Zawgyi
Ref: theverge
Unicode
မျက်လုံးနဲ့ ထိန်းချုပ်နိုင်မယ့် Drone အတွက် မူပိုင်ခွင့်ရရှိပြီ ဖြစ်တဲ့ Samsung
ဒီနေ့မှာတော့ တောင်ကိုရီးယားနိုင်ငံ အခြေစိုက် အီလက်ထရောနစ် ကုမ္ပဏီကြီး ဖြစ်တဲ့ Samsung ရဲ့ မူပိုင်ခွင့် မှတ်ပုံတင် တစ်ခုဟာ LetsGoDigital ကနေ တဆင့် ပေါက်ကြားခဲ့တာ ဖြစ်ပါတယ်။ မူပိုင်ခွင့် မှတ်ပုံတင်အရ Device ရဲ့ အလယ်တည့်တည့်မှာ Display ပါဝင်ပြီး ထောင့် ၄ထောင့်မှာ ပန်ကာ တစ်ခုစီ ပါဝင်တဲ့အတွက် Drone တစ်ခု ဖြစ်နိုင်တယ်လို့ ခန့်မှန်း ပြောဆိုထားပါတယ်။ Samsung ကတော့ Flying Display Device လို့ ကင်ပွန်းတပ်ထားပါတယ်။ အဲ့ဒီ Drone ဟာ ကင်မရာ တစ်လုံး ပါဝင်နိုင်ဖွယ် ရှိပြီး လူတစ်ယောက်ရဲ့ မျက်နှာ အမူအရာနဲ့ လက်လှုပ်ရှားမှု ဟန်ပန် မူရာများကို ဖတ်ရှု့နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မူပိုင်ခွင့် မှတ်ပုံတင်ရဲ့ ဖော်ပြချက်များအရ Drone မှာ ပါဝင်တဲ့ နည်းပညာက မျက်လုံး၊ ဦးခေါင်း၊ လက် နဲ့ လက်ချောင်းလေးတွေရဲ့ လှုပ်ရှားမှု ဟန်ပန် အမူအရာတို့ကို ကြည့်ပြီး ၄င်းရဲ့ ပိုင်ရှင်ကို အချိန်နဲ့ တပြေးညီ ခြေရာခံနိုင်မှာ ဖြစ်ပါတယ်။
Drone ရဲ့ Speed နဲ့ သွားလိုတဲ့ လမ်းကြောင်းတွေကိုတော့ ဦးခေါင်း၊ မျက်လုံး၊ လက်လှုပ်ရှားမှုတွေနဲ့ ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Drone ရဲ့ ပိုင်ရှင်က ပုံမှန်အတိုင်း သွားလာလှုပ်ရှားနေတယ် ဆိုရင်တောင် ၄င်းရဲ့ သခင်ရှိရာကို အော်တိုမက်တစ် လိုက်ပြီး ခြေရာခံနေမှာ ဖြစ်ပါတယ်။
Figure 3 က Device ရဲ့ ဘေးဘက် မြင်ကွင်း ပုံဖြစ်ပြီး Drone ရဲ့ ဟန်ချက်ကို ထိန်းပေးနိုင်တဲ့ Joint Manipulator တစ်ခု ပါဝင်တာကို တွေ့ရမှာပါ။ ဒါ့အပြင် လေးဘက် လေးတန်မှာ ရှိတဲ့ Quad-rotor တွေက အသေတပ်ဆင်ထားတာ မဟုတ်တဲ့အတွက် ပုံစံအမျိူးမျိူး ပြောင်းပြီး အသုံးပြုနိုင်ဖွယ် ရှိပါတယ်။ မူပိုင်ခွင့်ရဲ့ ဖော်ပြချက်တွေအရ Flying Display Device မှာ Gyroscope Sensor, Motion Sensor, Vibration System, နဲ့ Accelerometer တို့ ပါဝင်မှာ ဖြစ်ပါတယ်။ ၄င်း Sensor တွေအပြင် Voice Recognition လုပ်ဆောင်နိုင်စွမ်းတွေ၊ GPS နဲ့ Wi-Fi-based Positioning System တို့လဲ ပါဝင်နိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်း ပြောဆိုထားပါတယ်။ Samsung အနေနဲ့ Flying Display Device ရဲ့ မူပိုင်ခွင့် မှတ်ပုံတင်အတွက် ၂၀၁၆ခုနှစ် ဇန်နဝါရီ ၃ရက်က လျှောက်ထားခဲ့တာ ဖြစ်ပြီး ၂၀၁၈ခုနှစ် ဖေဖော်ဝါရီ ၁၃ရက်နေ့မှာ ခွင့်ပြုချက်ရရှိခဲ့တာ ဖြစ်ပါတယ်။
Figure 4 ကလဲ ပန်ကာတွေရဲ့ တွန်းကန်အားကို ထိန်းပေးတဲ့ Joint Manipulators (113) ကို တွေ့မြင်နိုင်မယ့် ဘေးဘက် မြင်ကွင်းပုံ ဖြစ်ပါတယ်။ Display ရဲ့ ထောင့်မှာတော့ ပျံသန်းနိုင်ချိန်ကို ပြသပေးမယ့် မိနစ် ကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။ ပျံသန်းနေချိန်မှာလဲ အတားအဆီးဖြစ်နေတဲ့ အရာတွေကို အော်တိုမတ်တစ် ရှောင်ရှားသွားနိုင်ဖွယ် ရှိတယ်လို့ သိရပါတယ်။
Drone တွေ တီထွင်ထုတ်လုပ်မှုဘက်ကို မြှားဦးလှည့်လာတာတဲ့ ကုမ္ပဏီဟာ Samsung တစ်ခုဘဲလားဆိုရင်။ မဟုတ်ပါဘူး။ တစ်ဖက်မှာလည်း Amazon က အရေးပေါ် အနေအထားမှာ ကိုယ့်ကိုကိုယ် ဖျက်ဆီးပြစ်ပြီး Suicide လုပ်နိုင်တဲ့ Drone တွေကို ထုတ်လုပ်ဖို့ မူပိုင်ခွင့် ရရှိပြီး ဖြစ်တယ်လို့ သိရပါတယ်။
Ref: theverge