နဂိုကတည်းကမှ ဈေးကြီးရတဲ့အထဲ iPhone 15 Series တွေ ဈေးတက်မယ်ဆိုတဲ့သတင်းထွက်လာတဲ့အတွက် iPhone Fans တွေအတွက် ကြေကွဲစရာပါ။ Apple ဟာ iPhone 15 Series ကို ဈေးတက်မယ်ဆိုတဲ့သတင်းတွေ မကြာခဏထွက်ပေါ်လာပေမယ့် ဒီတစ်ကြိမ်မှာ တက်မယ့်ဈေးကိုပါ သိလာရပါပြီ။

New Apple Leak Confirms iPhone 15 Release Shock

Barclays ရဲ့ လေ့လာဆန်းစစ်သူ Tim Long က iPhone 15 နဲ့ 15 Plus  တို့က ဈေးမတက်ပေမယ့် Pro ဟာ ဒေါ်လာ ၁၀၀ နဲ့ iPhone 15 Pro Max ဟာ ဒေါ်လာ ၁၀၀ သို့မဟုတ် ဒေါ်လာ ၂၀၀ လောက်တက်သွားနိုင်တယ်လို့ ပြောပါတယ်။

Apple ဟာ iPhone 15 Series တွေဟာ လက်ရှိ iPhone 14 Series လောက် ဝယ်လိုအားများမယ်လို့ တွက်ချက်ထားတာဖြစ်ပြီး Pro မော်ဒယ်တွေဟာ ရိုးရိုး မော်ဒယ်ထက် ရောင်းအားပိုကောင်းမှာပါ။ Apple က လူတွေဟာ ၂၀၂၃ ခုနှစ်မှာ iPhone 15 ၈၅ သန်း ဝယ်ယူဦးမယ်လို့ ယူဆထားပြီး ရောင်းအားအများဆုံးက Pro နဲ့ Pro Max တို့ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။

Apple Leaker Reveals Three New iPhone 15 Colors

အခုဈေးတက်မယ်ဆိုတဲ့ ခန့်မှန်းချက်ဟာ အမေရိကန်အတွက်ပဲ ဖြစ်ပါတယ်။ ဥရောပနဲ့ အိန္ဒိယမှာ iPhone ဈေးနှုန်းဟာ အမေရိကန်ထက် ပိုများလေ့ရှိပါတယ်။ iPhone 14 Pro ဟာ အမေရိကန်မှာထက် ဥရောပမှာ ၃၀၀ ယူရိုများပြီး Pro Max က ၃၅၀ ယူရို ပိုများပါတယ်။

Ref: gsmarena