Samsung က Galaxy A13 5G ကို ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကြေညာခဲ့ပြီး အခုတော့ 4G Version ကို ပွဲထုတ်လိုက်ပါတယ်။ အဲဒီ ဖုန်း ၂ လုံးမှာ ကွဲပြားခြားနားချက်များစွာရှိပြီး 4G မှာ Android 12 အခြေပြု One UI 4.1 ထည့်သွင်းထားပါတယ်။ Exynos 850 Chipset မောင်းနှင်ထားပြီး 3, 4, 6GB RAM နဲ့ 32, 64, 128GB Storage တွေ ထုတ်လုပ်ထားကာ microSD Card စိုက်နိုင်ပါတယ်။ ပလတ်စတစ် ကိုယ်ထည်နဲ့ တည်ဆောက်ထားပြီး အရွယ်အစား အပြည့်အစုံက 165.1 x 76.4 x 8.8 mm ရှိကာ အလေးချိန်က ၁၉၅ ဂရမ် ဖြစ်ပါတယ်။

အရှေ့ဘက်မှာ ၆.၆ လက်မ LCD 1080x2408p မျက်နှာပြင် တပ်ဆင်ထားပြီး 60Hz Refresh Rate ထောက်ပံ့ထားပါတယ်။ နှိုင်းယှဉ်ရရင် 5G မော်ဒယ်မှာ ၆.၅ လက်မ 720x1600p 90Hz မျက်နှာပြင် ထည့်သွင်းထားတာ ဖြစ်ပြီး 4G မော်ဒယ်မှာ Gorilla Glass 5 နဲ့ ကာကွယ်ထားပါတယ်။

Infographics: Samsung Galaxy A13

အရှေ့ဘက်မှာ 5MP အစား 8MP ဆဲလ်ဖီး ကင်မရာ တပ်ဆင်ထားပြီး အနောက်ဘက်မှာ 50MP Main , 5MP Ultrawide , 2MP Macro နဲ့ 2MP Depth ကင်မရာ ၄ လုံး ထည့်သွင်းထားပါတယ်။ အရှေ့နဲ့ အနောက် ကင်မရာတွေက 1080p Video တွေ ရိုက်ကူးနိုင်ပါတယ်။

Galaxy A13 4G မှာ နားကြပ်ပေါက် တပ်ဆင်ထားပြီး 25W Fast Charging ထောက်ပံ့တဲ့ 5,000mAh ဘက်ထရီ ပါပါတယ်။ 4/64GB ကို ၁၉၀ ယူရို၊ 4/128GB ကို ၂၁၀ ယူရို သတ်မှတ်ထားပြီး မြန်မာငွေ ၃၇၀,၀၀၀ နဲ့ ၄၁၀,၀၀၀ ဝန်းကျင် ကျသင့်မှာပါ။

Ref : gsmarena