[Zawgyi]

တရုတ္မွာ Redmi ရဲ႕ စြမ္းရည္ျမင့္ အလန္းစား K30 ကို လာမယ့္လ ၁၀ ရက္ေန႔မွာ ေၾကညာေတာ့မွာျဖစ္ပါတယ္။ ကုမၸဏီက အဲဒီဖုန္းရဲ႕ သတင္းအခ်က္အလက္ေတြကို မၾကာခဏ မွ်ေ၀ေနပါတယ္။ အခုလည္း Redmi ရဲ႕ အေထြေထြ မန္ေနဂ်ာ ျဖစ္သူ Lu Weibing က ကမာၻ႕ပထမဆံုး High-resolution Image Sensor ပါမယ္လို႔ အတည္ျပဳလိုက္ပါတယ္။

သူက အဲဒီ Sensor ရဲ႕ အေသးစိတ္သတင္းအခ်က္အလက္ကို မေျပာေပမယ့္ K30 မွာ Sony IMX686 Image Sensor အသစ္ ပါလာႏိုင္ၿပီး 60MP Resolution ျဖစ္ႏိုင္ပါတယ္။ SA နဲ႔ NSA Mode ေတြကို ေထာက္ပံ့တဲ့ Dual-mode 5G ပါမယ္ဆိုတာကိုလည္း အတည္ျပဳၿပီးပါၿပီ။ ကုမၸဏီက မွ်ေ၀ခဲ့တဲ့ Teaser Image အရ Punch-hole Display ပါလာမွာ ျဖစ္ၿပီး ဆဲလ္ဖီး ကင္မရာ ၂ လံုး တပ္ဆင္ထားပါတယ္။

ေပါက္ၾကားသတင္းေတြအရ K30 မွာ ၆.၆၆ လက္မ 1080x2400p Full HD+ Display နဲ႔ ေဘးဘက္လက္ေဗြရာ ကိရိယာ ပါလာႏုိင္ပါတယ္။ Qualcomm ရဲ႕ 7xx Series Processor ေမာင္းနွင္ထားမွာပါ။ 120Hz Refresh Rate ပါလာမယ့္အတြက္ ဂိမ္း ကစားရင္ ဖလန္းဖလန္းထေနမွာပါ။ Upper Mid-range ဖုန္းမွာ ဒီလို နည္းပညာပါလာတာက ေတာ္ေတာ္ မိုက္ေနမွာပါ။ ဒါေပမယ့္ K30 မွာ 90Hz နဲ႔ Pro Model မွာ 120Hz ပါလာမွာ ျဖစ္ႏုိင္ပါတယ္။

Android 10 အေျချပဳ MIUI 11 ေမာင္းႏွင္ထားႏုိင္ပါတယ္။ Specs အျပည့္အစံု၊ ေစ်းႏႈန္းနဲ႔ ေရာင္းခ်မယ့္ အခ်ိန္ေတြကို တရား၀င္ သိရဖို႔ ရက္အနည္းငယ္ပဲ လိုပါေတာ့တယ္။

Ref : gizmochina

[Unicode]

Redmi K30 မှာ ကမ္ဘာ့ပထမဆုံး High-resolution Image Sensor ပါမည်

တရုတ်မှာ Redmi ရဲ့ စွမ်းရည်မြင့် အလန်းစား K30 ကို လာမယ့်လ ၁၀ ရက်နေ့မှာ ကြေညာတော့မှာဖြစ်ပါတယ်။ ကုမ္ပဏီက အဲဒီဖုန်းရဲ့ သတင်းအချက်အလက်တွေကို မကြာခဏ မျှဝေနေပါတယ်။ အခုလည်း Redmi ရဲ့ အထွေထွေ မန်နေဂျာ ဖြစ်သူ Lu Weibing က ကမ္ဘာ့ပထမဆုံး High-resolution Image Sensor ပါမယ်လို့ အတည်ပြုလိုက်ပါတယ်။

သူက အဲဒီ Sensor ရဲ့ အသေးစိတ်သတင်းအချက်အလက်ကို မပြောပေမယ့် K30 မှာ Sony IMX686 Image Sensor အသစ် ပါလာနိုင်ပြီး 60MP Resolution ဖြစ်နိုင်ပါတယ်။ SA နဲ့ NSA Mode တွေကို ထောက်ပံ့တဲ့ Dual-mode 5G ပါမယ်ဆိုတာကိုလည်း အတည်ပြုပြီးပါပြီ။ ကုမ္ပဏီက မျှဝေခဲ့တဲ့ Teaser Image အရ Punch-hole Display ပါလာမှာ ဖြစ်ပြီး ဆဲလ်ဖီး ကင်မရာ ၂ လုံး တပ်ဆင်ထားပါတယ်။

ပေါက်ကြားသတင်းတွေအရ K30 မှာ ၆.၆၆ လက်မ 1080x2400p Full HD+ Display နဲ့ ဘေးဘက်လက်ဗွေရာ ကိရိယာ ပါလာနိုင်ပါတယ်။ Qualcomm ရဲ့ 7xx Series Processor မောင်းနှင်ထားမှာပါ။ 120Hz Refresh Rate ပါလာမယ့်အတွက် ဂိမ်း ကစားရင် ဖလန်းဖလန်းထနေမှာပါ။ Upper Mid-range ဖုန်းမှာ ဒီလို နည်းပညာပါလာတာက တော်တော် မိုက်နေမှာပါ။ ဒါပေမယ့် K30 မှာ 90Hz နဲ့ Pro Model မှာ 120Hz ပါလာမှာ ဖြစ်နိုင်ပါတယ်။

Android 10 အခြေပြု MIUI 11 မောင်းနှင်ထားနိုင်ပါတယ်။ Specs အပြည့်အစုံ၊ ဈေးနှုန်းနဲ့ ရောင်းချမယ့် အချိန်တွေကို တရားဝင် သိရဖို့ ရက်အနည်းငယ်ပဲ လိုပါတော့တယ်။

Ref : gizmochina