံုဟာ ကုမၸဏီက တရား၀င္ မွ်ေ၀ထားတာ မဟုတ္တဲ့အတြက္ အမွန္အကန္ ပံုလို႔ မေျပာႏိုင္ေသးပါဘူး။

Redmi K30 ဟာ ကုမၸဏီရဲ႕ ပထမဆံုး 5G စမတ္ဖုန္း ျဖစ္ၿပီး Standalone နဲ႔ Non-standalone Network ကို ေထာက္ပံ့ပါတယ္။ ကမာၻ႕ပထမဆံုး High-resolution Sensor ပါမယ္လို႔ ကုမၸဏီက အတည္ျပဳထားပါတယ္။ 5G ပါတဲ့ Snapdragon 7xx Series Processor ေမာင္းႏွင္ထားမယ္လို႔ ထင္ပါတယ္။ Rear Cameras ေတြက အရမ္းလန္းႏုိင္ၿပီး အရြယ္ႀကီး ဘက္ထရီနဲ႔ လွ်င္ျမန္စြာ အားသြင္းစနစ္ ပါလာႏုိင္ပါတယ္။

Redmi K30 နဲ႔ K30 Pro ဆိုၿပီး ၂ မ်ိဳးထြက္လာႏုိင္ပါတယ္။ လက္ရွိမွာ အဲဒီဖုန္းေတြရဲ႕ သတင္းအခ်က္အလက္ေတြကို ဒီေလာက္ပဲသိရပါေသးတယ္။ လာမယ့္လမွာေတာ့ သတင္းအခ်က္အလက္ အေသးစိတ္ကို သိရေတာ့မွာပါ။

Ref : gizmochina

[Unicode]

Redmi K30 ရဲ့ ကြော်ငြာဓာတ်ပုံတွေ ထွက်ပေါ်လာ

တရုတ်မှာ Redmi K30 5G ကို ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကြေညာတော့မှာပါ။ အဲဒီဖုန်းမှာ Dual-Punch Hole Front Cameras ပါလာမှာ ဖြစ်ပြီး Rear Cameras တွေကို ဒေါင်လိုက်တပ်ဆင်ထားမှာပါ။ အခုတော့ ဝီဘိုမှာ အဲဒီဖုန်းရဲ့ ဓါတ်ပုံတွေ ပေါက်ကြားထွက်ပေါ်လာပါတယ်။ ဓါတ်ပုံအရ Dual-Punch Hole Cameras ကို ညာဘက်ထိပ်မှာ ဆေးတောင့်ပုံသဏ္ဍာန် တပ်ဆင်ထားပြီး Rear Cameras တွေကို အလယ်နားမှာ ဒေါင်လိုက်တပ်ဆင်ထားတာ မြင်ရပါတယ်။

Rear Cameras တွေအကြောင်း သိပ်တော့ မသိရသေးပေမယ့် ၄ လုံးကို ဆေးတောင့်ပုံသဏ္ဍာန် ထည့်သွင်းထားပါတယ်။ အဲဒီပုံဟာ ကုမ္ပဏီက တရားဝင် မျှဝေထားတာ မဟုတ်တဲ့အတွက် အမှန်အကန် ပုံလို့ မပြောနိုင်သေးပါဘူး။

Redmi K30 ဟာ ကုမ္ပဏီရဲ့ ပထမဆုံး 5G စမတ်ဖုန်း ဖြစ်ပြီး Standalone နဲ့ Non-standalone Network ကို ထောက်ပံ့ပါတယ်။ ကမ္ဘာ့ပထမဆုံး High-resolution Sensor ပါမယ်လို့ ကုမ္ပဏီက အတည်ပြုထားပါတယ်။ 5G ပါတဲ့ Snapdragon 7xx Series Processor မောင်းနှင်ထားမယ်လို့ ထင်ပါတယ်။ Rear Cameras တွေက အရမ်းလန်းနိုင်ပြီး အရွယ်ကြီး ဘက်ထရီနဲ့ လျှင်မြန်စွာ အားသွင်းစနစ် ပါလာနိုင်ပါတယ်။

Redmi K30 နဲ့ K30 Pro ဆိုပြီး ၂ မျိုးထွက်လာနိုင်ပါတယ်။ လက်ရှိမှာ အဲဒီဖုန်းတွေရဲ့ သတင်းအချက်အလက်တွေကို ဒီလောက်ပဲသိရပါသေးတယ်။ လာမယ့်လမှာတော့ သတင်းအချက်အလက် အသေးစိတ်ကို သိရတော့မှာပါ။

Ref : gizmochina