Xiaomi ဟာ ပြီးခဲ့တဲ့ရက်ပိုင်းတုန်းက တရုတ်နိုင်ငံတွင်းမှာ Redmi Note 11T Pro နဲ့ Redmi Note 11T Pro+ ဖုန်းတွေကို တရားဝင်မိတ်ဆက်ခဲ့ပါတယ်။ အခုထွက်ပေါ်လာတဲ့သတင်းတွေအရ Xiaomi ကနေ အဆိုပါစမတ်ဖုန်းတွေကို India အပါအဝင် Global စျေးကွက်ကိုပါ မိတ်ဆက်သွားဦးမှာဖြစ်ပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့သတင်းတွေအရ Xiaomi ဟာ Redmi Note 11T Pro နဲ့ Redmi Note 11T Pro+ ဖုန်းတွေကို Redmi K50i နဲ့ Redmi K50i Pro အဖြစ် နာမည်ပြောင်းလဲပြီး မိတ်ဆက်သွားမယ်လို့ သိရပါတယ်။ အစောပိုင်းတုန်းက အဆိုပါဖုန်းတွေကို POCO X4 GT နာမည်နဲ့ မိတ်ဆက်သွားမယ်ဆိုပြီး သတင်းထွက်ပေါ်ခဲ့ဖူးတာကြောင့် POCO Brand အောက်ကနေလည်း အလားတူစမတ်ဖုန်းတွေကို မိတ်ဆက်လာနိုင်သေးတယ်။

Redmi K50i စမတ်ဖုန်းဟာ 50MP Primary Camera ပဲပါဝင်မှာဖြစ်ပြီး Redmi K50i Pro ဖုန်းအနေနဲ့ကတော့ 108MP Primary Camera ကိုအသုံးပြုထားတာဖြစ်ပါတယ်။ K50i နဲ့ K50i Pro ဖုန်းတွေဟာ 6.6″ Full HD+ LCD Display ၊ 144Hz Refresh Rate ၊ 16MP Front Selfie Camera တွေကို အသုံးထားမှာလည်းဖြစ်ပါတယ်။

Performance ပိုင်းအနေနဲ့ကတော့ MediaTek Dimensity 8100 Chipset ကို K50i ရော K50i Pro ဖုန်းမှာပါ အသုံးပြုထားမှာဖြစ်ပါတယ်။ ကျန်တဲ့ Feature တွေအနေနဲ့ကတော့ Side Mounted Fingerprint Sensor ၊ Redmi K50i မှာ 67W Fast Charing ထောက်ပံ့ပေးနိုင်တဲ့ 5080mAh နဲ့ Redmi K50i Pro ဖုန်းမှာတော့ 120W Fast Charging ပါဝင်တဲ့ 4400mAh Battery တွေပါဝင်မယ်လို့ သိရပါတယ်။

Ref – Gizmo China