Xiaomi ကနေ ပြီးခဲ့တဲ့နှစ်တုန်းက Redmi ကို သီးသန့်အနေနဲ့ ခွဲထုတ်လိုက်ပြီးတော့ စမတ်ဖုန်းတွေကိုလည်း ပုံစံပြောင်းပြီးထုတ်လုပ်လာခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ Redmi ဖုန်းအသစ်တွေထဲကမှ Redmi K20 Pro ဖုန်းဟာဆိုရင်လည်း Flagship Killer ဖုန်းတစ်လုံးအနေနဲ့ အောင်မြင်မှုအကြီးအကျယ်ရရှိခဲ့တာပါ။

အခုလည်း Redmi ကနေ K30 စမတ်ဖုန်းကိုတော့ မိတ်ဆက်ရောင်းချနေပြီဖြစ်ပြီး ဒီနှစ်အတွက် Flagship Killer ဖုန်းလို့ပြောနိုင်တဲ့ Redmi K30 Pro ဖုန်းကို လာမယ့် မတ်လကုန်မှ မိတ်ဆက်သွားမှာဖြစ်ပါတယ်။ အဆိုပါ Redmi K30 Pro ဖုန်းမှာတော့ Pop-up Selfie Camera အပြင် Snapdragon 865 Processor ပါဝင်နေဖို့ကတော့ ကျိန်းသေနေပါပြီ။

အခုလည်း Leakster တစ်ဦးဖြစ်တဲ့ Ishan Agarwal ကနေ Twitter Post ကနေ တစ်ဆင့် စိတ်ဝင်စားစရာသတင်းတစ်ခုကို ဖော်ပြခဲ့ပါတယ်။ သူ့ရဲ့ ပြောကြားချက်အရတော့ Redmi K30 Pro ဖုန်းဟာ စျေးအသက်သာဆုံး Snapdragon 865 Processor အသုံးပြုလာတဲ့စမတ်ဖုန်းတစ်လုံးဖြစ်လာမှာဖြစ်ပြီး Performance ကိုပဲ အဓိကထားမှာဖြစ်တဲ့အတွက် Camera လိုမျိုး တခြား Feature တွေမှာတော့ သိသိသာသာတိုးတက်လာမှာမဟုတ်ပါဘူး။

နောက်ထပ်သတင်းတစ်ခုကတော့ POCO ကလည်း POCO F2 ကို မကြာခင်မှာ မိတ်ဆက်လာတော့မယ်လို့ သတင်းတွေထုတ်ထားတဲ့အတွက် Redmi K30 Pro ဖုန်းကိုပဲ နာမည်ပြောင်းလဲပြီးတော့ India စျေးကွက်အတွက် မိတ်ဆက်လာဖို့များနေပါတယ်။

Ref – Gizmo China