Robert Downey Jr. ပါတဲ့ OnePlus 8 Pro ကြော်ငြာ ဗီဒီယိုကို ကုမ္ပဏီက မျှဝေလိုက်ပြီး OnePlus 7 Pro နဲ့ 7T တုန်းကလည်း ဟောလီးဝုဒ်ရဲ့ နာမည်ကျော် မင်းသားကြီးက ရိုက်ကူးပေးခဲ့ပါတယ်။ ဗီဒီယိုဟာ အရမ်း စိတ်လှုပ်ရှားစရာကောင်းပြီး ရီစရာကောင်းပါတယ်။ ကြိုးမဲ့ အားသွင်း နည်းပညာ၊ 5G ၊ ရေစိုခံ စွမ်းရည်တွေ အပါအဝင် OnePlus 8 Pro ရဲ့ စွမ်းရည်တွေ အားလုံးကို ပြသထားပြီး အစိမ်းရောင် မော်ဒယ်ကို မြင်ရပါတယ်။

အဲဒီဖုန်းမှာ ၆.၇၈ လက်မ Fluid AMOLED မျက်နှာပြင်ပါလာပြီး 120Hz Refresh Rate နဲ့ 240Hz Touch Sampling Rate တွေပါတဲ့အတွက် မျက်နှာပြင် တုန့်ပြန်မှုက အရမ်းမြန်ပါတယ်။ အရောင်ထုတ်လုပ်မှု တိကျပြီး HDR10+ ထောက်ပံ့တဲ့အတွက် ရုပ်ထွက် အရမ်းမိုက်မှာပါ။ HDR Boost က 8-bit Content အဟောင်းတွေကို ပိုကောင်းအောင်လုပ်ပေးနိုင်ပါတယ်။ IP68 စံနှုန်းပါတဲ့ OnePlus ရဲ့ ပထမဆုံး ဖုန်း ဖြစ်ပါတယ်။

Warp Charge 30 Wireless က ၃၀ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ Wireless Reverse Charging ပါလာပြီး တခြား ကိရိယာတွေကို ကြိုးမဲ့ အားသွင်းပေးပါတယ်။ ကြိုးနဲ့အားသွင်းတာ ပိုမြန်လာပြီး 30W Warp Charge 30T က ၂၃ မိနစ်အတွင်းမှာ ၅၀ ရာခိုင်နှုန်း အားသွင်းပေးပါတယ်။ 4,510mAh ဘက်ထရီ ထည့်ထားပါတယ်။

အနောက်ဘက်မှာ 48MP ကင်မရာ ၂ လုံး၊ Telephoto ၁ လုံးနဲ့ Assistant ကင်မရာ ၁ လုံး ပါလာပါတယ်။ 48MP Main ကင်မရာက  Single Shot 3-HDR လုပ်ဆောင်ချက် အသစ်ကို သုံးပြီး 4K 60fps ဗီဒီယိုတွေ ရိုက်ကူးနိုင်ပါတယ်။ OIS နဲ့ EIS တွေကို ပေါင်းစပ် အသုံးပြုနိုင်ပါတယ်။ နောက်ထပ် 48MP ကင်မရာဟာ ၁၂၀ ဒီဂရီ မြင်ကွင်းကျယ် ဖြစ်ပြီး 3cm Macro Shot တွေကိုလည်း ရိုက်ကူးပေးနိုင်ပါတယ်။ 8MP Telephoto နဲ့ Color Filter ကင်မရာ ၂ လုံးကို အနောက်ဘက်မှာ အားဖြည့်ထားပါတယ်။ Pop-up မဟုတ်ဘဲ 16MP Punch Hole ဆဲလ်ဖီး ကင်မရာ သုံးထားပါတယ်။

5G ပါသလို  WiFi 6 က 9.6Gbps အထိ ထောက်ပံ့ပြီး WiFi 6 က 7.5Gbps mmWave Connection ထက် ပိုမြန်နေပါတယ်။  OnePlus 8 Pro အတွက် 8/128GB ကို ၈၉၉ ဒေါ်လာ၊ 12/256GB ကို ၉၉၉ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁၂ သိန်း ၇ သောင်းနဲ့ ၁၄ သိန်း ၂ သောင်းလောက် ရှိပါတယ်။ Onyx Black , Glacial Green နဲ့ Ultramarine Blue အရောင်တွေ ထုတ်လုပ်ထားပါတယ်။ Warp Charge 30 Wireless Charger ကို ၇၀ ဒေါ်လာ သတ်မှတ်ထားပြီး မြန်မာငွေ ၁ သိန်းလောက် ရှိပါတယ်။ OnePlus 8 Pro ကို တရားဝင် ဝက်ဘ်ဆိုက်ကနေ ၂၉ ရက်နေ့မှာ စရောင်းမှာပါ။

Ref : gsmarena