ရုရှားဟာ ရေနံနဲ့ ဓါတ်ငွေ့တို့လို ကုန်ကြမ်းတွေကို ရောင်းချရာမှာ Bitcoin နဲ့ လက်ခံဖို့ စဉ်းစားနေပါတယ်။ ယူကရိန်းနဲ့ စစ်ပွဲအတွင်းမှာ အနောက်နိုင်ငံတွေဟာ ရုရှားကို စီးပွားရေး ပိတ်ဆို့မှုတွေ ပြုလုပ်လာကြတဲ့အတွက် ရုရှားကလည်း တုန့်ပြန်တဲ့ အနေနဲ့ ကုန်ပစ္စည်း ရောင်းချရာမှာ ရန်သူ နိုင်ငံတွေက ယူရိုနဲ့ ဒေါ်လာတွေကို လက်မခံတော့ပါဘူး။

Bitcoin Cash cryptocurrencies

ယူကရိန်းနဲ့ စစ်ပွဲကြောင့် ရုရှားနဲ့ အနောက်နိုင်ငံတွေကြားမှာ တင်းမာမှု မြင့်မားခဲ့ပါတယ်။ ကျူးကျော်တဲ့ ရုရှားတွေကို ဆုံးမတဲ့ အနေနဲ့ အနောက်နိုင်ငံတွေဟာ စီးပွားရေး ပိတ်ဆို့မှုများစွာကို ပြုလုပ်ခဲ့ပါတယ်။ ရုရှား မီဒီယာများစွာကို ဥရောပမှာ ပိတ်ပင်ခဲ့သလို ရုရှား အစိုးရရဲ့ နိုင်ငံခြား ဘဏ်တွေက ပိုင်ဆိုင်မှုတွေကို Freeze လုပ်ခဲ့ကြပါတယ်။

Bitcoin cryptocurrency coinshares

ရုရှားက လက်စားချေတဲ့ အနေနဲ့ ဓါတ်ငွေ့ကို ယူရို၊ ဒေါ်လာနဲ့ မရောင်းချတော့ပါဘူး။ နေ့ရက် အတိအကျနဲ့ ပြောရရင် မတ်လ ၂၃ ရက်နေ့မှာ သမ္မတ ပူတင်က ရန်သူ နိုင်ငံတွေရဲ့ တရားဝင် ငွေကြေးတွေကို လက်ခံဖို့ ပယ်ချခဲ့ပါတယ်။

ပူတင်က ဥရောပနဲ့ အမေရိကန်ကို ရောင်းချတဲ့ ကုန်ကြမ်းတွေအတွက် ဒေါ်လာနဲ့ ယူရိုတို့ကို လက်ခံရတာ အဓိပ္ပါယ် မရှိတော့ပါဘူးလို့  ကြေညာလိုက်ပါတယ်။ ဒါဟာ ယူကရိန်းကို ကျူးကျော်တဲ့ ဖေဖော်ဝါရီလနှောင်းပိုင်း ကစလို့ တန်ဖိုး ကျဆင်းခဲ့တဲ့ ရုရှား ရူဘယ် ငွေဈေး ပြန်တက်လာအောင် လုပ်ဆောင်တာ ဖြစ်ပါတယ်။

ရုရှားရဲ့ Cryptocurrency ကို စိတ်ဝင်စားလာမှုဟာ အနောက်နိုင်ငံက ဗဟိုဘဏ်တွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ ပူတင်ရဲ့ မိန့်ခွန်း မတိုင်ခင်က ဥရောပ ဗဟိုဘဏ်ရဲ့ ဥက္ကဌ Christine Lagarde က Cryptocurrency ကြောင့် ကမ္ဘာအဝန်းက ရုရှား အပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဟာ လွတ်သွားနိုင်တယ်လို့ ပြောခဲ့ပါတယ်။

Ref : gizchina