[Zawgyi]

Redmi က K30 Series ေတြရဲ႕ သတင္းအခ်က္အလက္ေတြကို မၾကာခဏ မွ်ေ၀ေနပါတယ္။ မၾကာခင္ကပဲ Xiaomi ရဲ႕ စီအီးအိုက Redmi K30 ကို ဒီႏွစ္ကုန္မွာ ေၾကညာမယ္လို႔ သတင္းေပးခဲ့ပါတယ္။ အခုေတာ့ ေၾကညာမယ့္ ေန႔ကို Redmi ရဲ႕ အေထြေထြ မန္ေနဂ်ာ Lu Weibing က အတည္ျပဳလိုက္ပါတယ္။ ဒီဇင္ဘာလ ၁၀ ရက္ေန႔မွာ Redmi K30 ကို တရုတ္မွာ မိတ္ဆက္ေတာ့မွာပါ။ K30 Pro ကိုေတာ့ ေနာက္ႏွစ္က်မွ ေၾကညာႏုိင္ပါတယ္။

Redmi K30 ဟာ SA , NSA Mode ေထာက္ပံ့ၿပီး Dual-mode 5G ပါတဲ့ ကုမၸဏီရဲ႕ ပထမဆံုး ဖုန္းေတြ ျဖစ္လာမွာပါ။ Punch-hole Display လည္း ထည့္သြင္းထားမွာျဖစ္ၿပီး အေရွ႕ ကင္မရာ ၂ လံုး ပါလာမွာပါ။ 30W Fast Charging နည္းပညာ ပါမယ္လို႔လည္း အတည္ျပဳထားၿပီးပါၿပီ။ အဲဒါေတြကလြဲၿပီး ကုမၸဏီက တျခား သတင္းအခ်က္အလက္ေတြကို မေျပာေသးပါဘူး။

ေပါက္ၾကားထြက္ေပၚေနတဲ့ သတင္းေတြအရ Redmi K30 မွာ ၆.၆၆ လက္မ 1080x2400p Full HD+ Display နဲ႔ ေဘးဘက္ လက္ေဗြရာ အာရံုခံ ဆန္ဆာပါလာမွာပါ။ Dual-mode 5G ပါတဲ့  Qualcomm ရဲ႕ 7xx Series Processor အသစ္ ေမာင္းႏွင္ထားၿပီး Adreno 618 Graphics Processor ပါလာႏုိင္ပါတယ္။

မၾကာခင္က ေပါက္ၾကားထြက္ေပၚခဲ့တဲ့ ဓါတ္ပံုအရ 120Hz Refresh Rate ပါလာႏုိင္ပါတယ္။ ဒါေပမယ့္ အဲဒီ နည္းပညာဟာ Pro Model မွာပဲ ထည့္သြင္းထားႏုိင္ပါတယ္။  Android 9 Pie အေျချပဳ MIUI 11 ေမာင္းႏွင္ထားႏုိင္ပါတယ္။ ေနာက္လမွာ အဲဒီဖုန္းရဲ႕ သတင္းအခ်က္အလက္ အျပည့္အစံုကို သိလာရေတာ့မွာပါ။

Ref : gizmochina

[Unicode]

Redmi K30 ကို ဒီဇင်ဘာလ ၁၀ ရက်မှာ ကြေညာမှာ သေချာပြီ

Redmi က K30 Series တွေရဲ့ သတင်းအချက်အလက်တွေကို မကြာခဏ မျှဝေနေပါတယ်။ မကြာခင်ကပဲ Xiaomi ရဲ့ စီအီးအိုက Redmi K30 ကို ဒီနှစ်ကုန်မှာ ကြေညာမယ်လို့ သတင်းပေးခဲ့ပါတယ်။ အခုတော့ ကြေညာမယ့် နေ့ကို Redmi ရဲ့ အထွေထွေ မန်နေဂျာ Lu Weibing က အတည်ပြုလိုက်ပါတယ်။ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ Redmi K30 ကို တရုတ်မှာ မိတ်ဆက်တော့မှာပါ။ K30 Pro ကိုတော့ နောက်နှစ်ကျမှ ကြေညာနိုင်ပါတယ်။

Redmi K30 ဟာ SA , NSA Mode ထောက်ပံ့ပြီး Dual-mode 5G ပါတဲ့ ကုမ္ပဏီရဲ့ ပထမဆုံး ဖုန်းတွေ ဖြစ်လာမှာပါ။ Punch-hole Display လည်း ထည့်သွင်းထားမှာဖြစ်ပြီး အရှေ့ ကင်မရာ ၂ လုံး ပါလာမှာပါ။ 30W Fast Charging နည်းပညာ ပါမယ်လို့လည်း အတည်ပြုထားပြီးပါပြီ။ အဲဒါတွေကလွဲပြီး ကုမ္ပဏီက တခြား သတင်းအချက်အလက်တွေကို မပြောသေးပါဘူး။

ပေါက်ကြားထွက်ပေါ်နေတဲ့ သတင်းတွေအရ Redmi K30 မှာ ၆.၆၆ လက်မ 1080x2400p Full HD+ Display နဲ့ ဘေးဘက် လက်ဗွေရာ အာရုံခံ ဆန်ဆာပါလာမှာပါ။ Dual-mode 5G ပါတဲ့ Qualcomm ရဲ့ 7xx Series Processor အသစ် မောင်းနှင်ထားပြီး Adreno 618 Graphics Processor ပါလာနိုင်ပါတယ်။

မကြာခင်က ပေါက်ကြားထွက်ပေါ်ခဲ့တဲ့ ဓါတ်ပုံအရ 120Hz Refresh Rate ပါလာနိုင်ပါတယ်။ ဒါပေမယ့် အဲဒီ နည်းပညာဟာ Pro Model မှာပဲ ထည့်သွင်းထားနိုင်ပါတယ်။ Android 9 Pie အခြေပြု MIUI 11 မောင်းနှင်ထားနိုင်ပါတယ်။ နောက်လမှာ အဲဒီဖုန်းရဲ့ သတင်းအချက်အလက် အပြည့်အစုံကို သိလာရတော့မှာပါ။

Ref : gizmochina