Redmi K30 Pro ဟာ အခုလနှောင်းပိုင်းမှာ ထွက်ရှိလာမှာဖြစ်ပြီး နီးကပ်လာတာနဲ့အမျှ Leak သတင်းတွေလည်း ပိုမြင်တွေ့လာရပါပြီ။ ဒီဖုန်းမှာ Snapdragon 865 ချစ်ပ်ဆက်၊ 5G ချိတ်ဆက်နိုင်စွမ်းနဲ့ Notchless Display တို့ ပါလာမယ် ဆိုတာ သိထားပြီးသားဖြစ်ပါတယ်။

ယနေ့မှာတော့ Redmi K30 Pro ရဲ့ ပကတိရုပ်ပုံတွေထွက်ပေါ်လာပြီး ဖုန်းရဲ့နောက်ဘက်ကင်မရာတွေကို မြင်တွေ့ရသလို Pop-up ဆဲလ်ဖီကိုလည်း ဖော်ပြလာခဲ့ပါတယ်။

K30 Pro ဖုန်းကို ဒီဇိုင်းသေချာမမြင်ရအောင် အကြိုထုတ်လုပ်မှု Case ကာပြီး ပြသခဲ့တာဖြစ်ပေမယ့် စက်ဝိုင်းပုံသဏ္ဍာန် Module ထဲက Quad-camera အတွဲကိုတော့ ရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ အဓိက Sensor က Redmi K30 စီးရီးမှာမြင်ခဲ့ရတဲ့ 64MP Sony IMX686 ပဲဖြစ်မှာပါ။

အခုတွေ့ရတဲ့ ပုံတွေအပြင် Redmi ရဲ့ အထွေထွေမန်နေဂျာ Lu Weibing ကလည်း သူ့ရဲ့ Weibo အကောင့်မှာ “Redmi K30 Pro Zoom Version” အမည်ကို Tease လုပ်လာပြန်ပါတယ်။ အချက်အလက် သေသေချာချာမထုတ်ပြန်ပေမယ့် K30 နဲ့ K30 5G တို့မှာမပါခဲ့တဲ့ Telephoto Lens ကို ရည်ညွှန်းတာဖြစ်နိုင်ပါတယ်။

ကြိုတင်ထွက်ရှိထားတဲ့ သတင်းတွေအရဆိုရင် K30 Pro ရဲ့ အဓိက ကင်မရာနဲ့ Telephoto Lens တွေမှာ Optical Image Stabilization ပါလာမှာပါ။ ဒီဖုန်းမှာ 4,700 mAh ဘက္ထရီကို 33W အားအမြန်သွင်းစနစ်နဲ့ ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။ လာမယ့်ရက်တွေမှာ တချို့ Specs တွေကို တရားဝင်အတည်ပြုလာဦးမယ်လို့ မျှော်လင့်ရပါတယ်။

Ref – GSM Arena