ရုရှားရဲ့ လျှပ်စစ်ကား အားသွင်းစက် တချို့ Hack ခံထားရပြီး ပူတင်ကို ဆန့်ကျင်တဲ့ စာသားတွေကို စက်တွေမှာ ဖော်ပြထားတယ်လို့ ရုရှား စွမ်းအင် ကုမ္ပဏီ Rosseti က ပြောပါတယ်။ မော်စကိုနဲ့ စိန့်ပီတာစဘတ်ကိ ဆက်သွယ်ထားတဲ့ M11 ကားလမ်းက လျှပ်စစ်ကား အားသွင်းစက်တွေဟာ အသုံးပြုလို့ မရဘဲဖြစ်နေတယ်လို့ Rosseti က Facebook မှာ ရေးသားထားပါတယ်။

Russian electrical vehicle chargers get hacked: "Putin is a dickhead"

အဲဒီ လျှပ်စစ်ကား အားသွင်းစက်တွေကို ရုရှား ကုမ္ပဏီ ၁ ခုဆီကနေ ဝယ်ယူထားတာ ဖြစ်ပေမယ့် ထိန်းချုပ် စနစ်ကို ယူကရိန်း ကုမ္ပဏီ ၁ ခုက ကိုင်တွယ်နေတာ ဖြစ်ပါတယ်။ AutoEnterprise အမည်ရ ကုမ္ပဏီက အဲဒီ အားသွင်းစက်တွေရဲ့ Backdoor ကို စီမံခန့်ခွဲနေတာ ဖြစ်ပြီး အားသွင်းစက်တွေကို ပိတ်တာနဲ့ Message ပြောင်းလဲတာတွေ ပြုလုပ်နိုင်ပါတယ်။

Hacked electric car charging stations in Russia display 'Putin is a  d*ckhead' and 'glory to Ukraine' - Electrek

အားသွင်းစက်တွေမှာ “ ဝန်ဆောင်မှု မရရှိတော့ပါဘူး။ ယူကရိန်း အောင်မြင်ပါစေ။ သူရဲကောင်းတွေ အောင်မြင်ပါစေ။ “ ဆိုတဲ့ စာသားတွေအပြင် ပူတင်ကို ဆဲဆိုထားတဲ့ စာသားတွေလည်း ရုရှား ဘာသာစကားနဲ့ ဖော်ပြထားပါတယ်။

Rosseti က Hack ခံထားရတဲ့ အားသွင်းစက်တွေကို ယာယီ ပိတ်ထားပြီး ပြန်လည် အသုံးပြုနိုင်မယ့် အကောင်းဆုံးနည်းလမ်းကို စဉ်းစားနေပါတယ်။ အားသွင်းစက်တွေ ပုံမှန် အလုပ်ပြန်လုပ်မယ့် အချိန်ကို မကြေညာထားသေးပါဘူး။

ရုရှား မီဒီယာ တချို့ရဲ့ ဝက်ဘ်ဆိုက်တွေလည်း Hack ခံထားရပြီး အဲဒီထဲမှာ TASS သတင်းအေဂျင်စီ ပါဝင်ကာ စစ်ဆန့်ကျင်ရေး စာသားတွေကို ဝက်ဘ်ဆိုက်မှာ ရေးသားထားပါတယ်။

Ref : newshub