အစိုးရနဲ့ ဗဟိုဘဏ်တို့ကြားမှာ သဘောတူညီချက်တစ်ခု ရရှိထားတာကြောင့် မကြာမီမှာ ရုရှားဟာ နိုင်ငံအတွင်း Digital asset ကို ထိန်းညှိဖို့အတွက် ငွေကြေးပုံစံတစ်မျိုးအဖြစ် Cryptocurrency ကိုအသိအမှတ်ပြုလာတဲ့ နောက်ဆုံးနိုင်ငံဖြစ်လာနိုင်တယ်လို့ ပြည်တွင်းမီဒီယာတွေက ခန့်မှန်းနေကြပါတယ်။

“အစိုးရနဲ့ ရုရှားဘဏ်တို့ဟာ ရုရှားနိုင်ငံတွင်းမှာ Cryptocurrencies လည်ပတ်မှုအတွက် အနာဂတ်စနစ်တစ်ခုကို သဘောတူထားပါတယ်” လို့ ဖော်ပြထားပါတယ်။ လာမဲ့ဖေဖော်ဝါရီ ၁၈ ရက်နေ့မတိုင်မီ ရုရှားဖက်ဒရေးရှင်းမှာဒစ်ဂျစ်တယ်ငွေကြေးများလည်ပတ်မှုဆိုင်ရာဥပဒေမူကြမ်းကို ပြင်ဆင်မှာဖြစ်ပြီး Cryptocurrencies ကို Digital financial assets အဖြစ်မဟုတ်ဘဲ analog of currencies အဖြစ် အသိအမှတ်ပြုမယ်လို့ ရုရှားသတင်းစာ Kommersant က ဖော်ပြခဲ့ပါတယ်။

သတင်းအရ တရားရေးကဏ္ဍမှာ Cryptocurrencies ရဲ့ လည်ပတ်မှုဟာ ဘဏ်လုပ်ငန်းစနစ် ဒါမှမဟုတ် လိုင်စင်ရ ကြားခံတွေကတစ်ဆင့် ပြည့်စုံတဲ့အထောက်အထားနဲ့သာ ဖြစ်နိုင်မယ်လို့ သိရပါတယ်။ ဒီမတိုင်ခင်တုန်းကတော့ ရုရှားဗဟိုဘဏ်က Cryptocurrencies ကို ပိတ်ပင်ဖို့ တောင်းဆိုခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီက အဆိုပြုခဲ့တဲ့ တားမြစ်ချက်မှာ Cryptocurrency ရောင်းဝယ်ဖောက်ကားခြင်းနဲ့ Mining အပါအဝင် အသုံးပြုမှုကို တားမြစ်ဖို့ ဖြစ်ပါတယ်။

အကယ်၍ အဆိုပါဥပဒေအသက်ဝင်လာမယ်ဆိုရင် ရုရှားမှာ Cryptocurrencies ကိုပိုင်ဆိုင်ခွင့်သာရှိပြီး၊ အခြားဆက်စပ်လုပ်ဆောင်မှုတွေ ရှိမှာမဟုတ်ဘူးလို့ အစီရင်ခံစာတွေက ဖော်ပြကြပါတယ်။ ရုရှားအာဏာပိုင်တွေဟာ ၂၀၂၀ ပြည့်နှစ်တုန်းက Cryptocurrencies ရဲ့ တရားဝင်တည်ရှိမှုကို အသိအမှတ်ပြုခဲ့ပေမဲ့၊ ပေးချေမှုအဖြစ်အသုံးပြုခွင့်ကိုတော့ ခွင့်ပြုခဲ့ခြင်းမရှိပါဘူး။

Ref: cnbctv18